ဗီယက်နမ် ခေါင်မိုးဆိုလာဓာတ်အားပေးစနစ်များ ဖွံ့ဖြိုးတိုးတက်ရန် ADB ဒေါ်လာ ၁၃.၈ သန်း ချေးငွေ ပေးအပ်


18 September, 2023

ဗီယက်နမ် ခေါင်မိုးဆိုလာဓာတ်အားပေးစနစ်များ ဖွံ့ဖြိုးတိုးတက်ရန် ADB ဒေါ်လာ ၁၃.၈ သန်း ချေးငွေ ပေးအပ်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

GreenYellow သည် ပြင်သစ်မှ စွမ်းအင် ကူးပြောင်းရေး မိတ်ဖက် လုပ်ငန်းဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုမဲ့  နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အား ထုတ်လုပ်မှုကို အထူးပြုလုပ်ကိုင်သည်။ စွမ်းအင် ထိရောက်စွာ ရယူရေး၊ စွမ်းအင် သိုလှောင်ရေး၊ အခြေအနေ အရပ်ရပ် မျက်ခြည်မပြတ် စောင့်ကြည့်ရေးတို့ကို လုပ်ဆောင်ပေးပါသည်။ ဗီယက်နမ်တွင် ၂၀၁၉ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါသည်။

GreenYellow ၏ ဗီယက်နမ် လုပ်ငန်းခွဲ GreenYellow Smart Solutions Vietnam Co. Ltd. သို့ ချေးငွေ ကန်ဒေါ်လာ ၁၃.၈ သန်း ပေးအပ်ရန် သဘောနူညီချက်ကို အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB) က လက်မှတ်ရေးထိုးခဲ့ပါသည်။
၎င်းချေးငွေဖြင့် GreenYellow က လျှပ်စစ်စွမ်းအင်ကို လုပ်ငန်းသုံးအဖြစ် စီးပွားဖြစ် ထုတ်လုပ်နိုင်အောင် အမိုး photovoltaic (PV) ဆိုလာပါဝါစနစ်များ ဖွံ့ဖြိုးရေးကို ဗီယက်နမ်တွင် အကောင်အထည်ဖော်မည် ဖြစ်ပါသည်။  
ဓာတ်အား မလုံလောက်သည့် ဗီယက်နမ်တွင် အမိုး ဆိုလာစွမ်းအင်က‌‌ဏ္ဍသည် ကဏ္ဍအသစ် ဖြစ်ပါသည်။ ဤကဏ္ဍသည် စတင်ရန် ကုန်ကျစရိတ်များ မြင့်မားနေပြီး ဘဏ်ချေးငွေ လိုသလောက် မရနိုင်သဖြင့် ဖွံ့ဖြိုးမှု နှေးကွေးသဖြင့် ADB က ချေးငွေစီစဉ်ပေးခြင်း ဖြစ်ပါသည်။

Source tuoitrenews

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 278 times