တရုတ်နှင့် အိန္ဒိယ၂၀၂၃ တွင် စီးပွားရေး ကြီးထွားနှုန်း အားကောင်းမည်ဟု ADB ကြိုတင်ခန့်မှန်း


12 April, 2023

တရုတ်နှင့် အိန္ဒိယ၂၀၂၃ တွင် စီးပွားရေး ကြီးထွားနှုန်း အားကောင်းမည်ဟု ADB ကြိုတင်ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကပ်ရောဂါဘေးမှ တရုတ်နိုင်ငံ၏ ပြန်လည်နာလန်ထ ကောင်းမွန်လာခြင်းနှင့် အိန္ဒိယနိုင်ငံတွင် ခိုင်မာသော ဝယ်လိုအား ရှိနေခြင်းသည် ယခုနှစ်အတွင်း အာရှတွင် ခိုင်မာသောစီးပွားရေး ကြီးထွားမှုကို တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက်  ADB ၏ နောက်ဆုံးအစီရင်ခံစာတွင် အာရှစီးပွားရေးသည် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် ၄.၈ ရာခိုင်နှုန်း ကြီးထွားမည်၊  ၂၀၂၂ ခုနှစ် ကြီးထွားနှုန်း  ၄.၂ ရာခိုင်နှုန်းထက် ပိုများမည်ဟု ခန့်မှန်းထားသည်။

ငွေကြေးဖောင်းပွမှုသည် ယခုနှစ်တွင် အနည်းငယ် လျော့ကျလာပြီး ၂၀၂၄ တွင် ပိုမိုကျဆင်းနိုင်သည်ဟု ၎င်းက ဆိုသည်။

 ရေနံစိမ်း ထုတ်လုပ်မှုကို မေလမှစ၍ နှစ်ကုန်အထိ တစ်ရက် စည် ၁.၁၅ သန်း လျှော့ချထားရန် အိုပက်က ဆုံးဖြတ်ချက် ချထားခြင်းသည်  ရေနံစျေးနှုန်းများ သိသိသာသာ မြင့်မားလာကာ ငွေကြေးဖောင်းပွမှု  ပြန်လည်မြင့်တက်လာနိုင်ပြီး ဒေသတွင်း စိန်ခေါ်မှုများကို တိုးလာစေနိုင်ကြောင်း ADB မှ စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။

သို့သော် ရုရှားရေနံစိမ်းများ အာရှသို့ ပိုမိုတင်ပို့နေသည်။
အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ တူရကီတို့က ရုရှားရေနံစိမ်းကို ယခင်ကထက် ပိုမိုတင်သွင်းနေကြသည်။  ၂၀၂၃ ဖေဖော်ဝါရီလတွင် ရုရှားရေနံစိမ်း တင်ပို့မှု၏ သုံးပုံတစ်ပုံသည် အိန္ဒိယသို့ ရောက်ရှိခဲ့သည်။ ငါးပုံတစ်ပုံသည် တရုတ်သို့ ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ အာရှတွင် ရေနံစိမ်း ဈေးမြင့်တက်ခြင်း သက်သာနေစေမည် ဖြစ်သည်။

Brent ရေနံစိမ်းဈေးနှုန်းသည် ယခုနှစ်တွင် ပျမ်းမျှ တစ်စည် $88 ဖြစ်လိမ့်မည်။ ၂၀၂၄ တွင် $90 ဖြစ်လိမ့်မည်ဟု ADB မှ ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၅ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ADB က ခန့်မှန်းထားသည်။ ယမန်နှစ်က ၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ 

အိန္ဒိယ၏ စီးပွားရေးသည် ယခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း ကြီးထွားမည်ဟု မျှော်လင့်ရသည်။ ၂၀၂၁ တွင် ၉.၁ ရာခိုင်နှုန်း ရှိခဲ့သည်ထက် နှေးသွားသည်။ ယမန်နှစ်က ၆.၈ ရာခိုင်နှုန်း ရှိခဲ့သည်ထက်လည်း လျော့ကျသည်။
  *
 ဗီယက်နမ်သည် ယခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း ကြီးထွားမည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က ၈ ရာခိုင်နှုန်းထက် လျော့ကျသွားသည်။ သို့သော် အရှေ့တောင်အာရှ ပျမ်းမျှ ကြီးထွားနှုန်း ၄.၇ ရာခိုင်နှုန်းထက် ပိုများသည်။ ၂၀၂၄ တွင် ၅ ရာခိုင်နှုန်း ကြီးထားမည်ဟု ခန့်မှန်းထားသည်။ 
အိမ်ခြံမြေကဏ္ဍ နှေးနေပြီး ပို့ကုန်ကဏ္ဍ အားနည်းနေသည်ကို ကုစားရန် ဗဟိုဘဏ်က အတိုးနှုန်း စတင်လျှော့ချပေးနေသည်။

 ချစ်ပ်များ ၀ယ်လိုအား ကျဆင်းမှုသည် ထိုင်ဝမ်၊ စင်ကာပူနှင့် တောင်ကိုရီးယား ကဲ့သို့သော အဓိက ချစ်ပ်ပို့ကုန်လုပ်ငန်း နိုင်ငံများအတွက် အလားအလာ ထိခိုက်စေသည်ဟု အစီရင်ခံစာက ဆိုသည်။
World Semiconductor Trade Statistics က ကမ္ဘာ့ဈေးကွက်တွင် ချစ်ပ်ရောင်းအား ယခုနှစ်မှာ ယမန်နှစ်ထက် ၄.၁ ရာခိုင်နှုန်း လျော့ကျမည်ဟု ခန့်မှန်းထားသည်။ ဝယ်လိုအား ယခုနှစ် အနှောင်းပိုင်းကျမှ ပြန်ကောင်းလာနိုင်သည်ဟု ခန့်မှန်းသည်။
Source ADB
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 246 times