တရုတ်အိမ်ခြံမြေကဏ္ဍ ချည့်နဲ့နေခြင်းက  ဖွံ့ဖြိုးဆဲ အာရှ စီးပွားရေး ကြီးထွားမှုအပေါ် လေးလံနေဟု ADB ပြေ


20 September, 2023

တရုတ်အိမ်ခြံမြေကဏ္ဍ ချည့်နဲ့နေခြင်းက  ဖွံ့ဖြိုးဆဲ အာရှ စီးပွားရေး ကြီးထွားမှုအပေါ် လေးလံနေဟု ADB ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် အားချည့်နဲ့နေခြင်းနှင့် အယ်လ်နီညို ဆက်စပ်အန္တရာယ်များသည် အာရှဒေသဆိုင်ရာ အလားအလာများအပေါ် တိမ်အုံ့မှိုင်းနေခြင်းကြောင့် ယခုနှစ်တွင် ဖွံ့ဖြိုးဆဲ အာရှ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်မျှော်မှန်းထားသည်ထက် အနည်းငယ် လျော့ကျသွားမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဗုဒ္ဓဟူးနေ့(စက်တင်ဘာ ၂၀)တွင် ပြောကြားသည်။

ADB သည်  အာရှ ဒေသဆိုင်ရာ စီးပွားရေး အလားအလာကို အချိန်နှင့်တပြေးညီ ချိန်ညှိပေးရာ၌ ဖွံ့ဖြိုးဆဲ အာရှအတွက် ၂၀၂၃ ခုနှစ် တိုးတက်မှုကို ဇူလိုင်လတွင် ၄.၈% ဟု ခန့်မှန်းချက် ပေးထားသည်ကို ၄.၇% သို့ လျှော့ချလိုက်သည်။

သို့သော် အာရှ-ပစိဖိတ်ဒေသရှိ ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ မပါဝင်သည့် နိုင်ငံ့ စီးပွားရေး ၄၆ခု ပါဝင်သော နိုင်ငံအုပ်စုအတွက် လာမည့်နှစ် တိုးတက်မှုခန့်မှန်းချက်ကို ယခင်က ၄.၇% မှ ယခု ၄.၈% သို့ အနည်းငယ် တိုးမြှင့်ပြင်ဆင်ထားသည်။


"ပို့ကုန်ဖြင့် စီးပွားရေး ကြီးထွားအောင် လုပ်ဆောင်ခြင်းအပေါ် အဟန့်အတား ဖြစ်စေတဲ့ ပြည်ပမှ ဝယ်လိုအားများ လျော့ကျနေသော်လည်း အတော်အားတောင့်တင်းတဲ့ ပြည်တွင်း သုံးစွဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ်  အခြေခံပြီး ဒေသတွင်း ကြံ့ကြံ့ခံနိုင်တဲ့ ခံနိုင်ရည်ရှိတဲ့ တိုးတက်မှုကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်" ဟု ADB မှ စီးပွားရေးပညာရှင် အကြီးအကဲ Albert Park က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ADB သည် ယခုနှစ်တွင် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှတို့အတွက် ၎င်း၏ တိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချခဲ့ပါသည်။ ယခင် ဇူလိုင်လ အစီရင်ခံစာတွင် တရုတ် ကြီးထွားနှုန်း ၅% ၊ အိန္ဒိယ ကြီးထွားနှုန်း ၆.၄% ဟု ခန့်မှန်းခဲ့ပါသည်။ ယခု စက်တင်ဘာလတွင် တရုတ် ကြီးထွားနှုန်း ၄.၉% ၊ အိန္ဒိယ ကြီးထွားနှုန်း ၆.၃% ဟု ခန့်မှန်းသည်။
 

တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ အကျပ်အတည်းသည် ဒေသတွင်းတိုးတက်မှုကို ဆွဲချနေပြီး ကျဆင်းသွားနိုင်သည့် အန္တရာယ်ရှိသည်ဟု ADB က ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အခြေစိုက် ADB သည် တရုတ်နှင့် အိန္ဒိယအတွက် ၂၀၂၄ ခုနှစ် ကြီးထွားမှု ခန့်မှန်းချက်ကိုမူ မပြောင်းလဲပါ။ တရုတ် ကြီးထွားနှုန်း ၄.၅% ၊ အိန္ဒိယ ကြီးထွားနှုန်း ၆.၇% ဟု ဆက်လက်ထားရှိသည်။
ဖွံ့ဖြိုးဆဲအာရှတွင် ငွေကြေးဖောင်းပွမှု ဖိအားများ ကျဆင်းလျက်ရှိပြီး ကြီးထွားမှု တောင့်တင်းနေသော်လည်း စားနပ်ရိက္ခာဖူလုံမှု အပါအဝင် ဒေသတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာကို အစိုးရများက နိုးနိးကြားကြားဖြင့် သတိထားရန် လိုအပ်သည်ဟု Park က ဆိုသည်။

 ဖွံ့ဖြိုးဆဲအာရှတွင် ငွေကြေးဖောင်းပွမှုသည် ယမန်နှစ်က ၄.၄% မှ ယခုနှစ်တွင် ၃.၆% သို့ လျော့ကျနိုင်မည်ဟု ခန့်မှန်းထားသည်။ နောက်နှစ် ၂၀၂၄ တွင် ထပ်လျော့ကျမည် ဖြစ်ပြီး ၃.၅% ဟု ခန့်မှန်းထားသည်။
Source ADB

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 469 times