ကမ္ဘာ့ပထမဆုံး 3D ပရင့်ထုတ် ဒုံးပျံ Terran 1


23 March, 2023

ကမ္ဘာ့ပထမဆုံး 3D ပရင့်ထုတ် ဒုံးပျံ Terran 1

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့ပထမဆုံး 3D ပရင့်ထုတ် ဒုံးပျံသည် ထုတ်လုပ်ရန် စရိတ်စကနှင့် ပျံသန်းရန်အတွက် ကုန်ကျစရိတ် သက်သာပါသည်။
ကမ္ဘာ့ပထမဆုံး 3D ပရင့်ထုတ် ဒုံးပျံဖြစ်သည့်  မောင်းသူမဲ့ ဒုံးပျံ Terran 1 လွှတ်တင်သည့် အခြေစိုက် စခန်းမ‌ှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်  Cape Canaveral တွင် တည်ရှိသည်။ 
အဆိုပါဒုံးပျံကို ကယ်လီဖိုးနီးယားမှ ပုဂ္ဂလိကပိုင် အာကာသလုပ်ငန်းသည့် Relativity Space က တည်ဆောက်ပါသည်။
ဒုံးပျံ Terran 1 ကို ကမ္ဘာပတ်လမ်း အနိမ့်သို့ စေလွှတ်မည် ဖြစ်သည်။ 3D-printed ဒုံးပျံသည် လွှင့်တင်မှုနှင့် အာကာသပျံသန်းမှုတို့အတွက် ခံနိုင်ရည်ရှိကြောင်း မှတ်ကျောက်တင်မည် ဖြစ်သည်။ 
Terran 1 သည် ပထမဆုံး ပျံသန်းမှုအတွက် ဝန်ဆောင်ခဖြင့် ပို့ဆောင်သည့် ကုန်စည် သယ်ဆောင်မည် မဟုတ်ပါ။
ဒုံးပျံသည် အလေးချိန် ၂,၈၅၅ ပေါင် (၁,၂၅၀ ကီလိုဂရမ်) အထိ ကမ္ဘာပတ်လမ်း အနိမ့်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်စွမ်း ရှိပါသည်။

ဒုံးပျံသည် အမြင့် ၁၁၀ ပေ (၃၃.၅ မီတာ) ရှိပြီး အချင်း ၇.၅ ပေ (၂.၂ မီတာ) ရှိသည်။

အလေးချိန် စုစုပေါင်း၏ ရှစ်ဆယ့်ငါးရာခိုင်နှုန်းကို သတ္တုစပ်ဖြင့် 3D ပရင့်ထုတ်ထားသည်။
ပထမအဆင့် တွန်းကန်အားအတွက် Aeon 1 အင်ဂျင် ၉ လုံး တပ်ဆင်ထားသည်။ ဒုတိယအဆင့်အတွက် Aeon Vacuum အင်ဂျင် တစ်လုံး တပ်ဆင်ထားသည်။
ကမ္ဘာ့အကြီးဆုံး 3D သတ္တုပရင့်တာဖြင့် ကမ္ဘာ့အကြီးဆုံး 3D ပရင့်ထုတ် ထုတ်ကုန်ကို ထုတ်လုပ်ထားသည်။
Relativity ၏ ရည်မှန်းချက်မှာ ၉၅ ရာခိုင်နှုန်း 3D ပရင့်ထုတ်ထားသော ဒုံးပျံကို ထုတ်လုပ်ရန်ဖြစ်သည်။

Terran 1 ကို အောက်ဆီဂျင်အရည်နှင့် သဘာဝဓာတ်ငွေ့အရည်သုံး အင်ဂျင်များဖြင့် မောင်းနှင်သည်။
United Launch Alliance မှ ထုတ်လုပ်သည့် Vulcan ဒုံးပျံ နှင့် SpaceX ၏ Starship တို့သည်လည်း ၎င်းလောင်စာဆီကို အသုံးပြုသည်။

Relativity သည် ပိုကြီးသော ဒုံးပျံတစ်ခုကို လည်း တည်ဆောက်‌သည်။ Terran R ဟု အမည်ပေးထားပြီး ကုန်အလေးချိန် ပေါငါ ၄၄,၀၀၀ (၂၀,၀၀၀ ကီလိုဂရမ်) ကို ကမ္ဘာ့ပတ်လမ်း အနိမ့်သို့ ပို့ဆောင်နိုင်သည့် ဒုံးပျံ ဖြစ်သည်။
Terran R သည်  အပြည့်အဝ ပြန်လည်သုံးစွဲနိုင်အောင် ဒီဇိုင်းထုတ်ထားသည်။ နောက်နှစ်တွင် လွှတ်တင်မည် ဖြစ်သည်။

ယခုအခါ လွှတ်တင်လိုသည့် ဂြိုဟ်တုများက များပြားနေပြီး ပို့ဆောင်ပေးမည့် ဒုံးပျံက နည်းပါးနေသည်။ ဒုံးပျံမှာ နေရာရဖို့ စောင့်နေကြရသည်။

Relativity Space က ဒုံးပျံတစ်စင်းကို ရက်ပေါင်း ၆၀ ဖြင့် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။
 ဂြိုဟ်တုများ ပို့ဆောင်ပေးရန် ကန်ထရိုက် ကန်ဒေါ်လာ ၁.၆၅ ဘီလီယံဖိုး ရရှိထားပြီး အများစုကို Terran R ဖြင့် ပို့ဆောင်ပေးမည် ဖြစ်သည်ဟု Relativity Space ကို ၂၀၁၅ ခုနှစ်တွင် ပူးတွဲတည်ထောင်သူနှင့် လက်ရှိ စီအီးအို Tim Ellis က ပြောကြားပါသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 241 times