ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ရပ်နားထားသည့် တက္ကနဖ် ကုန်းတွင်းဆိပ်ကမ်း ပြန်လည် စတင်လည်ပတ်


07 December, 2023

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ရပ်နားထားသည့် တက္ကနဖ် ကုန်းတွင်းဆိပ်ကမ်း ပြန်လည် စတင်လည်ပတ်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ တက္ကနဖ် ကုန်းတွင်းဆိပ်ကမ်းမှတစ်ဆင့် သွင်းကုန် တင်သွင်းမှုများကို ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် သုံးပတ်ကြာ ရပ်နားထားပြီးနောက် ပြန်လည်စတင်နေပြီဖြစ်သည်။

ချင်းတန်ချိန် ၃၀၊ ငါးတန်ချိန် ၁၀၀၊ အုန်း ၅၅ တန်နှင့် ကွမ်းသီး ၂၅၂ တန်တို့ ပါရှိသည့် သင်္ဘောငယ် လေးစင်းသည် အင်္ဂါနေ့ (ဒီဇင်ဘာ ၅)အစောပိုင်းက ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း ဆိပ်ကမ်း၏ အကောက်ခွန်အရာရှိ ASM Mosharraf Hossain ၏ ပြောကြားချက်အရ သိရသည်။

အခွန်များ ပေးသွင်းပြီးပါက ကုန်ချသည့် လုပ်ငန်းပိုင်း စတင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

United Land Port Teknaf ၏ မန်နေဂျာ Mohammad Jashim Uddin က ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းမှ ရောက်ရှိလာကြောင်း ပြောကြားသည်။

ချင်း၊ အုန်း၊ ငါးနှင့် ကွမ်းသီး တန်ချိန် ရာနှင့်ချီ၍ စစ်တွေဆိပ်ကမ်းတွင် ပိတ်မိနေဆဲဖြစ်ကြောင်း ကုန်စည်တင်သွင်းသူ အိုမာ ဖာရွတ်က ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်ကတည်းက တင်သွင်းမှုများ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
“၂၁ ရက် ပိတ်ထားပြီးချိန်မှာ  ဂျင်းတွေက ပုပ်သွားတယ်။ ကုန်သည်တွေက အရှုံးနဲ့ရင်ဆိုင်ရလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။


ယခင်ဖော်ပြချက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ တက္ကနဗ်ကုန်တွင်းဆိပ်ကမ်း မြန်မာကုန်စည်စီးဆင်းမှု လုံးဝရပ်ဆိုင်း
https://www.industrialdirectory.com.mm/article/trade-halted-at-teknaf-port.html



Source bdnews24
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Export, Import Read 261 times