ဗဟိုဘဏ် သတ်မှတ်နှုန်းထားဖြင့် ကျပ်ငွေ လဲလှယ်ရမည့် ပို့ကုန်ရငွေ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်


07 December, 2023

ဗဟိုဘဏ် သတ်မှတ်နှုန်းထားဖြင့် ကျပ်ငွေ လဲလှယ်ရမည့် ပို့ကုန်ရငွေ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဗဟိုဘဏ် သတ်မှတ်နှုန်းထားဖြင့် ကျပ်ငွေ လဲလှယ်ရမည့် ပို့ကုန်ရငွေ ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ‌ကြေညာချက်ကို ဖော်ပြအပ်ပါသည်။



 မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် ၂၆ /၂ဝ၂၃
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်
(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

 ‎‫ال‬‎ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၁၃-၇- ၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၂၃) ဖြင့် သတ်မှတ်ခဲ့ပါသည်။

၃။ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်။

၄။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

၅။ ဤအမိန့်ကြော်ငြာစာအား လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။

 


ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ကျပ်ငွေလဲရန် ဗဟိုဘဏ် ထုတ်ပြန်ကြေညာ
ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၁၅ /၂၀၂၃

https://www.industrialdirectory.com.mm/article/cbm-export-earning.html


ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ  မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်
https://www.industrialdirectory.com.mm/article/65-percent-only.html

 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 338 times