ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ ဇူလိုင် ၃၁ ရက်အထိ အခမဲ့ သက်တမ်းတိုးခွင့် ရရှိ


30 May, 2023

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ ဇူလိုင် ၃၁ ရက်အထိ အခမဲ့ သက်တမ်းတိုးခွင့် ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံတွင် ဗီဇာ ကိစ္စ မပြီးပြတ်သေးသော ရွှေ့ပြောင်းအလုပ်သမားများသည် ဇူလိုင် ၃၁ ရက်အထိ အခမဲ့ သက်တမ်းတိုးခွင့် ရရှိမည်။

အလုပ်ဗီဇာသက်တမ်းကုန်သွားသော ရွှေ့ပြောင်းအလုပ်သမားများ၊  နေရပ်မပြန်နိုင်သော  ရွှေ့ပြောင်းအလုပ်သမားများ ၅၀၀,၀၀၀ နှင့်အထက်ကို ဇူလိုင်လကုန်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။

 ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင် နေထိုင်လျက်ရှိသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် ၄ နိုင်ငံတို့မှ  အလုပ်သမား ၅၀၀,၀၀၀ ခန့်အတွက် အလုပ်အကိုင်ကာလကို တိုးမြှင့်ပေးရန်  အိမ်စောင့်အစိုးရအဖွဲ့က အင်္ဂါနေ့ (မေ ၃၀)တွင် ဆုံးဖြတ်ခဲ့သည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ဤသက်ညှာမှုသည် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအုပ်စု ၂ စုအပေါ် သက်ရောက်မှုရှိမည်ဟု ပြောကြားခဲ့သည်။


• ပထမအုပ်စုသည် လေးနှစ်ကြာ နားလည်မှုစာချွန်လွှာ (MoU) အရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့မှ  ၂၀၀,၀၀၀ ခန့် ပါဝင်ပါသည်။
၎င်းတို့၏ အလုပ်အကိုင် ကာလများသည် ယမန်နှစ်ကတည်းက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး ယခုနှစ် ဇူလိုင်လတွင် နောက်ဆုံး ကုန်ဆုံးမည်ဖြစ်သည်။
Covid-19 အခြေအနေနှင့်  နိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ၎င်းတို့၏ အလုပ်ဗီဇာ ကုန်ဆုံးပြီးနောက် အိမ်ပြန်မရ ဖြစ်နေကြသည်။

• ဒုတိယအုပ်စုတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမား ၃၀၀,၀၀၀ ခန့် ပါဝင်သည်။ ၎င်းတို့အား ယာယီခရီးသွားလာခွင့်ဖြင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
 မေလ ၁၅ ရက် နောက်ဆုံးထား၍ ဗီဇာတုံး ထုရန်  ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို  အချိန်မီ မထုတ်ပေးသောကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်သွားရသည်။
ထို့ကြောင့် အဆိုပါအလုပ်သမား ၃၀၀,၀၀၀ အား နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို ဆိုင်းငံ့ထားကာ ဇူလိုင် ၃၁ ရက်အထိ နေထိုင်လုပ်ကိုင်ခွင့်ပြုရန်  အလုပ်သမားဝန်ကြီးဌာန၏ အဆိုပြုချက်ကိုဘအစိုးရအဖွဲ့က သဘောတူညီခဲ့သည်။
နိုင်ငံကူးလက်မှတ် ရရှိပြီးပါက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ဗီဇာတံဆိပ်တုံးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်အထိ ၎င်းတို့၏ အလုပ်အကိုင်ဆိုင်ရာ စာချုပ်များပေါ်မူတည်၍ ရရှိမည်ဖြစ်သည်။

Labour Affairs Read 226 times