ကျွမ်းကျင်လုပ်သားများအတွက် တောင်ကိုရီးယားက ဗီဇာများ ထောင်ချီထုတ်ပေးသွားမည်


28 June, 2023

ကျွမ်းကျင်လုပ်သားများအတွက် တောင်ကိုရီးယားက ဗီဇာများ ထောင်ချီထုတ်ပေးသွားမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


.
 စက်မှုလုပ်ငန်းများသည် အလုပ်သမားရှားပါးမှုကို ဆောင်ရွက်‌ဖြေရှင်းပေးပါရန် အစိုးရကို ပန်ကြားထားသည်။
.
တောင်ကိုရီးယားသည် လုပ်သားမရသည့် အကျပ်အတည်းကြုံနေရသည့် ကုမ္ပဏီများကို ကူညီပေးရန်အတွက် ကျွမ်းကျင်လုပ်သားများအတွက် နှစ်စဉ် ဗီဇာခွဲတမ်းကို လွန်ခဲ့သည့်နှစ်က  ၂,၀၀၀ မှ ယခုနှစ်တွင် ၃၀,၀၀၀ ကျော်အထိ တိုးမြှင့်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီး Han Dong-hoon က ဗုဒ္ဓဟူးနေ့ (ဇွန်လ ၂၈)မှာ ပြောကြားသည်။
.
အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေး တောင်ကိုရီးယားတွင် ကော်လာပြာ အလုပ်အကိုင်များကို လုပ်ကိုင်ရန်  တောင်ကိုရီးယား လူငယ်များ ဝန်လေးနေသည့်အတွက် စက်မှုနှင့် စိုက်ပျိုးရေး ကဏ္ဍများသည် လစ်လပ်နေရာများကို လူရဖို့ ခက်ခဲနေကြရသည်။
.
“ကျွန်တော်တို့ အရေအတွက်ကို အဆ ၃၀ တစ်ကြိမ်တည်းနဲ့ တိုးပေးလိုက်ပြီ။ ဒီတော့ ခွဲတမ်းမလုံလောက်တာကြောင့် နိုင်ငံခြားသားတွေ လာလို့မရဘူးဆိုတာ ပြောလို့ဆိုလို့ မရတော့ဘူး" ဟု တရားရေးဝန်ကြီးက ပြောကြားသည်။
.
၂၀၂၀ တွင် ဗီဇာ ၁,၀၀၀ မျှသာ ခွင့်ပြုခဲ့သည်။
.
ယခုနှစ် E-7-4 ဗီဇာအတွက် အများဆုံး ၅,၀၀၀ ထက် မပိုရဟု မူလက စီစဉ်ထားသည့် တောင်ကိုရီးယားသည် ဗီဇာ အရေအတွက် တိုးလိုက်သည့်အပြင် လျှောက်လွှာသတ်မှတ်ချက်များကိုလည်း  ဖြေလျှော့ပေးထားသည်။ "ကုမ္ပဏီတွေက နိုင်ငံခြားသားတွေ ပိုတိုးပြီး အလုပ်ခန့်နိုင်ပြီ" ဟု ၎င်းက ပြောကြားသည်။
Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 429 times