Samsung Group  ဝန်ထမ်းအများအပြား အလုပ်ခေါ်ယူ


12 September, 2023

Samsung Group  ဝန်ထမ်းအများအပြား အလုပ်ခေါ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တောင်ကိုရီးယားမှ မဟာလုပ်ငန်းစုကြီး Samsung Group သည် တနင်္လာနေ့ (စက်တင်ဘာ ၁၁)တွင် အလုပ်ခန့်ထားသူများအတွက် လျှောက်လွှာများကို စတင်လက်ခံပါသည်။

ကိုရီးယားနိုင်ငံ၏ အကြီးဆုံး လုပ်ငန်းစုကြီးဖြစ်သော Samsung Group သည်ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ဝန်ထမ်းအသစ် အများအပြား စုဆောင်းခြင်းကို စတင်လိုက်သည်။

Samsung Group ၏ နှီးနွှယ်လုပ်ငန်းများ ဖြစ်သော 
• Samsung Electronics,
• Samsung Display, 
• Samsung Electro-Mechanics, 
• Samsung SDI, 
• Samsung C&T, 
• Samsung Biologics,
• Samsung Life Insurance
• Samsung Securities 
တို့အပါအဝင် လုပ်ငန်း ၂၀ တို့သည် ဝန်ထမ်းအသစ်များ အလုပ်ခန့်ကြမည် ဖြစ်သည်။

လျှောက်ထားသူများသည် Samsung Group ၏ ဝန်ထမ်းအသစ် စုဆောင်းသည့် ဝဘ်ဆိုက် Samsung Careers မှတစ်ဆင့် လျှောက်ထားကြရသည်။ 
စက်တင်ဘာလ ၁၈ ရက်မှစ၍ နိုဝင်ဘာလအထိ  ၂ လကြာ စာမေးပွဲ စစ်ဆေးခြင်း၊ လူတွေ့ စစ်ဆေးခြင်းများကို တောက်လျှောက် ဆောင်ရွက်သွားမည် ဖြစ်သည်။

Samsung သည် အလုပ်ဝင်ခွင့် စာမေးပွဲကို Global Samsung Aptitude Test (GSAT) ဖြေဆိုခိုင်းပါသည်။  အွန်လိုင်း ဖြေဆိုကြရသည်။


ကိုရီးယားနိုင်ငံ၏ အဓိကလုပ်ငန်းစုကြီးလေးခုအနက်မှ Samsung  တစ်ခုသာ ဤဝန်ထမ်းခေါ်ယူမှုစနစ်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ ၎င်းစနစ်ကို Samsung Group သည် ၁၉၅၇ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည်မှာ ယခုအထိ ဖြစ်ပါသည်။

အခြားသော လုပ်ငန်းစုကြီးများသည် ပုံမှန်အားဖြင့် အလုပ်ခေါ်ခြင်း မပြုကြတော့ပါ။ သို့ဖြစ်ရာ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အလုပ်အကိုင်သစ်ရှာဖွေနေသော လူငယ်များအတွက် အဝင်တံခါးပေါက် ကျဉ်းနေစေပါသည်။

Samsung Group သည် ၂၀၁၈ ခုနှစ်က ၂၀၁၈ မှ ၂၀၂၁ အထိ ၃ နှစ်တာကာလအတွင်း ဝန်ထမ်းအသစ် ၄ သောင်း ခန့်အပ်ရန် ရည်မှန်းချက် ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် လာမည့်ငါးနှစ်အတွင်း ဝန်ထမ်းအသစ် ၈ သောင်း ခန့်အပ်ရန် ရည်မှန်းထားကြောင်း ကြေညာခဲ့ပါသည်။
Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 495 times