သကြားတန်ချိန် ၄ သိန်းခွဲအထိ ဖိလစ်ပိုင် တင်သွင်းမည်


30 January, 2023

သကြားတန်ချိန် ၄ သိန်းခွဲအထိ ဖိလစ်ပိုင် တင်သွင်းမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း သကြား မက်ထရစ်တန် ၄၅၀,၀၀၀ တင်သွင်းရန် စီစဉ်နေခြင်းအပေါ်  ကြံစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသူများအကြား စိုးရိမ်မှုအချို့ ဖြစ်ပေါ်‌နေသည်။ ၎င်းတို့က ထုတ်လုပ်မှုနှင့် သုံးစွဲမှု အချက်အလက်များအရ တင်သွင်းမည့်  ပမာဏကို သတ်မှတ်ပေးစေလိုကြသည်။

 

စိုက်ပျိုးရေးဦးစီးဌာန Department of Agriculture(DA) နှင့် သကြားကွပ်ကဲရေးဦးစီးဌာန Sugar Regulatory Administration (SRA) တို့က သကြား မက်ထရစ်တန် ၄ သိန်းခွဲအထိ တင်သွင်းရန် အကြံပြုထားသည်။

ပြည်တွင်းဈေးကွက်တွင် သကြားလက်လီဈေးနှုန်းများကို လျှော့ချရန် သမ္မတမားကို့စ်၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း ဖြစ်သည်။

 သကြားတင်သွင်းမှုနှင့် ကြားခံအရန်သိုလှောင်မှုများ လိုအပ်ကြောင်းကို လက်ခံနိုင်သော်လည်း SRA မှ တင်သွင်းသည့်ပမာဏသည် သင့်လျော်မှုရှိမရှိ ဆုံးဖြတ်ရန် SRA မှ ပြည်တွင်းလက်ရှိ သကြားပမာဏနှင့် သကြားဖူလုံရေးအတွက် လိုအပ်သည့်ပမာဏ ကိန်းဂဏန်းများကို ထုတ်ဖော်သင့်သည်ဟု ဖိလစ်ပိုင်နိုင်ငံ ကြံစိုက်တောင်သူများ အဖွဲ့ချုပ် National Federation of Sugarcane Planters (NFSP) က တောင်းဆိုသည်။

 

 

 

"ယခုနှစ် ကြံရာသီအတွက် သကြား တကယ်ထုတ်လုပ်မှု၊ ထွက်ရှိမယ့် အလားအလာ၊ သုံးစွဲမှု ကိန်းဂဏန်းတွေ မသိဘဲ ကျွန်တော်တို့ အမှောင်ထဲ စမ်းတဝါးဝါး ဖြစ်နေချိန်မှာ ပြည်တွင်း လြိအပ်ချက်အတွက် လိုအပ်တဲ့သကြားအတွက် တင်သွင်းမယ့် ပမာဏကို သတ်မှတ်လိုက်တယ်" ဟု NFSP အကြီးအကဲ Enrique Rojas က ပြောကြားသည်။

 

ပြည်တွင်း အမှန်တကယ် လိုအပ်မည့်ပမာဏကို မဖြစ်မနေ ချိန်ဆပြီး သကြားတင်သွင်းရမည်ဟု  Rojas က ပြောကြားသည်။

 

တင်သွင်းသည့် သကြားများသည် ကြံရာသီ ကုန်ဆုံးပြီး သကြားစက်များ အလုပ်ပိတ်သိမ်းပြီးချိန်ကျမှ ဖိလစ်ပိုင်သို့ ရောက်လာသင့်သည်ဟု သူက အကြံပြုသည်။

"ရိတ်သိမ်းချိန်မှာ ရောက်လာလို့ သကြားဈေးကျရင် ကြံဈေးလည်း ကျမယ်။ ကြံတောင်သူတွေ နစ်နာမယ်" ဟု Rojas က ပြောကြားသည်။

Source philstar 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Agriculture & Livestock Export, Import Read 279 times