MoU U-turn စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေး မြဝတီမြို့နှင့် ကော့သောင်းမြို့တို့တွင် One Stop Servi


12 September, 2023

MoU U-turn စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေး မြဝတီမြို့နှင့် ကော့သောင်းမြို့တို့တွင် One Stop Services စနစ်ဖြင့် စခန်းများ ဖွင့်လှစ်ဆောင်ရွက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 
ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေး မြဝတီမြို့နှင့် ကော့သောင်းမြို့တို့တွင် One Stop Services စနစ်ဖြင့် စခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်အရ သက်တမ်းလေးနှစ် ပြည့်ပြီးသည့် အလုပ်သမားများတွင် Passport သက်တမ်း နှစ်နှစ်နှင့်အထက် သက်တမ်းကျန်ရှိနေသော အလုပ်သမားများကို နယ်စပ်ဂိတ်များမှတစ်ဆင့် MoU U-turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် မြဝတီမြို့နယ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)နှင့် ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံ ရေခဲစက်ဝင်းအတွင်းတို့၌ One Stop Service စနစ်ဖြင့် လုပ်ငန်းစဉ်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနတို့ပူးပေါင်းပြီး ထိုင်းနိုင်ငံတွင် နေထိုင် လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်း လေးနှစ်ပြည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်ရှင် အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ် ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC)ရိုက်နှိပ်ခြင်းများကို မြဝတီနှင့် ကော့သောင်းမြို့တို့တွင် One Stop Service (OSS)ဖြင့် ဆောင်ရွက်ပေးပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အချိန်နှောင့်နှေးကြန့်ကြာမှု မရှိစေရန် မြန်မာနိုင်ငံဘက်သို့ရောက်ရှိပြီး အချိန်တိုအတွင်း လုပ်ငန်း ပြီးစီးအောင် နေ့ချင်းပြီး ဆောင်ရွက်ပေးပြီး  ယင်းနေ့အတွင်း ထိုင်း နိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက်သည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။ 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 468 times