Mastercard ဖက်စပ်လုပ်ငန်း တရုတ်ပြည်တွင် ယွမ်ဘဏ်ကတ် လုပ်ကိုင်ခွင့်ရ


20 November, 2023

 Mastercard ဖက်စပ်လုပ်ငန်း တရုတ်ပြည်တွင် ယွမ်ဘဏ်ကတ် လုပ်ကိုင်ခွင့်ရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

နိုင်ငံအတွင်း ဘဏ်ကတ်ဖြင့် ငွေရှင်းသည့် လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် Mastercard ၏ တရုတ်ဖက်စပ်လုပ်ငန်းမှ လျှောက်ထားချက်ကို တရုတ်ဗဟိုဘဏ်နှင့် အမျိုးသားဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု စီမံခန့်ခွဲရေးအဖွဲ့တို့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၉) တွင် ကြေညာချက် ထုတ်ပြန်သည်။ 

 
Mastercard နှင့် NetsUnion Clearing Corporation (NUCC) တို့၏ ဖက်စပ်လုပ်ငန်း NUCC Information Technology (Beijing) Co., Ltd သည် ယွမ်ငွေသုံး ဘဏ်ကတ်ကို တရုတ်နိုင်ငံတွင် "MasterCard" အမှတ်တံဆိပ်ဖြင့် ထုတ်‌ပေးခွင့် ရရှိသည်။

Mastercard သည် ဒုတိယမြောက် ပြည်ပဘဏ်ကတ် ဖြစ်သည်။

၂၀၂၀ ခုနှစ်တွင် တရုတ်ဗဟိုဘဏ် People's Bank of China PBOC သည် American Express ၏ တရုတ်ဖက်စပ်လုပ်ငန်းကို အလားတူ ဘဏ်ကတ် ထုတ်ပေးခွင့်ကို အတည်ပြုပေးခဲ့သည်။

 Source xinhua
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 359 times