ကိုရီးယားတွင် အခမဲ့ ဘဏ်ပြက္ခဒိန် ရယူလိုသူ များပြားနေဆဲ


12 December, 2023


ကိုရီးယားတွင် အခမဲ့ဘဏ်ပြက္ခဒိန် ရယူလိုသူ များပြားနေဆဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တောင်ကိုရီးယားတွင် နှစ်သစ်နီးလာသည်နှင့်အမျှ ဘဏ်များမှ ထုတ်လုပ်ဖြန့်ဝေသော အခမဲ့ပြက္ခဒိန်များကို ရယူလိုသူများ များပြားနေသည်။

တောင်ကိုရီးယားမှ ဘဏ်များသည် စက္ကူသားပြက္ခဒိန် အရေအတွက်ကို လျှော့ချထားပြီး အခမဲ့ပြက္ခဒိန် ရယူလိုသူများက ယခင်အတိုင်း များပြားနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ဘဏ်များက ဦးရာလူစနစ်ဖြင့် ပေးဝေသည့် အခမဲ့ပြက္ခဒိန်ကို သူ့ထက်ငါ ဦးအောင် ရယူကြသူများ ရှိနေ‌စေသည်။ အချို့က အခမဲ့ပြက္ခဒိန်ကို ရရှိသောအခါ ပြက္ခဒိန်ဆိုင်များတွင် ပြန်ရောင်းချကြသည်။
ပြက္ခဒိန်ဆိုင်များက အွန်လိုင်းအရောင်းဆိုင်တွင် ပို့စ်များတင်ပြီး ရောင်းချကြသည်။ နံရံချိတ်ပြက္ခဒိန်များ၊ စားပွဲတင်ပြက္ခဒိန်များကို တခုလျှင် ဝမ် ၁၀,၀၀၀ ($7.59) ဝန်းကျင်ဖြင့် ဈေးခေါ်ထားသည်။ 
စဲလီများကို မော်ဒယ်များအဖြစ် အသုံးပြုထားသော ပြက္ခဒိန်များ၊ တမူထူးခြားသော ဒီဇိုင်း အသုံးပြုထားသော ပြက္ခဒိန်များမှာ ဈေးပိုမြင့်သည်။

ဘဏ်များသည် ဦးရာလူစနစ်ဖြင့် အခမဲ့ပြက္ခဒိန်များကို ပေးဝေကြရာ လက်ကျန်မရှိ ကုန်သည်အထိ ဖြစ်သည်။ ထိုအခါ၌ အခမဲ့ပြက္ခဒိန် ပေးဝေသည့် အစီအစဉ် ပြီးဆုံးပါပြီဟု နို့တစ်စာ ကပ်ထားကြသည်။


 

 

ကိုရီးယားတွင် ဘဏ်များသည် ၎င်းတို့၏ ဖောက်သည်များအား ပြက္ခဒိန်များကို အခမဲ့ နှစ်စဉ် လက်ဆောင်ပေးသည်မှာ ထုံးစံတခု ဖြစ်သည်။


အိမ်တွင် သက်တမ်းမကုန်‌ေသးသည့် ဘဏ်ပြက္ခဒိန် ရှိခြင်းအားဖြင့် အိမ်ထောင်စုအတွက် ငွေကြေးကံ‌ေကာင်းခြင်းကို ဆောင်ကြဉ်းပေးနိုင်သည်ဟု ယူဆကြသောကြောင့် ဘဏ်ပြက္ခဒိန်များ ဝယ်လိုအား အစဉ်အမြဲ ရှိနေစေသည်။


 ဘဏ်များသည် ပြက္ခဒိန်များ ပုံနှိပ်ထုတ်ဝေခြင်းကို လျှော့ချထားသည်။ 
အဓိက ကူးသန်းရောင်းဝယ်ရေးဘဏ် ငါးခုဖြစ်သည့် Hana၊ KB Kookmin၊ NH NongHyup၊ Shinhan နှင့် Woori တို့၏  လာမည့်နှစ်အတွက် ပြက္ခဒိန်များ ထုတ်ဝေမှု စုစုပေါင်းသည်  ခန့်မှန်းခြေ ခုရေ ၆.၃၅ သန်း ရှိသည်။ ၂၀၁၉ ခုနှစ်ထက် ၁၉% လျော့ကျသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန် စက္ကူဖြင့် ပုံနှိပ်ထုတ်ဝေခြင်းကို လျှော့ချထားကြခြင်း၊ ကုန်ဈေးနှုန်း မြင့်မားသဖြင့် ပြက္ခဒိန် ပုံနှိပ်ထုတ်ဝေသည်ဘ ကုန်ကျစရိတ် ကြီးမားနေခြင်း‌ တို့ကြောင့် အခမဲ့ ပေးဝေသည့် ပြက္ခဒိန်အရေအတွက်ကို လျှော့ထုတ်ကြသည်။ 

Source koreatimes 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 212 times