ယန်း ငွေစက္ကူ အသစ် ၃ မျိုး ထုတ်ဝေမည်


18 December, 2023

ယန်း ငွေစက္ကူ အသစ် ၃ မျိုး ထုတ်ဝေမည်

Get Instant Update
https://t.me/Guid4U
JOIN THE CHANNE

၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စတင်၍ ငွေစက္ကူအသစ်များ ထုတ်ဝေရန် စီစဉ်ထားသည်။

 

ဂျပန်တွင် "အရင်းရှင်စနစ်၏ ဖခင်"ဟု လူသိများသော Eiichi Shibusawa (၁၈၄၀-၁၉၃၁) ၏ ရုပ်ပုံသည်  ယန်း ၁၀,၀၀၀ တန်မှာ ပါ၀င်မည်ဖြစ်သည်။ ကျောဘက်တွင် Tokyo Station အဆောက်အဦပုံ ပါမည်။


အမျိုးသမီးအဆင့်မြင့်ပညာရေးကို ရှေ့ဆောင်ခဲ့သော ပညာသင်ကြားပေးသူ Umeko Tsuda (၁၈၆၄-၁၉၂၉) ၏ ရုပ်ပုံသည် ယန်း ၅၀၀၀ တန်မှာ ပါ၀င်မည်ဖြစ်သည်။ ကျောဘက်တွင် ဂျပန် ပဲနွယ်ပန်းများပုံ ပါမည်။

 
ယန်း ၁၀၀၀ တန် ငွေစက္ကူသည် မေးခိုင်ရောဂါအတွက် သွေးရည်ကြည်ကုထုံးကို တီထွင်ခဲ့သော အဏုဇီဝဗေဒပညာရှင် Shibasaburo Kitasato (၁၈၅၃-၁၀၃၁) အား ဂုဏ်ပြုမည် ဖြစ်သည်။ ကျောဘက်တွင် ukiyo-e ပန်းချီပညာရှင် Katsushika Hokusai ၏ ဖူဂျီတောင်ကို သရုပ်ဖော်ထားသည့် လက်ရာပါမည်။

 

၎င်းငွေစက္ကူများကို အတုထုတ်လုပ်ခြင်း ကာကွယ်တားဆီးရန် 3D ဟိုလိုဂရမ် ပါဝင်မည်။
ငွေစက္ကူတွင် 3D ဟိုလိုဂရမ် ပထမဆုံးသုံးစွဲခြင်း ဖြစ်ပါသည်။

Source Kyodo
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNE

Banking & Loan Read 324 times