၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလဆန်းအထိ ပို့ကုန် ဒေါ်လာ ၁၀ ဘီလီယံနီးပါးထိ တင်ပို့ခဲ့


13 December, 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလဆန်းအထိ ပို့ကုန် ဒေါ်လာ ၁၀ ဘီလီယံနီးပါးထိ တင်ပို့ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ် ပါသည်။ ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစဉ်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ဂျင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုစေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင် သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့လျက်ရှိပါသည်။

 

 ပြည်ပတင်ပို့မှု၌ စက်မှုကဏ္ဍထုတ်ကုန်များ အနေဖြင့်  သစ်ပါးလွှာနှင့် အထပ်သားများ၊ သစ်အချောထည်ထုတ်ကုန်များ၊  ချုပ်ပြီး အထည်၊ သကြားနှင့် အခြားစက်မှုကုန်ချောထုတ်ကုန်များကိုလည်း တင်ပို့လျက်ရှိပါသည်။

 ဧပြီလမှ ဒီဇင်ဘာလဆန်းထိတွင် ပြည်ပနိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ပို့ကုန်အသီးသီး တင်ပို့ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမဏီ၊ ပိုလန်၊ တောင်ကိုးရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှာ ကုန်စည်အလိုက် ဈေးကွက်ဝယ်လိုအား များပြား သည့် နိုင်ငံများဖြစ်ပါသည်။


ပြည်ပ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုအား ကုမ္ပဏီ ၅၉၃၈ ခုမှ ဆောင်ရွက်ခဲ့ပါသည်။

 

 

ပြည်ပသို့ ပို့ကုန်တင်ပို့မှုအား ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများအပြင် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့မှုများ ဆောင်ရွက်လျက်ရှိပါသည်။
 ငါးမျိုး စုံ၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများတင်ပို့သည့် လုပ်ငန်းရှင်အချို့မှ ရက်သတ္တပတ်လျှင် တန် ချိန် ၃၀၀ ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံများသို့ လေကြောင်းဖြင့် တင်ပို့လျက်ရှိပါသည်။

ပို့ကုန်လုပ်ငန်းရှင်များအား ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက်လိုအပ်သည့် ဓာတ်မြေ ဩဇာ တင်သွင်းခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်းတင်ပို့သည့်လုပ်ငန်းရှင်များအား ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် စက်သုံးဆီကဲ့သို့သော သွင်းကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုမည့် အစီအစဉ် များ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

ဆန် ပြည်ပတင်ပိုမှု ပိုကုန်လိုင်စင် လျှောက်ထားရာမှာ  ယခင်က ၁၀၀ ရာခိုင်နှုန်း ဆန်သိုလှောင်ထားမှ ပိုကုန်လိုင်စင်ခွင့်ပြုခဲ့ပြီး ယခုအခါ  ၅၀ ရာခိုင်နှုန်း လက်ဝယ်ရှိရုံဖြင့် လိုင်စင်ထုတ်ပေးလျက် ရှိပါသည်။ 

အသေးစား ဆန်တင်ပိုမှုလုပ်ငန်းများ ဆန်တန်ချိန် ၂၆၀အောက် တင်ပိုပါက  ပိုကုန်လိုင်စင် လျှောက်ထားမှုအတွက် Pre-License Cargo Inspection စစ်ဆေးခြင်းမပြုဘဲ လိုင်စင်ထုတ်ပေးလျက် ရှိပါသည်။

Source commerce

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 292 times