မတ်လတွင် တရုတ်ပို့ကုန်ကဏ္ဍ ပြန်လည်အသက်ဝင်


19 April, 2023

မတ်လတွင် တရုတ်ပို့ကုန်ကဏ္ဍ ပြန်လည်အသက်ဝင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

• တရုတ်နိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့လာသည့် လက္ခဏာအဖြစ် မတ်လတွင် တရုတ်ပို့ကုန်ကဏ္ဍ ပြန်လည်အသက်ဝင်လာသည်။
• ၆ လတာအတွင်း ပထမဆုံးအကြိမ် ပို့ကုန်ပမာဏ မြင့်တက်လာအောင် လျှပ်စစ်မော်တော်ယာဉ်များ တင်ပို့ကြခြင်းနှင့် ရုရှားနှင့် ကုန်သွယ်မှုတို့က တွန်းတင်ပေးခဲ့ကြသည်။
• ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကားဝယ်လိုအားကြောင့် မော်တော်ကားတင်ပို့ရောင်းချမှု ခုန်တက်သွားခြင်းသည် ခြောက်လအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်ကို မတ်လတွင် တိုးချဲ့နိုင်‌စေခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ပို့ကုန်အင်ဂျင်သည် ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။ အကျဘက် ဆက်ရှိနေဦးမည်ဟု ထင်ထားကြသည်များကို လွဲချော်စေကာ တရုတ် အစိုးရ၏ ယခုနှစ်အတွက် စီးပွားရေးကြီးထွားနှုန်း ရည်မှန်းချက် ရရှိမည်ဟု မျှော်လင့်ချက်များကို မြှင့်တင်ပေးလိုက်သည်။
.
ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း အားပျော့နေသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး တရုတ်နိုင်ငံမှ ပို့ကုန်တင်ပို့မှုသည် မတ်လတွင် ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့သည်။
လျှပ်စစ်ကားများနှင့် ဘက်ထရီ အပါအဝင် အစိတ်အပိုင်းများကို တင်ပို့မှု ကြီးထွားလာခြင်း၊ ရုရှားနှင့် ကုန်သွယ်ရေး ကြီးထွားလာခြင်းတို့က ပို့ကုန်တင်ပို့မှု မြင့်တက်စေခဲ့သည်။
တရုတ်အစိုးရက ယခုနှစ် ကြီးထွားနှုန်းကို ၅% ဟု ရည်မှန်းထားသည်။ နှစ်ပေါင်း ၃၀ ကျော်အတွင်း အနည်းဆုံး ရာခိုင်နှုန်း ဖြစ်ပါသည်။ 
ကိုဗစ်သုည ထိန်းချုပ်မှုအောက်တွင် ယမန်နှစ်က ၃% သာ ရရှိခဲ့ပါသည်။ 
ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ကြီးစိုးသည့် ပို့ကုန်တန်ဖိုးသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ၆.၈% ကျဆင်းခဲ့ပြီး မတ်လတွင် ၁၄.၈% ကြီးထွားခဲ့ပါသည်။
လေ့လာဆန်းစစ်သူ အများစုက မတ်လတွင် ဆက်လက်ကျဆင်းဦးမည်။ ၇% အထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်နှင့် ဆန့်ကျင်ဘက်ရလဒ် ထွက်ပေါ်ခဲ့ပါသည်။
၂၀၂၂ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ကြီးထွားခြင်း ဖြစ်ပါသည်။
ရုရှားသို့ တင်ပို့မှု သိသိသာသာ ပိုများခဲ့ပြီး ဗီယက်နမ်၊စင်ကာပူနှင့် မလေးရှား တို့ထံ တင်ပို့မှု မြင့်တက်ခဲ့ပါသည်။
လျှပ်စစ်ကားများ၊ လစ်သီယမ်နှင့် ဆိုလာဘက်ထရီများ တင်ပို့မှု မြင့်မားခဲ့သည်။ စတီးနှင့် အဝတ်အထည် တင်ပို့မှုလည်း အားကောင်းခဲ့သည်။ 
တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် integrated circuit တင်ပို့မှု လျော့ကျခဲ့သည်။
အရှေ့တောင် အာရှသို့ တင်ပို့မှုမှာ ခိုင်မာလျက်ရှိပြီး  အမေရိကန်နှင့် ဥရောပသို့ တင်ပို့မှုများသည် ကုန်သွယ်ရေး တင်းမာမှုများကြောင့် လျော့ကျသည်။
Source ft
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Export, Import Read 219 times