ကမ္ဘောဒီးယား အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းကဏ္ဍ ပြည်ပတင်ပို့မှု ကျဆင်း


21 October, 2023

ကမ္ဘောဒီးယား အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းကဏ္ဍ ပြည်ပတင်ပို့မှု ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကမ္ဘောဒီးယား အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းကဏ္ဍ ပြည်ပတင်ပို့မှုမှာ ယခုနှစ် ပထမ ကိုးလတွင် ၁၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။


ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ် ပထမ ကိုးလအတွင်း အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း ကန်ဒေါ်လာ ၈ ဒသမ ၁၄ ဘီလီယံဖိုး နိုင်ငံတကာ ဈေးကွက်များသို့ တင်ပို့ခဲ့သည်။
ယမန်နှစ် ပထမ ၉ လနှင့် နှိုင်းယှဉ်ပါက ၁၇.၈% လျော့နည်းခဲ့ပါသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အချက်အလက် ထုတ်ပြန်သည်။
 ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း

• အထည်ချုပ်လုပ်ငန်းကဏ္ဍသည်
 ကန်ဒေါ်လာ ၅ ဒသမ ၉၃ ဘီလီယံဖိုး ပြည်ပသို့ တင်ပို့ခဲ့သည်။ ယမန်နှစ်ထက် ၁၇.၃% လျော့ကျသည်။

• ဖိနပ်များ ကန်ဒေါ်လာ ၉၉၁.၇ သန်းဖိုး တင်ပို့ခဲ့သည်။ ယမန်နှစ်ထက် ၂၅% လျော့ကျသည်။

• ခရီးသွားပစ္စည်းအမျိုးမျိုး စုစုပေါင်း ကန်ဒေါ်လာ ၁.၂၂ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ ယမန်နှစ်ထက် ၁၃.၄% လျော့ကျသည်။

အဓိကဝယ်လက်များတွင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဂျပန်တို့ ပါဝင်သည်။
 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူးနှင့် ပြောရေးဆိုရေး တာဝန်ခံ Penn Sovicheat က “ကမ္ဘာ့စီးပွားရေး အထူးသဖြင့် ယူရိုဇုန်မှာ နှေးကွေးနေတာကြောင့် ကျွန်တော်တို့ရဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ ခရီးသွားပစ္စည်းတွေ တင်ပို့မှု ကျဆင်းသွားစေပါတယ်"ဟု ပြောကြားသည်။

အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းလုပ်ငန်းကဣသည် ကမ္ဘောဒီးယားအတွက် နိုင်ငံခြားငွေ အများဆုံးရရှိသည့် လုပ်ငန်းကဏ္ဍ ဖြစ်သည်။

အဆိုပါကဏ္ဍတွင် အကြမ်းဖျင်းအားဖြင့် စက်ရုံပေါင်း ၁,၃၀၀ ခန့်ရှိပြီး အမျိုးသမီး အလုပ်သမား ၈၄၀,၀၀၀ ခန့်ကို အလုပ်ခန့်ထားကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာနမှ အချက်အလက် ထုတ်ပြန်ပါသည်။
Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 227 times