အနောက်အာရှမှ ကနေဒါနှင့် အမေရိကန် ဆိပ်ကမ်းများသို့ ကွန်တိန်နာ ပို့ဆောင်ခ Maersk နှင့် CMA-CGM တိုးမြှ


08 March, 2024

အနောက်အာရှမှ ကနေဒါနှင့် အမေရိကန် ဆိပ်ကမ်းများသို့ ကွန်တိန်နာ ပို့ဆောင်ခ Maersk နှင့် CMA-CGM တိုးမြှင့် သတ်မှတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အိန္ဒိယနှင့် အနောက်အာရှမှ ကုန်စည် အမျိုးအစားအားလုံး အကျုံးဝင်သည့် ကွန်တိန်နာ ပို့ဆောင်ခများ ပိုမိုတိုးမြင့်ကြရသည်မှာ ဖြတ်လမ်းဖြစ်သည့် စူးအက်တူးမြောင်း- ပင်လယ်နီ ရေကြောင်းလမ်းကို အသုံးမပြုနိုင်သဖြင့် အာဖရိက တောင်ဘက်စွန်းရှိ Cape of Good Hope မှ ကွေ့ပတ် သွားကြရခြင်းကြောင့် ဖြစ်သည်။

 

ဒိန်းမတ်သင်္ဘောလိုင်း Maersk သည် မတ် ၂ ရက်မှစ၍ အနောက်အာရှမှ အမေရိကန်နှင့် ကနေဒါဆိပ်ကမ်းများသို့ ပို့ဆောင်သည့် ကွန်တိန်နာတစ်လုံးလျှင် ကန်ဒေါ်လာ ၁,၀၀၀ တိုးမြှင့်ပါသည်။

တိုးမြှင့်မှုသည် အိန္ဒိယနှင့် အနောက်အာရှတို့မှ ပေးပို့သော ကွန်တိန်နာအားလုံး အကျုံးဝင်ပြီး ကုန်စည်အမျိုးအစားအားလုံး အကျုံးဝင်ပါသည်။

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စတင်ခဲ့သော ပင်လယ်နီ အရေးအခင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ ဆိပ်ကမ်းများသို့  ကုန်စည်များ ရောက်ရှိရန် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသော ကုန်စည်တင်ပို့သူများအဖို့ ဘူးလေးရာ ဖရုံဆင့်ခြင်း ဖြစ်ပါသည်။ အချိန်ပိုကြာပြီး အကုန်အကျ ပိုများမည် ဖြစ်ပါသည်။ 

 

အာဖရိက တောင်ဘက်စွန်းရှိ Good Hope Cape မှတဆင့် လမ်းကြောင်း ပြောင်းလဲပြီး သွားလာရခြင်းသည် အာရှမှ ဥရောပနှင့် အမေရိကန်သို့ ရောက်ရှိရန် ၁၅ ရက်ဝန်းကျင် ပိုကြာပါသည်။

 

ထုံးစံမှာ ပို့ဆောင်ခ နှုန်းထား တိုးမြှင့်သည့်အခါ အရွယ်အစားအပေါ် မူတည်ပြီး အနည်းအများ ကွာခြားပါသည်။ ပေ ၂၀ ကွန်တိန်နာနှင့် ပေ ၄၀ ကွန်တိန်နာတို့အတွက် ပို့ဆောင်ခ တိုးသည့်ပမာဏ ကွဲပြားပါသည်။

ယခု Maersk က ကွန်တိန်နာ အရွယ်အစား အားလုံးကို တပြေးညီ ကန်ဒေါ်လာ ၁,၀၀၀ တိုးမြှင့် သတ်မှတ်ပါသည်။

သို့ဖြစ်ရာ အနောက်အာရှမှ အမေရိကန်သို့ ပေ ၂၀ ကွန်တိန်နာ တစ်လုံး ပို့ဆောင်ခမှာ $4,200 ဝန်းကျင် ဖြစ်ပါသည်။ 

 ‘free on board’ (FOB) ဖြင့် တင်ပို့ပါက ပို့ဆောင်ခကို ဝယ်ယူသူဘက်မှ ကျခံပါသည်။ 

cost, insurance, and freight (CIF) ဖြင့် တင်ပို့ပါက တင်ပို့သူဘက်မှ ပေးရသဖြင့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ပို့ဆောင်ခ ဈေးတက်သည့်အတွက် စရိတ်ထောင်းမည် ဖြစ်ပါသည်။

.

ပြင်သစ်ကွန်တိန်နာ သင်္ဘောလိုင်း CMA-CGM သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှစတင်၍ ကုန်စည်ပို့ဆောင်ရေး အမျိုးအစားအားလုံး  Freight All Kinds အတွက် ကွန်တိန်နာ ပို့ဆောင်ခ သုံးဆ ဈေးတက်သည်။ 

ယခင်က ပေ ၂၀ ကွန်တိန်နာ တလုံးစာကို  $1,000 သတ်မှတ်ခဲ့ပြီး ယခုအခါ $4,750 သတ်မှတ်ထားပါသည်။ 

 

Source hindubusiness


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Sea Read 347 times