ဗီယက်နမ်နှင့် အင်ဒိုနီးရှား KBank အလေးပေး တိုးချဲ့မည်


12 January, 2024

 ဗီယက်နမ်နှင့် အင်ဒိုနီးရှား KBank အလေးပေး တိုးချဲ့မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံမှ ပိုင်ဆိုင်မှုများအရ ဒုတိယအကြီးမားဆုံး ချေးငွေဘဏ် Kasikornbank (KBank) သည် နိုင်ငံတကာ ဘဏ်လုပ်ငန်းကို တိုးချဲ့ရာ၌ အာဆီယံ နိုင်ငံများအနက် ယခုနှစ်အတွင်း ကြီးထွားနှုန်း မြင့်မားခြင်းကို အခြေခံ၍ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် တိုးချဲ့ရန် အလေးပေး လုပ်ဆောင်သွားမည် ဖြစ်သည်။

KBank သည် တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုတို့တွင် လုပ်ကိုင်လျက် ရှိသည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ဒေသတွင်းအခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုသန်မာသောစီးပွားရေးတိုးတက်မှုကို ခန့်မှန်းထားကြောင်း KBank အမှုဆောင်အရာရှိချုပ် Kattiya Indaravijaya က ပြောသည်။

ထိုင်းကုမ္ပဏီများသည် ဒေသတွင်း စျေးကွက်များသို့ ခက်ဖြာလုပ်ကိုင်ကြသဖြင့် ၎င်းထိုင်းကုမ္ပဏီများ၏ စီးပွားရေး အခွင့်အလမ်းများ ကြီးထွားအောင် KBank က ကူညီပေးခြင်းဖြင့်  KBank ၏ ဒေသတွင်း တိုးချဲ့မှုတွင် ဘဏ်၏ လုပ်ငန်းကဏ္ဍတိုးတက်မှုကို လွယ်ကူချောမွေ့စေမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့အပြင် KBank သည် တရုတ်နိုင်ငံကိုလည်း ဆက်လက်အလေးပေး လုပ်ဆောင်မည် ဖြစ်ပြီး တရုတ်နိုင်ငံ စီးပွားရေး အခြေအနေကို စောင့်ကြည့်နေကြောင်း Ms Kattiya က ပြောသည်။

KBank ၏ နိုင်ငံတကာ စီးပွားလုပ်ငန်းကို  World Business Group (WBG) ဟု ခေါ်တွင်သည်။
WBG ကို အာဆီယံစီးပွားရေးအသိုက်အဝန်း +၃ Asean Economic Community +3 မဟာဗျူဟာအရ ကြီးထွားတိုးတက်အောင် လုပ်ဆောင်မည် ဖြစ်သည်။ +၃ သည် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား ၃ နိုင်ငံကို ရည်ညွှန်းပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် KBank China သည် ဘေဂျင်းမြို့‌ေတာ်တွင် ဘဏ်ခွဲအသစ်ဖွင့်လှစ်ခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံတွင် KBznk ၏ ပဉ္စမမြောက်ရုံးခွဲ ဖြစ်ပါသည်။ 

ဗီယက်နမ်တွင် KBank ၏ mobile banking app ဖြစ်သည့် K-Plus သုံးစွဲသူ ၁.၃ သန်း ရှိပါသည်။


လူဦးရေ သန်း ၂၇၀ ရှိသော အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အားလျော်စ‌ွာ အလားအလာ မြင့်မားသည့် စျေးကွက်ဖြစ်သဖြင့် KBank သည် ၎င်း၏ လုပ်ငန်းများကို မြှင့်တင်ရန် စိတ်အားထက်သန်နေကြောင်း ၎င်းက ပြောကြားသည်။

KBank သည် ဒေသခံ ဘဏ်လုပ်ငန်းကို ဝယ်ယူပြီး ပေါင်းစည်းခြင်းဖြင့်လည်း လုပ်ငန်းကြီးထွားအောင် လုပ်ဆောင်ပါသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်တွင် အင်ဒိုနီးရှား ဘဏ်လုပ်ငန်း Bank Maspion တွင် KBank က ရှယ်ယာပိုင်ဆိုင်မှု စုစုပေါင်းကို ၈၄.၅၅% သို့ တိုးမြှင့်ခဲ့ပြီး Bank Maspion ကို ထိန်းချုပ်သည့် ရှယ်ယာပိုင်ဆိုင်သူ ဖြစ်လာပါသည်။

KBank သည် ၂၀၂၇ ခုနှစ် နောက်ဆုံးထားပြီး Bank Maspion ကို အင်ဒိုနီးရှားနိုင်ငံ၏ ချေးငွေဘဏ် ထိပ်တန်း(၂၀) စာရင်းဝင် အဖြစ်သို့ ရောက်ဖိူ့ ရည်မှန်းထားသည်ဟု  Ms Kattiya က ပြောကြားသည်။

ဒစ်ဂျစ်တယ်ပလက်ဖောင်းအတွက် KBank သည် နယ်စပ်ဖြတ်ကျော် ငွေကြေးအမျိုးမျိုးဖြင့် ပေးချေခြင်း၊  နယ်စပ်ဖြတ်ကျော် ဘတ်ငွေ တိုက်ရိုက်ပေးချေခြင်းနှင့် နယ်စပ်ဖြတ်ကျော် လက်လီငွေပေးချေမှုများကို ဝန်ဆောင်မှုများ ပေးအပ်ပါသည်။


K PLUS ဖြင့် မြန်မာနိုင်ငံမှ KBZPay သို့ ထိုင်းမှ ငွေပေးပို့သည့် ဝန်ဆောင်မှု အပါအဝင် KBank သည် နိုင်ငံပေါင်း ၁၄ နိုင်ငံ မှ ဘဏ် ၈၀ ခု နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Banking & Loan Read 267 times