ဇူလိုင်လအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၀၀၀ ကျော် တောင်ကိုရီးယားသို့ ရောက်ရှိ


01 August, 2023

ဇူလိုင်လအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၀၀၀ ကျော် တောင်ကိုရီးယားသို့ ရောက်ရှိ

 

ဇူလိုင်လအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သားများ စုစုပေါင်း ၁၀၀၀ ကျော် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပါသည်။ 


ဇွန်လအတွင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော   မြန်မာလုပ်သားများ တောင်ကိုရီးယားသို့

  • ပထမအကြိမ် ၁၅၃ ဦး (ဇူလိုင် ၄)
  • ဒုတိယအကြိမ် ၁၄၆ ဦး (ဇူလိုင် ၁၀)
  • တတိယအကြိမ် ၁၄၉ ဦး (ဇူလိုင် ၂၀)
  •  စတုတ္ထအကြိမ် ၁၅၁ ဦး  (ဇူလိုင် ၂၁)
  • ပဉ္စမအကြိမ် ၁၅၁ ဦး (ဇူလိုင် ၁၉)
  • ဆဌမအကြိမ် ၁၄၉ ဦး (ဇူလိုင် ၂၅)
  • သတ္တမအကြိမ် ၁၅၀ ဦး (ဇူလိုင် ၂၆)

စုစုပေါင်း ၁၀၄၉ ဦးတို့  ရောက်ရှိခဲ့ကြပါသည်။


၄-၇-၂၀၂၃ ရက်နေ့တွင်  အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော 
ကုန်ထုတ်လုပ်သားသစ် (၉၂) ဦး၊ 
 Regular  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၆၁) ဦး
စုစုပေါင်း (၁၅၃) ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါသည်။

၁၀-၇-၂၀၂၃ ရက်နေ့တွင် အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော 
Regular ကုန်ထုတ်လုပ်သား (၁၄၆) ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါသည်။


 ၂၀-၇-၂၀၂၃ ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော 
Regular ကုန်ထုတ်လုပ်သား (၁၄၉) ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါသည်။

၂၁-၇-၂၀၂၃ ရက်နေ့တွင်  အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော 
ကုန်ထုတ်လုပ်သားသစ် (၆၃)ဦး၊ 
စိုက်မွေးလုပ်သားသစ် (၇၉) ဦး၊ 
ဆောက်လုပ်ရေးလုပ်သားသစ် (၉) ဦး၊ 
စုစုပေါင်း (၁၅၁) ဦးသည်ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါသည်။

၁၉-၇-၂၀၂၃  ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော 
ကုန်ထုတ်လုပ်သားသစ် (၁၅၁)ဦးသည်  ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါသည်။

 ၂၅-၇-၂၀၂၃  ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော 
ကုန်ထုတ်လုပ်သားသစ်(၁၄၉) ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါသည်။

၂၆-၇-၂၀၂၃ ရက်နေ့တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့်စေလွှတ်သော 
ကုန်ထုတ်လုပ်သားသစ်(၁၅၀) ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါသည်။


ဇွန်လအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သား ၉၀၀ ကျော် တောင်ကိုရီးယားသို့ ရောက်ရှိ
https://www.industrialdirectory.com.mm/article/-eps-korea-june-2023.html


 Source Myanmar Embassy, Seoul 

Labour Affairs Read 310 times