MIA Activity



စက်မှုဇုန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

စက်မှုဇုန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် MIA

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း အစည်းအဝေးခန်းမမှာ စက်မှုဇုန်ဥပဒေမူကြမ်းနဲ့ စပ်လျဉ်းပြီး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရပါတယ်။

အစည်းအဝေးကို အသင်းဥက္ကဋ္ဌ ဒေါက်တာအောင်သိန်း ဦးဆောင်ကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနဲ့ လွှတ်တော်ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူများမှ စက်မှုဇုန်ဥပဒေမူကြမ်းနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြည်သူ့လွှတ်တော်မှ ဥပဒေကြမ်းအနေနဲ့ အခုထုတ်ပြန်ထားတဲ့ စက်မှုဇုန်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး စက်မှုဇုန်များမှာရှိနေတဲ့ တာဝန်ရှိသူများမှ ပြင်ဆင်ရန်၊ အခုအစည်းအဝေးမှ ဖြည့်စွက်အကြံပြုချက်များကို စုစည်းကာ ပြည်ထောင်စုအဆင့်ကို ပြန်လည်တင်ပြနိုင်ဖို့ လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်မှ စုစည်းတင်ပြချက်များကို Public Consultation အနေနဲ့ ချပြခြင်းဖြစ်တဲ့အတွက် ထည့်သွင်းစဉ်းစားပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါက်တာအောင်သိန်းမှ မိမိတို့အသင်းအနေနဲ့ မြန်မာနိုင်ငံအဆင့်ဖွဲ့စည်းထားတဲ့ အသင်းဖြစ်တာကြောင့် တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ စက်မှုဇုန်များမှ တင်ပြချက်များကိုလည်း ထည့်သွင်းစဉ်းစားရင် သင့်တော်မယ်လို့ ယူဆကြောင်း၊ အခုအစည်းအဝေးနဲ့ မပြီးသွားဘဲ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်များကို ဖိတ်ခေါ်ပြီး နောက်တစ်ကြိမ် အစည်းအဝေးကျင်းပပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အခုဥပဒေဟာ အရေးကြီးသလို မပြည့်စုံမှုများ၊ လိုအပ်ချက်များရှိနေရင် ဥပဒေပြဋ္ဌာန်းပြီးပါက အကျိုးသက်ရောက်မှုများအနေနဲ့ လက်ရှိ လုပ်ကိုင်နေသူများ ကျပ်တည်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာခြင်း နည်းပါးသွားမှာဖြစ်ပြီး စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ အခက်အခဲများ ပေါ်ပေါက်လာနိုင်တာကြောင့် မိမိတို့အနေနဲ့ စက်မှုဇုန်ဥပဒေမှာ ပါဝင်သင့်တာတွေကို ပြည့်စုံစွာ ညှိနှိုင်းတင်ပြသွားသင့်ပါကြောင်း ပြောကြားခဲ့ပါတယ်။

 

Source: MIA
Myanmar Industrial Directory

Read times Last modified on Thursday, 27 June 2019 13:31
Rate this item
(1 Vote)