MIA Activity



မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းကို အသင်းချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းမည်

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းကို အသင်းချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းမည် MIA

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းကို မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ပြောကြားပါတယ်။

အသင်းချုပ်အဖြစ် အဆင့်တိုးမြှင့်ဖွဲ့စည်းနိုင်ရေးအတွက် အသင်းရဲ့ သင်းဖွဲ့စည်းမျဉ်း စတုတ္ထမူကြမ်းနဲ့ စပ်လျဉ်းပြီး Win and Partners Law Firm မှ ဥပဒေပညာရှင်များအား ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းနဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းတို့မှ အသင်းရုံးမှာ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

စက်မှုလုပ်ငန်းတွေ ချိတ်ဆက်ဖော်ဆောင်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသင်းဝင်တွေရဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်ရဲ့ စက်မှုဆိုင်ရာမူဝါဒတွေမှာလည်း ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ တကယ့်အခြေအနေတွေ ထင်ဟပ်နိုင်တဲ့၊ ချိတ်ဆက်နိုင်တဲ့မူဝါဒတွေ ထွက်ဖို့၊ ပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်လို့ ဒေါက်တာအောင်သိန်းက ပြောပါတယ်။

အဆိုပါ အသင်းချုပ်ကို မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများအား ကိုယ်စားပြုရန် ၂၀၁၉ ခုနှစ်မကုန်မီမှာ အပြီးဖွဲ့စည်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: MIA, The Voice
Myanmar Industrial Directory

Read times
Rate this item
(1 Vote)