MIA Activity



သက်တမ်း (၈) လအတွင်း သုံးစွဲသူ ၅ သန်းအထိ ရှိလာတဲ့ Mytel

သက်တမ်း (၈) လအတွင်း သုံးစွဲသူ ၅ သန်းအထိ ရှိလာတဲ့ Mytel google

        မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် မိုဘိုင်းဖုန်း အော်ပရေတာဖြစ်တဲ့ Mytel ဟာ ဗီယက်နမ်နိုင်ငံမှဆက်သွယ်ရေးလုပ်ငန်း Viettel နဲ့ ဖက်စပ်လုပ်ကိုင်နေတာမှာ ယခုအခါ သုံးစွဲသူ ၅ သန်း ကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှာ ရောက်ရှိခဲ့တယ်လို့ Viettel က ထုတ်ပြန်ကြေညာတယ်။ Mytel စတင်ခဲ့ပြီး သက်တမ်း ၈ လမှာ ယခုလို သုံးစွဲသူ ၅ သန်းကို ရရှိခဲ့တာ ဖြစ်ပြီး ယခုနှစ် ၂၀၁၉ ခုနှစ်မှာ သုံးစွဲသူ ၁၀ သန်း အထိ ရရှိဖို့ ရည်မှန်းထားတယ်။

 

        Viettel က Mytel ကို မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် ဇွန်လ ၉ ရက်မှာ တရားဝင် စတင်ခဲ့တာ ဖြစ်ပြီး Viettel ရဲ့ (၁၀) ခု မြောက် နိုင်ငံတကာ မိုဘိုင်းကွန်ရက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Mytel ဟာ စတုတ္ထမြောက် မိုဘိုင်းဖုန်း အော်ပရေတာဖြစ်ပြီး စတုတ္ထနေရာမှာပဲ ရှိပါသေးတယ်။

 

        ဗီယက်တဲလ် လုပ်ငန်းစု Viettel Group ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Viettel Global ဟာ ရည်မှန်းချက် မြင့်မြင့်မားမား ထားခဲ့တာကို တွေ့ရတယ်။ ၂၀၁၈ ခုနှစ်မှာ သုံးစွဲသူ ၂ သန်းမှ ၃ သန်းအထိ မျှော်မှန်းထားခဲ့ရာမှ လျာထားချက်ကို ၄ သန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့တယ်။ ၂၀၁၈ ခုနှစ် နှစ်ကုန်မှာတော့ လျာထားချက်ထက် ၁ သန်း ပိုများပြီး ၅ သန်းသို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မိုင်တဲလ်ဟာ မြန်မာနိုင်ငံဈေးကွက်မှာလုပ်ကိုင်တာ ကုန်ကျစရိတ်ကြီးမားတဲ့အပြင် ငွေလဲနှုန်းအရ မြန်မာကျပ်ငွေတန်ဖိုးအကြီးအကျယ် ကျဆင်းခဲ့တာကြောင့် လောလောဆယ်မှာ အမြတ်ရဖို့ မမျှော်မှန်းသေးပေမဲ့ ၂၀၁၉ ခုနှစ်အကုန်မှာ အမြတ်ရနိုင်ဖို့ကို မျှော်မှန်းထားတယ်။ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းတာကြောင့် အော်ရီဒူးလည်း အရှုံးပြခဲ့ပါတယ်။

 

        မိုင်တဲလ် သုံးစွဲသူ ၄ သန်းကျော် ရောက်ရှိချိန်မှာ စစ်တမ်းတစ်ခု ကောက်ခံခဲ့တယ်။ သုံးစွဲသူ ၄ သန်းကျော်မှာ ၇၀% က 4G ကို သုံးစွဲကြကြောင်း သိရတယ်။ သုံးစွဲသူ ၉၀% က မိုင်တဲလ်ဖုန်းလိုင်းကို ကျေနပ်မှုရကြောင်း ဖြေဆိုခဲ့ကြတယ်။ မိုင်တဲလ်ဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် မိုဘိုင်းဖုန်း အော်ပရေတာဖြစ်ကြောင်းနဲ့ ဗီယက်နမ်မှ လာရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိထားသူ ၉၄% ရှိတယ်။

 

        မိုင်တဲလ်ဟာ ဖြန့်ချိန်ရေးအကြီးစားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ မြန်မာနိုင်ငံရဲ့ တီဗီအစီအစဉ် ဖြန့်ချိရေးမှာ အကြီးမားဆုံးဖြစ်တဲ့ Skynet နဲ့လည်း ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာ သုံးစွဲသူ ၁ သန်းကျော် ရှိတဲ့ Skynet မှာ ကိုယ်စားလှယ် ၄၀၀ ကျော် ရှိပြီး အရောင်းဌာန တစ်သိန်းသုံးသောင်းကျော်ရှိနေတဲ့ အတွက် Skynet နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။

 

        Viettel ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုများပြုထားတာ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ ဟီတီ၊ ဘူရန်ဒီ၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ ကင်မရွန်၊ အရှေ့တီမော နဲ့ ပီရူးတို့မှာ လုပ်ကိုင်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ 4G ကွန်ရက်ကို အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲ ရင်းနှီးမြှုပ်နှံခဲ့တာမှာ ပြည်တွင်းလုပ်ငန်းများ ဖြစ်တဲ့ Myanmar National Holding Public နဲ့ Star High Public တို့နဲ့အတူ လက်တွဲပြီး လုပ်ကိုင်လျက် ရှိပါတယ်။ Viettel ဟာ နောက်ထပ် ခြေလှမ်းများအဖြစ် မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ ဆွေးနွေးညှိနှိုင်းမှုများပြုနေပြီး လောလောဆယ်မှာတော့ သတင်းထုတ်ပြန်ခြင်း မပြုသေးပါဘူး။

Read times Last modified on Friday, 01 February 2019 17:27
Rate this item
(0 votes)