မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသော တရုတ်နိုင်ငံအခြေစိုက် အိတ်ထုတ်လုပ်ရေးစက်ရုံ ပိတ်သိမ်း

မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားသော တရုတ်နိုင်ငံအခြေစိုက် အိတ်ထုတ်လုပ်ရေးစက်ရုံ ပိတ်သိမ်း Myanmar Times

ရန်ကုန်ရှိ တရုတ်အခြေစိုက် အိတ်ထုတ်လုပ်ရေးစက်ရုံတစ်ရုံကို တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကုန်ကြမ်းများပြတ်လပ်၍ ရုတ်တရက်ပိတ်ပစ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အဆိုပါစက်ရုံမှ ကြေငြာခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်၊ မြစိန်ရောင်စက်မှုဇုန်ရှိ Lucky Sky Bags စက်ရုံမှာ တနလာၤနေ့မတိုင်မီက စက်ရုံပိတ်ပစ်မည့်အကြောင်းကို ၎င်း၏အလုပ်သမားများအား အသိပေးခဲ့ခြင်းမရှိတာကြောင့် အလုပ်သမားများက သပိတ်မှောက်ခဲ့ကြပါတယ်။

သပိတ်မှောက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးဇော်ဌေးက စက်ရုံ၏ လိုင်စင်ကို ပြန်လည်ရုပ်သိမ်းရန်နှင့် တရုတ်အလုပ်သမား (၂၀) ကို ပြည်နှင်ဒဏ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

ဖိနပ်ထုတ်လုပ်ငန်းများကို ရှာရန်နှိပ်ပါ

ဦးမျိုးဇော်ဌေးက "မြစိမ်းရောင်စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ သူတို့က ခုနှစ်နှစ်အခွန်ကင်းလွတ်ခွင့်ရထားတယ်။ ဒါပေမယ့် ၁၁ လလောက်ပဲ လည်ပတ်ခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။ စက်ရုံရှိ အလုပ်သမား (၆၄၂) ဦးက သားရေအိတ်များကို ဥရောပသို့ တင်ပို့ရန် ချုပ်လုပ်ကြတာဖြစ်ပါတယ်။

အလုပ်သမားများအနေဖြင့် အလုပ်သမားအခွင့်အရေး မမျှတမှုကြောင့် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုကြောင့် စက်ရုံအနေဖြင့် ပို့ကုန်တင်ပို့ရန် နောက်ဆုံးသတ်မှတ်ရက်များအမီ မထုတ်လုပ်နိုင်တော့တာကြောင့် အမှာစာများလည်းကျဆင်းလာကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်က စက်ရုံနှင့် သဘောတူညီချက်ရရှိပြီးနောက် အလုပ်သမားများက အလုပ်ပြန်ဆင်းခဲ့ကြပါတယ်။ သို့သော် စက်ရုံပြန်လည်ပတ်ပြီး ၁၀ ရက်အကြာမှာ အလုပ်သမားသမဂ္ဂအတွင်းရေးမှူးကို အကြောင်းပြချက်မရှိဘဲ အလုပ်ဖြုတ်ခဲ့ခြင်းကြောင့် အလုပ်သမားများက ကန့်ကွက်ခဲ့ပြီး စက်ရုံပိတ်သွားခဲ့ပြီး စက်ရုံစီမံခန့်ခွဲရေးက အလုပ်သမားများကို လျော်ကြေးပေးရန် ကတိပြုခဲ့ကြောင်း ဦးမျိုးဇော်ဌေးက ပြောပါတယ်။

Lucky Sky Bags စက်ရုံမှာ ကမ္ဘာတဝှမ်းရှိ လူပေါင်း ၇၉၀၀၀ ကျော် ကူူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ပြီးခဲ့တဲ့သုံးပတ်အတွင်း ပိတ်သိမ်းခဲ့တဲ့ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီများထဲမှ သုံးခုမြောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက မြန်မာနိုင်ငံရှိ အထည်ချူပ်စက်ရုံထက်ဝက်ခန့်မှာ တရုတ်နိုင်ငံမှ ကုန်ကြမ်းပြတ်လပ်မှုကြောင့် လာမည့်လတွင် ပိတ်သိမ်းရနိုင်မည်ဖြစ်၍ စိုးရိမ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်က ပြောကြားခဲ့ပါတယ်။ ထို့ပြင် ပြည်တွင်းစက်ရုံများတွင် အသုံးပြုသည့် အထည်အလိပ်နှင့် ဇစ် (၉၀) ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံမှ တင်သွင်းရကြောင်း ပြောကြားခဲ့ပါတယ်။

Read More >>> တရုတ်နိုင်ငံမှ ကုန်ကြမ်းမတင်သွင်းနိုင်ပါက ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ယာယီရပ်စဲထားရနိုင်

Ref: Myanmar Times English

Myanmar Industry Directory

 

<<<Zawgyi>>>

ျမန္မာႏုိင္ငံတြင္ လာေရာက္ဖြင့္လွစ္ထားေသာ တ႐ုတ္ႏုိင္ငံအေျခစုိက္ အိတ္ထုတ္လုပ္ေရးစက္႐ံု ပိတ္သိမ္း

ရန္ကုန္ရွိ တ႐ုတ္အေျခစိုက္ အိတ္ထုတ္လုပ္ေရးစက္႐ံုတစ္႐ံုကို တ႐ုတ္ႏုိင္ငံတြင္ ကုိ႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ ကုန္ၾကမ္းမ်ားျပတ္လပ္၍ ႐ုတ္တရက္ပိတ္ပစ္လုိက္ေၾကာင္း ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔က အဆိုပါစက္႐ံုမွ ေၾကျငာခဲ့ပါတယ္။

လႈိင္သာယာၿမိဳ႕နယ္၊ ျမစိန္ေရာင္စက္မႈဇုန္ရွိ Lucky Sky Bags စက္႐ံုမွာ တနလာၤေန႔မတိုင္မီက စက္႐ံုပိတ္ပစ္မည့္အေၾကာင္းကို ၎၏အလုပ္သမားမ်ားအား အသိေပးခဲ့ျခင္းမရွိတာေၾကာင့္ အလုပ္သမားမ်ားက သပိတ္ေမွာက္ခဲ့ၾကပါတယ္။

သပိတ္ေမွာက္ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးမ်ိဳးေဇာ္ေဌးက စက္႐ံု၏ လုိင္စင္ကို ျပန္လည္႐ုပ္သိမ္းရန္ႏွင့္ တ႐ုတ္အလုပ္သမား (၂၀) ကို ျပည္ႏွင္ဒဏ္ေပးရန္ ေတာင္းဆုိခဲ့ပါတယ္။

ဖိနပ္ထုတ္လုပ္ငန္းမ်ားကို ရွာရန္ႏွိပ္ပါ

ဦးမ်ိဳးေဇာ္ေဌးက "ျမစိမ္းေရာင္စက္မႈဇုန္မွာ ရင္းႏွီးျမွဳပ္ႏွံဖုိ႔ သူတို႔က ခုနွစ္ႏွစ္အခြန္ကင္းလြတ္ခြင့္ရထားတယ္။ ဒါေပမယ့္ ၁၁ လေလာက္ပဲ လည္ပတ္ခဲ့တယ္" လုိ႔ ေျပာၾကားခဲ့ပါတယ္။ စက္႐ံုရွိ အလုပ္သမား (၆၄၂) ဦးက သားေရအိတ္မ်ားကို ဥေရာပသို႔ တင္ပို႔ရန္ ခ်ဳပ္လုပ္ၾကတာျဖစ္ပါတယ္။

အလုပ္သမားမ်ားအေနျဖင့္ အလုပ္သမားအခြင့္အေရး မမွ်တမႈေၾကာင့္ ဇန္နဝါရီလ ၃၁ ရက္မွ ေဖေဖာ္ဝါရီလ ၁၁ ရက္အထိ ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပမႈေၾကာင့္ စက္႐ံုအေနျဖင့္ ပို႔ကုန္တင္ပို႔ရန္ ေနာက္ဆံုးသတ္မွတ္ရက္မ်ားအမီ မထုတ္လုပ္ႏုိင္ေတာ့တာေၾကာင့္ အမွာစာမ်ားလည္းက်ဆင္းလာေၾကာင္း အလုပ္သမားမ်ား၏ ေျပာၾကားခ်က္အရ သိရပါတယ္။

ေဖေဖာ္ဝါရီလ ၁၁ ရက္က စက္႐ံုႏွင့္ သေဘာတူညီခ်က္ရရွိၿပီးေနာက္ အလုပ္သမားမ်ားက အလုုပ္ျပန္ဆင္းခဲ့ၾကပါတယ္။ သုိ႔ေသာ္ စက္႐ံုျပန္လည္ပတ္ၿပီး ၁၀ ရက္အၾကာမွာ အလုုပ္သမားသမဂၢအတြင္းေရးမွဴးကို အေၾကာင္းျပခ်က္မရွိဘဲ အလုပ္ျဖဳတ္ခဲ့ျခင္းေၾကာင့္ အလုပ္သမားမ်ားက ကန္႔ကြက္ခဲ့ၿပီး စက္႐ံုပိတ္သြားခ့ဲၿပီး စက္႐ံုစီမံခန္႔ခြဲေရးက အလုပ္သမားမ်ားကုိ ေလ်ာ္ေၾကးေပးရန္ ကတိျပဳခဲ့ေၾကာင္း ဦးမ်ိဳးေဇာ္ေဌးက ေျပာပါတယ္။

Lucky Sky Bags စက္႐ံုမွာ ကမ႓ာတဝွမ္းရွိ လူေပါင္း ၇၉၀၀၀ ေက်ာ္ ကူူးစက္ခံရတဲ့ ကို႐ိုနာဗုိင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ ၿပီးခဲ့တဲ့သံုးပတ္အတြင္း ပိတ္သိမ္းခဲ့တဲ့ တ႐ုတ္ႏုိင္ငံအေျခစိုက္ကုမၸဏီမ်ားထဲမွ သုံးခုေျမာက္ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းက ျမန္မာႏုိင္ငံရွိ အထည္ခ်ဴပ္စက္႐ံုထက္ဝက္ခန္႔မွာ တ႐ုတ္ႏုိင္ငံမွ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ လာမည့္လတြင္ ပိတ္သိမ္းရႏုိင္မည္ျဖစ္၍ စိုးရိမ္ေၾကာင္း ေဖေဖာ္ဝါရီလ ၂၁ ရက္က ေျပာၾကားခဲ့ပါတယ္။ ထုိ႔ျပင္ ျပည္တြင္းစက္႐ံုမ်ားတြင္ အသံုးျပဳသည့္ အထည္အလိပ္ႏွင့္ ဇစ္ (၉၀) ရာခုိင္ႏႈန္းခန္႔ကို တ႐ုတ္ႏုိင္ငံမွ တင္သြင္းရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Ref: Myanmar Times English

Myanmar Industry Directory

Read times Last modified on Wednesday, 26 February 2020 16:57
Rate this item
(1 Vote)