SME လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးလျက်ရှိ

SME လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးလျက်ရှိ google






Source: MOI

Unicode

မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းတွေ စီမံပေးထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂ ရက်နေ့က ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ယခင်က ဘဏ္ဍာရေးအထောက်အပံ့မရရှိခဲ့တဲ့ SMEs လုပ်ငန်းတွေဟာ စိတ်ကူးနိုင်တဲ့အတိုင်း နယ်နိမိတ်တွေကို ဖြတ်ကျော်ပြီး ကုန်သွယ်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Read More >>> ထိုင်းဘဏ်မှ ပံ့ပိုးမည့် Export ဈေးကွက်မြှင့်တင်ရေး Program တွင် SME လုပ်ငန်းရှင်များ ပါဝင်နိုင်

ဒါ့အပြင် SMEs လုပ်ငန်းတွေဟာ စီးပွားရေးအသွင်ကူးပြောင်းရေးမှာ ရှေ့တန်းကပါဝင်နေပြီး ပြည်တွင်းစီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်တယ်လို့ အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခြင်းသာမက တီထွင်ဆန်းသစ်မှု၊ ဖွံ့ဖြိုးမှု၊ ဆင်းရဲမှုလျှော့ချရေး လူ့စွမ်းအားဖွံ့ဖြိုးရေးတို့အတွက်လည်း အလွန်အရေးပါတဲ့ အဓိကအရင်းအမြစ်တစ်ခုဖြစ်တယ်လို့လည်း အတိုင်င်ခံက ဆိုပါတယ်။

Source: MOI

Read times
Rate this item
(0 votes)