စက္မႈဝန္ႀကီးဌာနလက္ေအာက္ရွိ စက္႐ုံ (၅၇) ႐ုံတြင္ (၄) ႐ုံသာ အျမတ္ရေန

စက္မႈဝန္ႀကီးဌာနလက္ေအာက္ရွိ စက္႐ုံ (၅၇) ႐ုံတြင္ (၄) ႐ုံသာ အျမတ္ရေန google

လက္ရွိ သတင္းအခ်က္အလက္မ်ားအရ ပုဂၢလိကသို႔ လႊဲေျပာင္းလိုက္ေသာ စက္႐ုံ (၅၅) ႐ုံရွိရာတြင္ လုပ္ငန္းရပ္ဆိုင္းထားေသာ စက္႐ုံမ်ား၊ စာခ်ဳပ္ဖ်က္သိမ္းရန္ စီစဥ္ေနေသာ စက္႐ုံမ်ား၊

စာခ်ဳပ္အတိုင္း အေကာင္အထည္မေဖာ္ႏိုင္ေသာ စက္႐ုံမ်ား၊ အရႈံးျဖင့္လည္ပါတ္ေနေသာ စက္႐ုံမ်ား၏ အေရအတြက္မွာ မ်ားျပားလာေနေၾကာင္း၊ ဒါ့အျပင္ ႏိုင္ငံပိုင္စက္႐ုံ (၅၇) ႐ုံအနက္ (၄) ႐ုံသာ အျမတ္ႏွင့္လည္ပတ္ေနသည့္အေၾကာင္း ယေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ အစိုးရက အသိေပးခဲ့ပါတယ္။

ဒါ့အျပင္ အစိုးရအဖြဲ႕က စက္မႈဝန္ႀကီးဌာနကို စီမံဘ႑ာဝန္ႀကီးဌာနႏွင့္ ပူးေပါင္းသြားမည့္အျပင္ ရွိထားသည့္ ဦးစီးဌာနမ်ားကိုလည္း လိုအပ္သလို စီမံသြားရန္လည္းရွိေၾကာင္း သိရပါတယ္။

စက္မႈဝန္ႀကီးဌာနကို စီမံဘ႑ာဝန္ႀကီးဌာနႏွင့္ ပူးေပါင္းရျခင္းက ေဈးကြက္စီးပြားေရးစနစ္ကို ပီျပင္ေအာင္ေဆာင္႐ြက္လိုျခင္းေၾကာင့္ဟု ျပည္ေထာင္စုလႊတ္ေတာ္ကို အစိုးရက ရွင္းလင္းတင္ျပခဲ့ပါတယ္။

Read More >>> လိႈင္သာယာတြင္ ရွစ္လအတြင္း အသစ္ဖြင့္လွစ္လိုက္သည့္ စက္႐ံု (၈၀) ခန္႔ရွိ

ျပည္ေထာင္စုအစိုးရအဖြဲ႕ကိုယ္စား စီမံဘ႑ာဒုဝန္ႀကီး ဦးဆက္ေအာင္က ရွင္းလင္းျခင္းျဖစ္ကာ စက္မႈဝန္ႀကီးဌာန၏ ဖြဲ႕စည္းပုံက ေရာေထြးေနသည့္အေၾကာင္းပါ လႊတ္ေတာ္ကို အစီရင္ခံခဲ့ပါတယ္။

အစိုးရက စက္မႈဝန္ႀကီးဌာနကို စီမံဘ႑ာဝန္ႀကီးဌာနႏွင့္ တြဲဖက္လိုက္ရျခင္းက ႏိုင္ငံတကာတြင္ လုပ္ေဆာင္ေနၾကအတိုင္း ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းပါ ဦးဆက္ေအာင္က ရွင္းလင္းတင္ျပခဲ့ၿပီး ေဈးကြက္စီးပြားေရးကို ဦးတည္သည့္ စက္မႈဆိုင္ရာမူဝါဒမ်ားကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ဖြဲ႕စည္းပုံအသစ္တစ္ခုဆီသို႔ အသြင္ကူးေျပာင္းျခင္းျဖစ္ေၾကာင္း အသိေပးခဲ့ပါတယ္။

စက္မႈဝန္ႀကီးဌာနလက္ေအာက္ရွိ ပုံေသပိုင္ပစၥည္းမ်ားကို ပုဂၢလိကက႑သို႔ မဟာဗ်ဴဟာက်က်ျဖင့္ စနစ္တက်လႊဲေျပာင္းရန္၊ စက္မႈလုပ္ငန္းႏွင့္ SME လုပ္ငန္းမ်ား ထိေရာက္စြာထိန္းေက်ာင္းျမႇင့္တင္ႏိုင္ေရး မူဝါဒခ်မွတ္ျခင္း၊ ထိန္းေက်ာင္းျခင္း၊လူသားအရင္းအျမစ္ပ်ိဳးေထာင္ျခင္းတို႔ ေဆာင္႐ြက္ေသာ ဖြဲ႕စည္းပုံသို႔ ကူးေျပာင္းျခင္းလည္းျဖစ္သည့္အေၾကာင္းပါ ဦးဆက္ေအာင္က ေျပာၾကားခဲ့ပါတယ္။

Source: Myanmar Harp Media

Unicode

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ (၅၇) ရုံတွင် (၄) ရုံသာ အမြတ်ရနေ

လက်ရှိ သတင်းအချက်အလက်များအရ ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သော စက်ရုံ (၅၅) ရုံရှိရာတွင် လုပ်ငန်းရပ်ဆိုင်းထားသော စက်ရုံများ၊ စာချုပ်ဖျက်သိမ်းရန် စီစဉ်နေသော စက်ရုံများ၊ စာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်သော စက်ရုံများ၊ အရှုံးဖြင့်လည်ပါတ်နေသော စက်ရုံများ၏ အရေအတွက်မှာ များပြားလာနေကြောင်း၊ ဒါ့အပြင် နိုင်ငံပိုင်စက်ရုံ (၅၇) ရုံအနက် (၄) ရုံသာ အမြတ်နှင့်လည်ပတ်နေသည့်အကြောင်း ယနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရက အသိပေးခဲ့ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့က စက်မှုဝန်ကြီးဌာနကို စီမံဘဏ္ဍာဝန်ကြီးဌာနနှင့် ပူးပေါင်းသွားမည့်အပြင် ရှိထားသည့် ဦးစီးဌာနများကိုလည်း လိုအပ်သလို စီမံသွားရန်လည်းရှိကြောင်း သိရပါတယ်။

စက်မှုဝန်ကြီးဌာနကို စီမံဘဏ္ဍာဝန်ကြီးဌာနနှင့် ပူးပေါင်းရခြင်းက ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင်ဆောင်ရွက်လိုခြင်းကြောင့်ဟု ပြည်ထောင်စုလွှတ်တော်ကို အစိုးရက ရှင်းလင်းတင်ပြခဲ့ပါတယ်။

Read More >>> လှိုင်သာယာတွင် ရှစ်လအတွင်း အသစ်ဖွင့်လှစ်လိုက်သည့် စက်ရုံ (၈၀) ခန့်ရှိ

ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင်က ရှင်းလင်းခြင်းဖြစ်ကာ စက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံက ရောထွေးနေသည့်အကြောင်းပါ လွှတ်တော်ကို အစီရင်ခံခဲ့ပါတယ်။

အစိုးရက စက်မှုဝန်ကြီးဌာနကို စီမံဘဏ္ဍာဝန်ကြီးဌာနနှင့် တွဲဖက်လိုက်ရခြင်းက နိုင်ငံတကာတွင် လုပ်ဆောင်နေကြအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းပါ ဦးဆက်အောင်က ရှင်းလင်းတင်ပြခဲ့ပြီး ဈေးကွက်စီးပွားရေးကို ဦးတည်သည့် စက်မှုဆိုင်ရာမူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအသစ်တစ်ခုဆီသို့ အသွင်ကူးပြောင်းခြင်းဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ပုံသေပိုင်ပစ္စည်းများကို ပုဂ္ဂလိကကဏ္ဍသို့ မဟာဗျူဟာကျကျဖြင့် စနစ်တကျလွှဲပြောင်းရန်၊ စက်မှုလုပ်ငန်းနှင့် SME လုပ်ငန်းများ ထိရောက်စွာထိန်းကျောင်းမြှင့်တင်နိုင်ရေး မူဝါဒချမှတ်ခြင်း၊ ထိန်းကျောင်းခြင်း၊လူသားအရင်းအမြစ်ပျိုးထောင်ခြင်းတို့ ဆောင်ရွက်သော ဖွဲ့စည်းပုံသို့ ကူးပြောင်းခြင်းလည်းဖြစ်သည့်အကြောင်းပါ ဦးဆက်အောင်က ပြောကြားခဲ့ပါတယ်။

Source: Myanmar Harp Media

Read times
Rate this item
(0 votes)