ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခု ခွင့်ပြု
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇) ခု ခွင့်ပြု google
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ (၇) သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း (၇) ခုကို နိုဝင်ဘာ (၁၃) ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
Source: DICA
Unicode
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမေရိကန်ဒေါ်လာ (၇) သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း (၇) ခုကို နိုဝင်ဘာ (၁၃) ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီအစည်းအဝေးမှာ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၇.၈၅၁) သန်းဖြစ်ပြီး ပြည်တွင်းလုပ်သား (၁၉၅၉) ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
Read More >>> စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁) ခုခွင့်ပြု
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ (၃၀) ရက်အထိ နိုင်ငံပေါင်း (၅၀) မှ လုပ်ငန်းပေါင်း (၁၈၃၇) ခု လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ (၈၁ ဒသမ ၈၇၄) ဘီလီယံရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၅၀) မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြျှပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၃၈%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅.၈၇%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၈%) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါတယ်။
Source: DICA
Read times
Rate this item
(0 votes)