လိႈင္သာယာတြင္ ရွစ္လအတြင္း အသစ္ဖြင့္လွစ္လိုက္သည့္ စက္႐ံု (၈၀) ခန္႔ရွိ

လိႈင္သာယာတြင္ ရွစ္လအတြင္း အသစ္ဖြင့္လွစ္လိုက္သည့္ စက္႐ံု (၈၀) ခန္႔ရွိ google

လႈိင္သာယာၿမိဳ႕နယ္တြင္ ရွစ္လအတြင္း အသစ္ဖြင့္လွစ္သည့္ စက္႐ုံ (၈၀) ခန႔္ရွိၿပီး ပိတ္သိမ္းသည့္ စက္႐ုံအေရအတြက္ ထက္ ငါးဆခန႔္ ပိုမ်ားေၾကာင္း ယင္းၿမိဳ႕နယ္အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာ န႐ုံးစာရင္းမ်ားအရ သိရပါတယ္။

လႈိင္သာယာၿမိဳ႕နယ္တြင္ လႈိင္သာယာစက္မႈဇုန္ႏွင့္ ေ႐ႊလင္ဗန္းစက္မႈဇုန္တို႔ တည္ရွိၿပီး တစ္ႏိုင္ငံလုံးတြင္ စက္႐ုံ၊ အလုပ္႐ုံအမ်ားဆုံးရွိသည့္ ၿမိဳ႕နယ္ျဖစ္ပါတယ္။

ယင္းၿမိဳ႕နယ္အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန႐ုံး၏ ယခုႏွစ္ ဧၿပီမွ ႏိုဝင္ဘာအထိ ျပဳစုထားသည့္ စာရင္းအရ အသစ္ဖြင့္လွစ္လုပ္ကိုင္သည့္ စက္႐ုံ (၇၉) ခုရွိပါတယ္။ ၎စက္႐ုံမ်ားတြင္ အထည္ခ်ဳပ္စက္ ႐ုံလုပ္ငန္းအမ်ားစု ပါဝင္ေၾကာင္း မွတ္တမ္းမ်ားက ဆိုပါတယ္။ အဆိုပါရွစ္လအတြင္း ပိတ္သိမ္းသည့္ စက္႐ုံ (၁၆) ခုရွိပါတယ္။

Read More >>> ျမန္မာ-ကိုရီးယားစီးပြားေရးပူးေပါင္းမႈ စက္မႈဇုန္စီမံကိန္းႏွစ္ခု၏ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေနၿပီျဖစ္

‘‘ပိတ္တဲ့သူေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆက္မလုပ္ႏိုင္လို႔ ပိတ္သြားတာရွိသလို လုပ္ငန္းေဆာင္႐ြက္ရတာ အဆင္ေျပတယ္ဆိုၿပီး အသစ္ဝင္ေရာက္ လုပ္ကိုင္မႈေတြကလည္းရွိတယ္။ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ပိုမ်ားတယ္’’ ဟု လႈိင္သာယာၿမိဳ႕ နယ္ အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးစိုးညီညီက ေျပာပါတယ္။

ပိတ္သိမ္းသည့္ စက္႐ုံမ်ားမွာ ဆက္လက္လည္ပတ္ရန္ ဘ႑ာေငြအခက္အခဲရွိသည္ကို အမ်ားဆုံးေတြ႕ရွိရေၾကာင္း ၎ကဆိုပါတယ္။

၎ၿမိဳ႕နယ္တြင္ ေနာက္ဆုံးပိတ္သိမ္းသည့္ စက္႐ုံမွာ အေမရိကန္ႏိုင္ငံသားပိုင္ Natural Garment အထည္ခ်ဳပ္စက္႐ုံျဖစ္ပါတယ္။ အဆိုပါစက္႐ုံမွာ လုပ္သား (၁,၅၀၀) ေက်ာ္ျဖင့္ လည္ပတ္ၿပီး စက္႐ုံပိတ္သိမ္းျခင္းေၾကာင့္ နစ္နာေၾကးမ်ား ထုတ္ေပးေနတယ္လို႔ သိရပါတယ္။

လႈိင္သာယာၿမိဳ႕နယ္တြင္ စက္႐ုံ၊ အလုပ္႐ုံေပါင္း (၂,၀၀၀) ခန္႔ ဖြင့္လွစ္လုပ္ကိုင္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ စာရင္းမ်ားက ဆိုပါတယ္။

Source: 7Day Daily

Uniocde

လှိုင်သာယာမြို့နယ်တွင် ရှစ်လအတွင်း အသစ်ဖွင့်လှစ်သည့် စက်ရုံ (၈၀) ခန့်ရှိပြီး ပိတ်သိမ်းသည့် စက်ရုံအရေအတွက် ထက် ငါးဆခန့် ပိုများကြောင်း ယင်းမြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာ နရုံးစာရင်းများအရ သိရပါတယ်။

လှိုင်သာယာမြို့နယ်တွင် လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ဗန်းစက်မှုဇုန်တို့ တည်ရှိပြီး တစ်နိုင်ငံလုံးတွင် စက်ရုံ၊ အလုပ်ရုံအများဆုံးရှိသည့် မြို့နယ်ဖြစ်ပါတယ်။

ယင်းမြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံး၏ ယခုနှစ် ဧပြီမှ နိုဝင်ဘာအထိ ပြုစုထားသည့် စာရင်းအရ အသစ်ဖွင့်လှစ်လုပ်ကိုင်သည့် စက်ရုံ (၇၉) ခုရှိပါတယ်။ ၎င်းစက်ရုံများတွင် အထည်ချုပ်စက် ရုံလုပ်ငန်းအများစု ပါဝင်ကြောင်း မှတ်တမ်းများက ဆိုပါတယ်။ အဆိုပါရှစ်လအတွင်း ပိတ်သိမ်းသည့် စက်ရုံ (၁၆) ခုရှိပါတယ်။

Read More >>> မြန်မာ-ကိုရီးယားစီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်

‘‘ပိတ်တဲ့သူတွေက အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်နိုင်လို့ ပိတ်သွားတာရှိသလို လုပ်ငန်းဆောင်ရွက်ရတာ အဆင်ပြေတယ်ဆိုပြီး အသစ်ဝင်ရောက် လုပ်ကိုင်မှုတွေကလည်းရှိတယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက ပိုများတယ်’’ ဟု လှိုင်သာယာမြို့ နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးညီညီက ပြောပါတယ်။

ပိတ်သိမ်းသည့် စက်ရုံများမှာ ဆက်လက်လည်ပတ်ရန် ဘဏ္ဍာငွေအခက်အခဲရှိသည်ကို အများဆုံးတွေ့ရှိရကြောင်း ၎င်းကဆိုပါတယ်။

၎င်းမြို့နယ်တွင် နောက်ဆုံးပိတ်သိမ်းသည့် စက်ရုံမှာ အမေရိကန်နိုင်ငံသားပိုင် Natural Garment အထည်ချုပ်စက်ရုံဖြစ်ပါတယ်။ အဆိုပါစက်ရုံမှာ လုပ်သား (၁,၅၀၀) ကျော်ဖြင့် လည်ပတ်ပြီး စက်ရုံပိတ်သိမ်းခြင်းကြောင့် နစ်နာကြေးများ ထုတ်ပေးနေတယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံပေါင်း (၂,၀၀၀) ခန့် ဖွင့်လှစ်လုပ်ကိုင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စာရင်းများက ဆိုပါတယ်။

Source: 7Day Daily

Read times
Rate this item
(0 votes)