ထိုင္းဘဏ္မွ ပံ့ပိုးမည့္ Export ေစ်းကြက္ျမႇင့္တင္ေရး Program တြင္ SME လုပ္ငန္းရွင္မ်ား ပါဝင္ႏိုင္

ထိုင္းဘဏ္မွ ပံ့ပိုးမည့္ Export ေစ်းကြက္ျမႇင့္တင္ေရး Program တြင္ SME လုပ္ငန္းရွင္မ်ား ပါဝင္ႏိုင္ google

ထိုင္းနိုင္ငံ Siam Commercial Bank မွ ပံ့ပိုးေသာ Export ေစ်းကြက္ျမႇင့္တင္ေရး Program တြင္ ျပည္တြင္းရွိ SME လုပ္ငန္းရွင္မ်ား ပါဝင္ႏုိင္ေၾကာင္း ဖိတ္ေခၚထားပါတယ္။

အဆုိပါဘဏ္နဲ႔ ပူးေပါင္းၿပီး ျမန္မာ့ SME ထုတ္ကုန္မ်ားအား ထိုင္းနိုင္ငံမွ Distributor မ်ားျဖင့္ ခ်ိတ္ဆက္ေပးျခင္း၊ ထိုင္း FDA ရရွိေရး ေဆာင္ရြက္ေပးျခင္းနဲ႔ Export ေစ်းကြက္ တင္ပို႔မႈလုပ္ငန္းစဥ္တေလၽွာက္ လိုအပ္ေသာ သင္တန္းမ်ားပို႔ခ်ျခင္းတို့ကို ေဆာင္ရြက္လ်က္ရွိပါတယ္။

ယခု ၂၀၁၉ ခုႏွစ္တြင္ Siam Commercial Bank မွ စားေသာက္ကုန္၊ လူသုံးကုန္ႏွင့္ အဝတ္အထည္က႑မ်ားရွိ ထုတ္ကုန္အမ်ိဳးအစား (၂၀) မွ (၃၀) ခန္႔ကို ထိုင္းနိုင္ငံေစ်းကြက္ႏွင့္ ခ်ိတ္ဆက္ေပးနိုင္ေရးအတြက္ ေအာက္ေဖာ္ျပပါ ပံ့ပိုးမႈမ်ားကို ေဆာင္ရြက္သြားမွာျဖစ္ပါတယ္ -

(က) Business Plan ဆိုင္ရာ သိေကာင္းစရာမ်ား
(ခ) Financial Management ဆိုင္ရာ သိေကာင္းစရာမ်ား
(ဂ) အခြန္ေပးသြင္းမွု ဆိုင္ရာ သိေကာင္းစရာမ်ား
(ဃ) ထိုင္း FDA ရယူမွုဆိုင္ရာ သိေကာင္းစရာမ်ား
(င) Digital (e-market ) ဆိုင္ရာ သိေကာင္းစရာမ်ား
(စ) Digital (e-market ) ဆိုင္ရာ သိေကာင္းစရာမ်ား
(ဆ) Packaging & Branding ဆိုင္ရာ သိေကာင္းစရာမ်ား

2019 ခုႏွစ္ နိုဝင္ဘာလ ေနာက္ဆုံးပတ္မွာ MSME မ်ားကို ရန္ကုန္ၿမိဳ႕တြင္ သင္တန္းပို႔ခ်ျခင္း၊ ၄င္းေနာက္ ေရြးခ်ယ္ခံရတဲ့ လုပ္ငန္းမ်ားကို ထိုင္းနိုင္ငံသို႔ ေခၚေဆာင္ကာ သင္တန္းပို႔ခ်ျခင္းနဲ႔ ထုတ္ကုန္မ်ားကို ထိုင္း Distributor မ်ားျဖင့္ ေစ်းကြက္ခ်ိတ္ဆက္ေပးျခင္းတို႔ကို လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

 

Read More >>> ၿမိဳ႕နယ္ (၁၆) ခုရွိ SME လုပ္ငန္းရွင္မ်ားကို ဘ႑ာေရးဝန္ေဆာင္မႈမ်ား ေပးမည္

၎ Program မွာ ပါဝင္လိုတဲ့ SME လုပ္ငန္းရွင္မ်ားအေနနဲ႔ ေအာက္ေဖာ္ျပပါအခ်က္မ်ားကို လုိက္နာရမွာျဖစ္ပါတယ္-

စားေသာက္ကုန္၊ လူသံုးကုန္ႏွင့္ အဝတ္အထည္က႑မွျဖစ္ရၿပီး Manufacturing Sector မွ စက္မႈလုပ္ငန္းမ်ားျဖစ္ရပါမယ္။

ဒါ့ျပင္ ပိုင္ရွင္ကိုယ္တိုင္ ပါဝင္ၿပီး သင္တန္းတက္ေရာက္ရမွာျဖစ္သလုိ ထုိင္းႏုိင္ငံသုိ႔ ထုတ္ကုန္ႏွင့္အတူ ကိုယ္တိုင္လိုက္ပါရမွာျဖစ္ပါတယ္။

လက္ရွိ ကုန္ထုတ္လုပ္ငန္းေဆာင္ရြက္ေနရမွာျဖစ္ၿပီး ျပည္တြင္းေစ်းကြက္ခုိင္မာစြာ ေရာင္းခ်ေနရတဲ့လုပ္ငန္း ျဖစ္ရပါမယ္။

ထုတ္ကုန္၏ အရည္အေသြးႏွင့္ ထုပ္ပိုးမႈေကာင္းမြန္ရမွာျဖစ္ၿပီး Distributor နဲ႔ ခ်ိတ္ဆက္ရရွိပါက ဝယ္လုိအားကို ျပည့္မီေစေသာ Mass Production ထုတ္လုပ္ႏုိင္သူ ျဖစ္ရမွာ ျဖစ္ပါတယ္။

အထက္ပါအခ်က္အလက္မ်ားနဲ႔ ကိုက္ညီၿပီး စိတ္ပါဝင္စားပါက (၂၀.၁၁.၂၀၁၉) ရက္ေန႔ ေနာက္ဆံုးထားၿပီး မႏၱေလးတိုင္းစက္မႈႀကီးၾကပ္ SME ဌာန၊ ဖုန္း-0024039573 သို့ ဆက္သြယ္ စာရင္းေပးသြင္းနိုင္ေၾကာင္း သိရပါတယ္။

74443388 561528181056961 31928894252646400 o

Source: SME Mandalay

Unicode

ထိုင်းနိုင်ငံ Siam Commercial Bank မှ ပံ့ပိုးသော Export ဈေးကွက်မြှင့်တင်ရေး Program တွင် ပြည်တွင်းရှိ SME လုပ်ငန်းရှင်များ ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

အဆိုပါဘဏ်နဲ့ ပူးပေါင်းပြီး မြန်မာ့ SME ထုတ်ကုန်များအား ထိုင်းနိုင်ငံမှ Distributor များဖြင့် ချိတ်ဆက်ပေးခြင်း၊ ထိုင်း FDA ရရှိရေး ဆောင်ရွက်ပေးခြင်းနဲ့ Export ဈေးကွက် တင်ပို့မှုလုပ်ငန်းစဉ်တလျှောက် လိုအပ်သော သင်တန်းများပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

ယခု ၂၀၁၉ ခုနှစ်တွင် Siam Commercial Bank မှ စားသောက်ကုန်၊ လူသုံးကုန်နှင့် အဝတ်အထည်ကဏ္ဍများရှိ ထုတ်ကုန်အမျိုးအစား (၂၀) မှ (၃၀) ခန့်ကို ထိုင်းနိုင်ငံဈေးကွက်နှင့် ချိတ်ဆက်ပေးနိုင်ရေးအတွက် အောက်ဖော်ပြပါ ပံ့ပိုးမှုများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ် -

(က) Business Plan ဆိုင်ရာ သိကောင်းစရာများ
(ခ) Financial Management ဆိုင်ရာ သိကောင်းစရာများ
(ဂ) အခွန်ပေးသွင်းမှု ဆိုင်ရာ သိကောင်းစရာများ
(ဃ) ထိုင်း FDA ရယူမှုဆိုင်ရာ သိကောင်းစရာများ
(င) Digital (e-market ) ဆိုင်ရာ သိကောင်းစရာများ
(စ) Digital (e-market ) ဆိုင်ရာ သိကောင်းစရာများ
(ဆ) Packaging & Branding ဆိုင်ရာ သိကောင်းစရာများ

2019 ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှာ MSME များကို ရန်ကုန်မြို့တွင် သင်တန်းပို့ချခြင်း၊ ၎င်းနောက် ရွေးချယ်ခံရတဲ့ လုပ်ငန်းများကို ထိုင်းနိုင်ငံသို့ ခေါ်ဆောင်ကာ သင်တန်းပို့ချခြင်းနဲ့ ထုတ်ကုန်များကို ထိုင်း Distributor များဖြင့် ဈေးကွက်ချိတ်ဆက်ပေးခြင်းတို့ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Read More >>> မြို့နယ် (၁၆) ခုရှိ SME လုပ်ငန်းရှင်များကို ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးမည်


၎င်း Program မှာ ပါဝင်လိုတဲ့ SME လုပ်ငန်းရှင်များအနေနဲ့ အောက်ဖော်ပြပါအချက်များကို လိုက်နာရမှာဖြစ်ပါတယ်-

စားသောက်ကုန်၊ လူသုံးကုန်နှင့် အဝတ်အထည်ကဏ္ဍမှဖြစ်ရပြီး Manufacturing Sector မှ စက်မှုလုပ်ငန်းများဖြစ်ရပါမယ်။

ဒါ့ပြင် ပိုင်ရှင်ကိုယ်တိုင် ပါဝင်ပြီး သင်တန်းတက်ရောက်ရမှာဖြစ်သလို ထိုင်းနိုင်ငံသို့ ထုတ်ကုန်နှင့်အတူ ကိုယ်တိုင်လိုက်ပါရမှာဖြစ်ပါတယ်။

လက်ရှိ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်နေရမှာဖြစ်ပြီး ပြည်တွင်းဈေးကွက်ခိုင်မာစွာ ရောင်းချနေရတဲ့လုပ်ငန်း ဖြစ်ရပါမယ်။

ထုတ်ကုန်၏ အရည်အသွေးနှင့် ထုပ်ပိုးမှုကောင်းမွန်ရမှာဖြစ်ပြီး Distributor နဲ့ ချိတ်ဆက်ရရှိပါက ဝယ်လိုအားကို ပြည့်မီစေသော Mass Production ထုတ်လုပ်နိုင်သူ ဖြစ်ရမှာ ဖြစ်ပါတယ်။

အထက်ပါအချက်အလက်များနဲ့ ကိုက်ညီပြီး စိတ်ပါဝင်စားပါက (၂၀.၁၁.၂၀၁၉) ရက်နေ့ နောက်ဆုံးထားပြီး မန္တလေးတိုင်းစက်မှုကြီးကြပ် SME ဌာန၊ ဖုန်း-0024039573 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

74443388 561528181056961 31928894252646400 o

Source: SME Mandalay

Read times Last modified on Thursday, 14 November 2019 18:02
Rate this item
(1 Vote)