လာမည့်နှစ်တွင် ပြည်တွင်းဒီဇယ်တင်သွင်းမှု ကျဆင်းသွားနိုင်








Credit: imyanmarhouse

 

Unicode

ဒီဇယ်တင်သွင်းမှုဟာ ၂၀၁၈ -၂၀၁၉ ခုနှစ်အတွင်းမှာ ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။

ယခင်က ပြည်တွင်းဒီဇယ်တင်သွင်းမှုရဲ့ (၃၀) ရာခိုင်နှုန်းခန့်က တရုတ်နိုင်ငံကို ပြန်လည်တင်ပို့ရပေမယ့် ၂၀၁၈ ဧပြီလပိုင်းက စတင်ပြီး တရုတ်က ဝယ်ယူမှုရပ်တန့်လိုက်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

စက်ဆီ/ ချောဆီများကိုဝယ်ယူနိုင်သည့်လုပ်ငန်းများ

ဒါ့အပြင် ဒီဇယ်အသုံးပြုပြီးလုပ်ကိုင်ကြတဲ့ မိုင်းတွင်း၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေကလည်း သုံးစွဲမှုလျော့နည်းလာတာကြောင့် အခုလိုတင်သွင်းမှုကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စက်သုံးဆီ ပြည်တွင်းတင်သွင်းမှုဟာ တစ်လကို ဓာတ်ဆီတန်ချိန် နှစ်သိန်းနဲ့ ဒီဇယ်ဆီတန်ချိန်လေးသိန်းခန့် တင်သွင်းနေတာဖြစ်ပါတယ်။ ဒီလိုတင်သွင်းရာမှာ ဓာတ်ဆီတင်သွင်းမှုကတော့ ပုံမှန်အတိုင်းရှိနေပေမယ့် ဒီဇယ်တင်သွင်းမှုကတော့ တန်ချိန်ငါးသိန်းခန့်သာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်တွင်းစက်သုံးဆီကလည်း ယခုရက်ပိုင်းအတွင်း အနည်းငယ်ကျဆင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။

Read More >>> တရုတ်သို့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း (၄၀၀) ခန့် နေ့စဉ်တင်ပို့

Credit: imyanmarhouse

Read times Last modified on Saturday, 19 October 2019 16:43
Rate this item
(0 votes)