စက္မႈက႑တြင္ တ႐ုတ္ႏွင့္ ေဟာင္ေကာင္မွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဝင္ေရာက္လာ

စက္မႈက႑တြင္ တ႐ုတ္ႏွင့္ ေဟာင္ေကာင္မွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဝင္ေရာက္လာ google

ယခုဘ႑ာႏွစ္အတြင္း တ႐ုတ္ႏုိင္ငံမွ စက္မႈလုပ္ငန္းတစ္ခု၊ ေဟာင္ေကာင္နုိင္ငံမွ စက္မႈလုပ္ငန္း (၄) ခုတို႔ကို ရန္ုကုန္တိုင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီက ၿပီးခဲ့တဲ့ ရက္သတၱပတ္က က်င္းပခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ပထမဆံုးအႀကိမ္ ရင္းႏွီးျမွဳပ္နွံမႈေကာ္မတီအစည္းအေဝးမွာ ခြင့္ျပဳခဲ့ျခင္းျဖစ္ပါတယ္။

နုိင္ငံသားရင္းႏွီးျမွဳပ္ႏွံမႈတစ္ခုကိုလည္း ခြင့္ျပဳေပးခဲ့ၿပီး အဆိုပါလုပ္ငန္းမ်ားရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ သံုးသန္းေက်ာ္နဲ႔ ျမန္မာက်ပ္ေငြသန္း (၁၂၀၀) ေက်ာ္ရွိၿပီး အလုပ္အကိုင္အခြင့္အလမ္း (၃၀၀၀) ေက်ာ္ ဖန္တီးေပးႏုိင္မွာျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ ထုတ္ျပန္ခဲ့ပါတယ္။

Plant & Equipment Manufacturing

လက္ရွိတြင္ တ႐ုတ္ႏွင့္ ေဟာင္ေကာင္က ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးထိပ္တန္း (၅) ႏုိင္ငံမွာ ပါဝင္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ႏိုင္ငံ (၅၀) တြင္ တ႐ုတ္ႏိုင္ငံက ဒုတိယရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျဖစ္ၿပီး ေဟာင္ေကာင္က နံပါတ္ (၅) မွာရွိေနပါတယ္။

စက္တင္ဘာလကုန္အထိ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ စုစုေပါင္း ေဒၚလာ (၈၁.၈) ဘီလီယံေက်ာ္တြင္ တ႐ုတ္ႏိုင္ငံက (၂၅.၄) ရာခိုင္ႏႈန္း၊ ေဟာင္ေကာင္၏ ရင္းႏွီးျမႇဳပ္ႏွံမႈက (၁၃.၈၄) ရာခိုင္ႏႈန္း ရွိပါတယ္။

တ႐ုတ္ႏိုင္ငံက ကုမၸဏီ (၄၀၂) ခုက ေဒၚလာ (၂၀.၈) ဘီလီယံနဲ႔ ေဟာင္ေကာင္က ကုမၸဏီ (၂၂၀) ခုက ေဒၚလာ (၈.၃) ဘီလီယံေက်ာ္ ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံထားပါတယ္။

Source: Myanmar Times,7Day Daily

 

Unicode

ယခုဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းတစ်ခု၊ ဟောင်ကောင်နိုင်ငံမှ စက်မှုလုပ်ငန်း (၄) ခုတို့ကို ရန်ုကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးမှာ ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလည်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သုံးသန်းကျော်နဲ့ မြန်မာကျပ်ငွေသန်း (၁၂၀၀) ကျော်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း (၃၀၀၀) ကျော် ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ထုတ်ပြန်ခဲ့ပါတယ်။

Plant & Equipment Manufacturing 

လက်ရှိတွင် တရုတ်နှင့် ဟောင်ကောင်က မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးထိပ်တန်း (၅) နိုင်ငံမှာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ (၅၀) တွင် တရုတ်နိုင်ငံက ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ဟောင်ကောင်က နံပါတ် (၅) မှာရှိနေပါတယ်။

စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ (၈၁.၈) ဘီလီယံကျော်တွင် တရုတ်နိုင်ငံက (၂၅.၄) ရာခိုင်နှုန်း၊ ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုက (၁၃.၈၄) ရာခိုင်နှုန်း ရှိပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီ (၄၀၂) ခုက ဒေါ်လာ (၂၀.၈) ဘီလီယံနဲ့ ဟောင်ကောင်က ကုမ္ပဏီ (၂၂၀) ခုက ဒေါ်လာ (၈.၃) ဘီလီယံကျော် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။

Read More >>> မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ဖိလစ်ပိုင်ကုမ္ပဏီ ဝင်ရောက်လာ

Source: Myanmar Times,7Day Daily

Read times
Rate this item
(1 Vote)