SME လုပ်ငန်းရှင်များ ချေးငွေအမျိုးအစားအသစ်ဖြစ်တဲ့ အစိမ်းရောင်ဘဏ္ဍာရေးချေးငွေကို ရယူနိုင်

SME လုပ်ငန်းရှင်များ ချေးငွေအမျိုးအစားအသစ်ဖြစ်တဲ့ အစိမ်းရောင်ဘဏ္ဍာရေးချေးငွေကို ရယူနိုင် MCB







- ယာဉ်များ
- အိမ်ခြံမြေ
- ကုမ္ပဏီများ


Source: MCB

 

Unicode

SME လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရဲ့ ပထမဆုံးဘဏ်များထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံသားများဘဏ်မှာ ပိုမိုသက်သာသော အာမခံပစ္စည်းများဖြင့် ချေးငွေပမာဏ သန်း (၅၀၀) အထိ လပေါင်း (၆၀) ရယူနိုင်တဲ့ မြန်ဆန်လွယ်ကူတဲ့ ချေးငွေအမျိုးအစားအသစ် Green Financing SME ကို ရယူနိုင်ပြီ ဖြစ်ပါတယ်။

၎င်းချေးငွေအတွက် Grace periods များလည်း ရရှိနိုင်တဲ့အပြင် ချေးငွေလျှောက်ထားသူများ အဆင်ပြေစေရန် ဝယ်ယူတဲ့ကိရိယာပစ္စည်းများ၊ စက်ပစ္စည်းများကိုလည်း အာမခံအဖြစ် ဘဏ်မှလက်ခံပေးပါတယ်၊ ဒါ့ပြင် လိုအပ်တဲ့ စာရွက်စာတမ်းများ ပေးအပ်ပြီးတဲ့နေ့ကစပြီး (၃-၂၁) ရက်အတွင်း ချေးငွေရရှိဖို့ ဆောင်ရွက်ပေးပါတယ်။ အတိုးနှုန်းအနေနဲ့ကတော့ လက်ကျန်ချေးငွေအပေါ်မှာ တစ်လ (၁.၀၈၃) % ဖြစ်ပါတယ်။

တရားဝင်အတိုင်ပင်ခံလုပ်ငန်းများကို ရှာရန်နှိပ်ပါ 

အဆိုပါ Green Financing SME ချေးငွေရယူလိုတဲ့ လုပ်ငန်းရှင်များ/ ကုမ္ပဏီများအနေနဲ့ လုပ်ငန်းလည်ပတ်တဲ့ကာလ အနည်းဆုံး တစ်နှစ်ရှိပြီးဖြစ်ရပါမယ်။ ပေးဆပ်မှုများကိုလည်း လစဉ်ပုံမှန်နှုန်းထားများဖြင့် ပေးသွင်းရပါမယ်။ လုပ်ငန်းဆောင်ရွက်မှုအတွက် ကျသင့်ငွေ (၁-၂) % ကို (တစ်ကြိမ်သာ) ကြိုတင်ပြီး ပေးရပါမယ်။ ၎င်းအတွက် ချေးငွေမှနှုတ်ယူထားမှာဖြစ်ပြီး Client ရဲ့ ကိုယ်ပိုင်ငွေကို အသုံးပြုပြီးထုတ်ပေးဖို့မလိုအပ်ပါ။

လိုအပ်တဲ့စာရွက်စာတမ်းများကတော့
- နိုင်ငံသားမှတ်ပုံတင်မိတ္တူ
- အခွန်အတွက် စာရင်းသွင်းမှု
- ကုမ္ပဏီ၏ စည်းမျဉ်းသတ်မှတ်ချက်များ
- Cardboard signature Depot
- နှစ်နှစ်စာ ငွေကြေးအစီရင်ခံစာဖော်ပြချက်များ

ဘဏ်သို့ပေးအပ်ထားရှိနိုင်သည်များ
- ကိရိယာပစ္စည်းများ၊ စက်ပစ္စည်းများ
- ယာဉ်များ
- အိမ်ခြံမြေ
- ကုမ္ပဏီများ

ချေးငွေစီစစ်သည့် လုပ်ငန်းစဉ်
- ဘဏ်နှင့် customer စာချုပ်ချုပ်ဆိုခြင်း၊
- ပရောဂျက်အရွယ်အစား၊ ရင်းနှီးမြှုပ်နှံမည့်အနေအထားအား ဘဏ်မှ အနည်းငယ် စိစစ်ခြင်း၊ ချေးငွေပေးရန်ဆုံးဖြတ်ပါက client အား တရားဝင် ဆက်သွယ် ပြောကြားခြင်း၊
- ဘဏ်မှ client ထံသို့ သွားရောက် တွေ့ဆုံ၍ စိစစ်မှုပြုခြင်း၊
- ဘဏ်မှ စိစစ်သုံးသပ်၍ ချေးငွေအား အတည်ပြုခြင်း၊
- အာမခံပစ္စည်းများအား ဘဏ်၌ စာရင်းသွင်း၍ ချေးငွေထုတ်ပေးခြင်း၊
- Client မှ ချေးငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်း၊
- လုပ်ကိုင်ဆောင်ရွက်မှုအား ဘဏ်မှ စောင့်ကြပ်ကြည့်ရှုခြင်း၊
- client မှ ချေးငွေပြန်ဆပ်ခြင်း၊ လိုအပ်ပါက ချေးငွေအသစ် လျှောက်ထားခြင်း၊

Read More >>> SME လုပ်ငန်းရှင်များ မြန်မာ့စီးပွားရေးဘဏ်မှာ JICA နှစ်ဆင့်ထုတ်ချေးငွေလျှောက်ထားနိုင်

Source: MCB

Read times Last modified on Saturday, 19 October 2019 09:52
Rate this item
(0 votes)