သီလဝါသည္ ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈ ေစ်းကြက္တြင္ အေရးပါသည့္ အထူူးစီးပြားေရးဇုန္တစ္ခု ျဖစ္လာႏုိင္

ဂ်ပန္ႏိုင္ငံမွ ဆူဇူကီးနဲ႔ တိုယိုတာကုမၸဏီတို႔ လာေရာက္ ရင္းႏွီးျမဳပ္ႏွံေနၿပီျဖစ္တဲ့ သီလဝါအထူးစီးပြားေရးဇုန္ဟာ အနာဂတ္ ေမာ္ေတာ္ယာဥ္

ထုတ္လုပ္မႈေစ်းကြက္မွာ အေရးပါတဲ့ အထူးစီးပြားေရးဇုန္တစ္ခု ျဖစ္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း Myanmar Japan Thilawa Development Ltd (MJTD) ၏ President & CEO ျဖစ္သူ Mr. Tomoyasu SHIMIZU က ေျပာၾကားပါတယ္။

ဆူဇူကီးမွ တစ္ရက္ကုိ ေမာ္ေတာ္ကား (၄၈) စီး တပ္ဆင္ထုတ္လုပ္လ်က္ရွိၿပီး ျမန္မာႏုိ္င္ငံေစ်းကြက္တြင္ ၂၀၁၉ ၾသဂုတ္လကုန္ထိ ေမာ္ေတာ္ယာဥ္အစီးေရ (၁၀၄၂၈) စီး ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရပါတယ္။

ယာဥ္အပိုအစိတ္အပိုင္းမ်ားကို ရွာရန္ႏွိပ္ပါ

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္း ဆူဇူကီးမွ ျမန္မာႏုိင္ငံေစ်းကြက္တြင္ ေမာ္ေတာ္ယာဥ္အစီးေရး (၁၁၆၉၁) စီး ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီး ၎ပမာဏမွာ သတ္မွတ္ရည္မွန္းခ်က္ထက္ ေက်ာ္လြန္ေရာင္းခ်ခဲ့ရျခင္းျဖစ္ၿပီး အနာဂတ္တြင္ ျမန္မာႏုိင္ငံအေနျဖင့္ ယာဥ္အစီးေရ တစ္သန္းအထိ ဝယ္ယူသံုးစြဲႏုိင္မယ့္ ေစ်းကြက္ရွိေနေၾကာင္း Suzuki Motor Corporation ၏ President ျဖစ္သူ Toshihiro Suzuki ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

တိုယိုတာက ေဒၚလာ (၅၂ ဒသမ ၆) သန္း ရင္းႏွီးျမႇဳပ္ႏွံကာ သီလဝါအထူးစီးပြားေရးဇုန္တြင္ စက္႐ုံတည္ေဆာက္ၿပီး ၂၀၂၁ ခုႏွစ္မွ စတင္ကာ တစ္ႏွစ္လွ်င္ Toyota Hilux အစီးေရ (၂၅၀၀) ကို SKD စနစ္ျဖင့္ တပ္ဆင္ ထုတ္လုပ္သြားမွာျဖစ္ေၾကာင္း တိုယိုတာ ေမာ္ေတာ္ေကာ္ပိုေရးရွင္းမွ ၿပီးခဲ့တဲ့ ေမလက သတင္းထုတ္ျပန္ထားပါတယ္။ 

Read More >>> တိုယိုတာက သီလဝါအထူးစီးပြားေရးဇုန္ B တြင္ စက္႐ံုတည္ေဆာက္မည္

သီလဝါအထူးစီးပြားေရးဇုန္ (B) တြင္ တိုယိုတာက စက္႐ုံတည္ေဆာက္ၿပီး ၂၀၂၁ ခုႏွစ္မွ စတင္ကာ ေမာ္ေတာ္ယာဥ္မ်ား တပ္ဆင္ထုတ္လုပ္ရန္ ေျမ (၂၁) ဟက္တာကို ရယူထားေၾကာင္း Myanmar-Japan Thilawa Development ကုမၸဏီလီမီတက္မွ သတင္းရရွိပါတယ္။

Source: Eleven

 

Unicode

ဂျပန်နိုင်ငံမှ ဆူဇူကီးနဲ့ တိုယိုတာကုမ္ပဏီတို့ လာရောက် ရင်းနှီးမြုပ်နှံနေပြီဖြစ်တဲ့ သီလဝါအထူးစီးပွားရေးဇုန်ဟာ အနာဂတ် မော်တော်ယာဉ် ထုတ်လုပ်မှုဈေးကွက်မှာ အရေးပါတဲ့ အထူးစီးပွားရေးဇုန်တစ်ခု ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း Myanmar Japan Thilawa Development Ltd (MJTD) ၏ President & CEO ဖြစ်သူ Mr. Tomoyasu SHIMIZU က ပြောကြားပါတယ်။

ဆူဇူကီးမှ တစ်ရက်ကို မော်တော်ကား (၄၈) စီး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၁၉ သြဂုတ်လကုန်ထိ မော်တော်ယာဉ်အစီးရေ (၁၀၄၂၈) စီး ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ယာဉ်အပိုအစိတ်အပိုင်းများကို ရှာရန်နှိပ်ပါ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ဆူဇူကီးမှ မြန်မာနိုင်ငံဈေးကွက်တွင် မော်တော်ယာဉ်အစီးရေး (၁၁၆၉၁) စီး ထုတ်လုပ်ရောင်းချခဲ့ပြီး ၎င်းပမာဏမှာ သတ်မှတ်ရည်မှန်းချက်ထက် ကျော်လွန်ရောင်းချခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မယ့် ဈေးကွက်ရှိနေကြောင်း Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki ရဲ့ ပြောကြားချက်အရ သိရပါတယ်။

တိုယိုတာက ဒေါ်လာ (၅၂ ဒသမ ၆) သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ (၂၅၀၀) ကို SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ်သွားမှာဖြစ်ကြောင်း တိုယိုတာ မော်တော်ကော်ပိုရေးရှင်းမှ ပြီးခဲ့တဲ့ မေလက သတင်းထုတ်ပြန်ထားပါတယ်။

Read More >>> တိုယိုတာက သီလဝါအထူးစီးပွားရေးဇုန် B တွင် စက်ရုံတည်ဆောက်မည်

သီလဝါအထူးစီးပွားရေးဇုန် (B) တွင် တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန် မြေ (၂၁) ဟက်တာကို ရယူထားကြောင်း Myanmar-Japan Thilawa Development ကုမ္ပဏီလီမီတက်မှ သတင်းရရှိပါတယ်။

Source: Eleven

Read times Last modified on Friday, 18 October 2019 16:22
Rate this item
(0 votes)