ကုန္ထုတ္လုပ္သည့္ စက္ရံုမ်ား ပတ္၀န္းက်င္စီမံခန္႔ခြဲမႈ အစီအစဥ္ မတင္ျပႏိုင္ပါက အေရးယူျခင္းခံရမည္

ကုန္ထုတ္လုပ္သည့္ စက္ရံုမ်ား ပတ္၀န္းက်င္စီမံခန္႔ခြဲမႈ အစီအစဥ္ မတင္ျပႏိုင္ပါက အေရးယူျခင္းခံရမည္ google

အရက္ခ်က္စက္႐ံုမ်ား အပါအဝင္ စက္မႈက႑ (၉) ခုေအာက္ရွိ စက္႐ံုမ်ားအေနနဲ႔ ပတ္ဝန္းက်င္စီမံခန္႔ခြဲမႈအစီအစဥ္ကို သတ္မွတ္ကာလအတြင္း ေရးဆြဲတင္ျပရန္နဲ႔ မလိုက္နာရင္ အေရးယူမွာျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက အမိန္႔စာထုတ္ျပန္ခဲ့ပါတယ္။

ဦးစားေပး စက္မႈလက္မႈက႑ (၉) ခုေအာက္ရွိ လည္ပတ္ေနတဲ့ စက္႐ံု၊ အလုပ္႐ံုမ်ားအတြက္ ပတ္ဝန္းက်င္စီမံခန္႔ခြဲမႈအစီအစဥ္ (EMP) ေရးဆြဲရန္ ကာလတိုးျမႇင့္သတ္မွတ္ျခင္း အမိန္႔ေၾကာ္ျငာစာကို ထုတ္ျပန္တဲ့ေန႔မွ ေျခာက္လအတြင္း ေနာက္ဆံုးထားတင္ျပရန္ သတ္မွတ္ျခင္းျဖစ္ပါတယ္။

အစားအေသာက္ထုတ္လုပ္ငန္းမ်ားကိုရွာရန္ ႏွိပ္ပါ

EMP ေရးဆြဲဖို႔ ပ်က္ကြက္ျခင္းနဲ႔ လိုက္နာမႈမရွိတဲ့ စက္႐ံု၊ အလုပ္႐ံုမ်ားကို တည္ဆဲဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္း၊ လုပ္ထံုးလုပ္နည္းမ်ားနဲ႔အညီ ထိေရာက္စြာ အေရးယူျခင္း (သို႔မဟုတ္) ပတ္ဝန္းက်င္ထိန္းသိမ္းေရးဥပေဒပုဒ္မ (၃၂) အရ တရားစြဲဆိုျခင္းမ်ား လိုအပ္သလို ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း အမိန္႔စာမွာ ေဖာ္ျပထားပါတယ္။

အခုလက စတင္သက္ေရာက္တဲ့ ၎အမိန္႔စာအရ သက္ဆုိင္တဲ့ စက္႐ံုမ်ားမွာ တစ္ရက္ကို လီတာ (၅၀,၀၀၀) နဲ႔အထက္ အရက္၊ ဘီယာနဲ႔ ဝိုင္ ထုတ္လုပ္တဲ့လုပ္ငန္းမ်ား၊ တစ္ရက္ (၁၀) တန္နဲ႔အထက္ အစားအစာနဲ႔ အေဖ်ာ္ယမကာ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား ပါဝင္ေၾကာင္း သိရပါတယ္။

 

Read More >>> ဒဂုံဆိပ္ကမ္းႏွင့္ ဒဂုံအေရွ႕ဆက္စပ္နယ္ေျမရွိ ေျမဧကမ်ားတြင္ စက္မႈဇုန္မ်ား ေဖာ္ေဆာင္မည္

၎လုပ္ငန္းေတြအျပင္ ပိုးသတ္ေဆးအမ်ိဳးမ်ိဳး ထုတ္လုပ္ျခင္း၊ ေဖာ္စပ္ျခင္းနဲ႔ ထည့္သြင္းထုပ္ပိုးျခင္းလုပ္ငန္း၊ တစ္နာရီကို (၁၀) တန္နဲ႔အထက္ ဘိလပ္ေျမထုတ္လုပ္တဲ့လုပ္ငန္း၊ တစ္ရက္ကို တန္ (၂၀) အထက္ ထံုးထုတ္လုပ္တဲ့လုပ္ငန္း၊ တစ္ရက္ကို တစ္တန္နဲ႔အထက္ အဝတ္အထည္၊ ေဆးဆိုးပန္း႐ိုက္၊ ေဆးဆိုးတဲ့ လုပ္ငန္းမ်ားလည္း ပါဝင္ပါတယ္။

ဒါ့အျပင္ တစ္ရက္ကို တန္ (၅၀) အထက္ ထုတ္လုပ္တဲ့ သၾကားစက္႐ံု၊ တန္ (၂၀) အထက္ ထုတ္လုပ္တဲ့ ေပ်ာ့ဖတ္နဲ႔ စကၠဴထုတ္လုပ္ျခင္းလုပ္ငန္း၊ သားေရနယ္စက္႐ံုလုပ္ငန္းနဲ႔ သတၱဳအရည္က်ိဳပံုေလာင္းျခင္း လုပ္ငန္းမ်ား ပါဝင္ပါတယ္။

Source: 7day daily

 

Unicode

အရက်ချက်စက်ရုံများ အပါအဝင် စက်မှုကဏ္ဍ (၉) ခုအောက်ရှိ စက်ရုံများအနေနဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ကို သတ်မှတ်ကာလအတွင်း ရေးဆွဲတင်ပြရန်နဲ့ မလိုက်နာရင် အရေးယူမှာဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။

ဦးစားပေး စက်မှုလက်မှုကဏ္ဍ (၉) ခုအောက်ရှိ လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲရန် ကာလတိုးမြှင့်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်တဲ့နေ့မှ ခြောက်လအတွင်း နောက်ဆုံးထားတင်ပြရန် သတ်မှတ်ခြင်းဖြစ်ပါတယ်။

အစားအသောက်ထုတ်လုပ်ငန်းများကိုရှာရန် နှိပ်ပါ

EMP ရေးဆွဲဖို့ ပျက်ကွက်ခြင်းနဲ့ လိုက်နာမှုမရှိတဲ့ စက်ရုံ၊ အလုပ်ရုံများကို တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ထိရောက်စွာ အရေးယူခြင်း (သို့မဟုတ်) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပုဒ်မ (၃၂) အရ တရားစွဲဆိုခြင်းများ လိုအပ်သလို ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမိန့်စာမှာ ဖော်ပြထားပါတယ်။

အခုလက စတင်သက်ရောက်တဲ့ ၎င်းအမိန့်စာအရ သက်ဆိုင်တဲ့ စက်ရုံများမှာ တစ်ရက်ကို လီတာ (၅၀,၀၀၀) နဲ့အထက် အရက်၊ ဘီယာနဲ့ ဝိုင် ထုတ်လုပ်တဲ့လုပ်ငန်းများ၊ တစ်ရက် (၁၀) တန်နဲ့အထက် အစားအစာနဲ့ အဖျော်ယမကာ ထုတ်လုပ်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရပါတယ်။

Read More >>> ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ဆက်စပ်နယ်မြေရှိ မြေဧကများတွင် စက်မှုဇုန်များ ဖော်ဆောင်မည်

၎င်းလုပ်ငန်းတွေအပြင် ပိုးသတ်ဆေးအမျိုးမျိုး ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်းနဲ့ ထည့်သွင်းထုပ်ပိုးခြင်းလုပ်ငန်း၊ တစ်နာရီကို (၁၀) တန်နဲ့အထက် ဘိလပ်မြေထုတ်လုပ်တဲ့လုပ်ငန်း၊ တစ်ရက်ကို တန် (၂၀) အထက် ထုံးထုတ်လုပ်တဲ့လုပ်ငန်း၊ တစ်ရက်ကို တစ်တန်နဲ့အထက် အဝတ်အထည်၊ ဆေးဆိုးပန်းရိုက်၊ ဆေးဆိုးတဲ့ လုပ်ငန်းများလည်း ပါဝင်ပါတယ်။

ဒါ့အပြင် တစ်ရက်ကို တန် (၅၀) အထက် ထုတ်လုပ်တဲ့ သကြားစက်ရုံ၊ တန် (၂၀) အထက် ထုတ်လုပ်တဲ့ ပျော့ဖတ်နဲ့ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ သားရေနယ်စက်ရုံလုပ်ငန်းနဲ့ သတ္တုအရည်ကျိုပုံလောင်းခြင်း လုပ်ငန်းများ ပါဝင်ပါတယ်။

Source: 7day daily

Read times
Rate this item
(0 votes)