တ႐ုတ္သုိ႔ ေရႊသဘာဝဓာတ္ေငြ႔စီမံကိန္းမွ သဘာဝဓာတ္ေငြ႔ ကုဗေပသန္း (၄၀၀) ခန္႔ ေန႔စဥ္တင္ပို႔

ရခိုင္ကမ္းလြန္ရွိ ေ႐ႊသဘာဝဓာတ္ေငြ႔စီမံကိန္းမွ တ႐ုတ္ႏိုင္ငံသို႔ ေရနံႏွင့္ သဘာဝဓာတ္ေငြ႔ပိုက္လိုင္းျဖင့္ တစ္ရက္လွ်င္ ပ်မ္းမွ်

သဘာဝဓာတ္ေငြ႕ကုဗေပသန္း (၄၀၀) ခန႔္နဲ႔ ရခိုင္ျပည္နယ္ မဒဲကြၽန္းမွ ပ်မ္းမွ် ေရနံစိမ္းတန္ခ်ိန္ (၁၆၀၀၀) ခန႔္ ေန႔စဥ္ ပို႔လႊတ္ေပးလ်က္ရွိေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ သိရပါတယ္။

ျပည္တြင္းသုံးစြဲမႈအေနနဲ႔ကေတာ့ ေန႔စဥ္ သဘာဝဓာတ္ေငြ႕ ကုဗေပသန္း (၁၀၀) ခန႔္ ရယူသုံးစြဲလ်က္ရွိေၾကာင္း သိရပါတယ္။

ျမန္မာ - တ႐ုတ္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႔ပိုက္လိုင္းစီမံကိန္းသည္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ရမ္းၿဗဲကြၽန္းမွ စတင္၍လည္းေကာင္း၊ ေရနံစိမ္းပိုက္လိုင္းသည္ မဒဲကြၽန္းမွ စတင္၍လည္းေကာင္း သြယ္တန္းထားပါတယ္။

ဂတ္စ္ႏွင့္ဆိုင္ေသာလုပ္ငန္းမ်ား

ပိုက္လိုင္းမ်ားမွာ ျမန္မာႏိုင္ငံအတြင္း ရခိုင္ျပည္နယ္၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီးနဲ႔ ရွမ္းျပည္နယ္တို႔ကို ျဖတ္သန္းၿပီး တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံအတြင္းသို႔ အသီးသီး ဝင္ေရာက္သြယ္တန္းထားပါတယ္။ ေရနံစိမ္းပိုက္လိုင္းမွာ စုစုေပါင္း (၇၇၁) ကီလိုမီတာရွည္လ်ားၿပီး သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွာမူ စုစုေပါင္း (၇၉၃) ကီလိုမီတာ ရွည္လ်ားပါတယ္။

၂၀၁၉ ခုႏွစ္ ပထမေျခာက္လတာကာလအတြင္း ျမန္မာ-တ႐ုတ္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံအတြင္းသို႔ ေရနံစိမ္းတန္ခ်ိန္ ငါးသန္းဝန္းက်င္ တင္သြင္းႏိုင္ခဲ့ရာ ယခင္ႏွစ္ကာလတူထက္ (၂ ဒသမ ၇) ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း ယူနန္ျပည္နယ္ ကူမင္းအေကာက္ခြန္ဌာနက ၂၀၁၉ ခုႏွစ္ ဇူလိုင္ (၂၁) ရက္က ထုတ္ျပန္ခဲ့တဲ့ တင္သြင္းမႈ စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

ျမန္မာ-တ႐ုတ္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွာ ကီလိုမီတာ (၁၄၂၀) ဝန္းက်င္ရွည္လ်ားၿပီး ၂၀၁၃ ခုႏွစ္ ဇူလိုင္လတြင္ ၎ပိုက္လိုင္းမွတစ္ဆင့္ သဘာဝဓာတ္ေငြ႕တင္ပို႔မႈမ်ား စတင္ျပဳလုပ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ေရနံစိမ္းတင္ပို႔မႈမ်ား စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။

ေရနံႏွင့္ သဘာဝဓာတ္ေငြ႔ပိုက္လိုင္း စတင္ဖြင့္လွစ္တဲ့အခ်ိန္ကစၿပီး လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ ေရနံစိမ္းတန္ခ်ိန္ (၁၉) သန္းနဲ႔ သဘာဝဓာတ္ေငြ႕တန္ခ်ိန္ (၁၃ ဒသမ ၄၄) သန္း တင္ပို႔ခဲ့ၿပီးျဖစ္ပါတယ္။

ျမန္မာ-တ႐ုတ္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းကို SEAGP ကုမၸဏီက တာန္ယူေဆာင္႐ြက္ၿပီး ေရနံစိမ္းပိုက္လိုင္းကိုမူ SEAOP ကုမၸဏီက တာဝန္ယူေဆာင္႐ြက္ေနျခင္းျဖစ္ပါတယ္။

Source: Eleven

 

Unicode

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် တစ်ရက်လျှင် ပျမ်းမျှ သဘာဝဓာတ်ငွေ့ကုဗပေသန်း (၄၀၀) ခန့်နဲ့ ရခိုင်ပြည်နယ် မဒဲကျွန်းမှ ပျမ်းမျှ ရေနံစိမ်းတန်ချိန် (၁၆၀၀၀) ခန့် နေ့စဉ် ပို့လွှတ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ပြည်တွင်းသုံးစွဲမှုအနေနဲ့ကတော့ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း (၁၀၀) ခန့် ရယူသုံးစွဲလျက်ရှိကြောင်း သိရပါတယ်။

မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းမှ စတင်၍လည်းကောင်း၊ ရေနံစိမ်းပိုက်လိုင်းသည် မဒဲကျွန်းမှ စတင်၍လည်းကောင်း သွယ်တန်းထားပါတယ်။

ဂတ်စ်နှင့်ဆိုင်သောလုပ်ငန်းများ

ပိုက်လိုင်းများမှာ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ အသီးသီး ဝင်ရောက်သွယ်တန်းထားပါတယ်။ ရေနံစိမ်းပိုက်လိုင်းမှာ စုစုပေါင်း (၇၇၁) ကီလိုမီတာရှည်လျားပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာမူ စုစုပေါင်း (၇၉၃) ကီလိုမီတာ ရှည်လျားပါတယ်။

၂၀၁၉ ခုနှစ် ပထမခြောက်လတာကာလအတွင်း မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ရေနံစိမ်းတန်ချိန် ငါးသန်းဝန်းကျင် တင်သွင်းနိုင်ခဲ့ရာ ယခင်နှစ်ကာလတူထက် (၂ ဒသမ ၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယူနန်ပြည်နယ် ကူမင်းအကောက်ခွန်ဌာနက ၂၀၁၉ ခုနှစ် ဇူလိုင် (၂၁) ရက်က ထုတ်ပြန်ခဲ့တဲ့ တင်သွင်းမှု စာရင်းအချက်အလက်များအရ သိရပါတယ်။

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ကီလိုမီတာ (၁၄၂၀) ဝန်းကျင်ရှည်လျားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ၎င်းပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့တင်ပို့မှုများ စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေနံစိမ်းတင်ပို့မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

Read More >>> မြန်မာ့လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ဖိလစ်ပိုင်ကုမ္ပဏီ ဝင်ရောက်လာ

ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ဖွင့်လှစ်တဲ့အချိန်ကစပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံစိမ်းတန်ချိန် (၁၉) သန်းနဲ့ သဘာဝဓာတ်ငွေ့တန်ချိန် (၁၃ ဒသမ ၄၄) သန်း တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာန်ယူဆောင်ရွက်ပြီး ရေနံစိမ်းပိုက်လိုင်းကိုမူ SEAOP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

Source: Eleven

Read times Last modified on Friday, 18 October 2019 13:56
Rate this item
(0 votes)