ဝင်ငွေခွန် ၃% က စီးပွားရေးလုပ်ငန်းများကို လှုပ်ခတ်လာစေမှာလား

ဝင်ငွေခွန် ၃% က စီးပွားရေးလုပ်ငန်းများကို လှုပ်ခတ်လာစေမှာလား google

ကန့်ကွက်မှုများရှိနေပေမယ့်လည်း စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေအပေါ် အခွန်နှုန်းထားများ လျှော့ချရန် ပြည်ထောင်စုလွှတ်တော်မှာ စက်တင်ဘာ (၁၉) ရက်နေ့က အတည်ပြုခဲ့ကြောင်း သိရပါတယ်။ အထူးကုန်စည်ခွန်ကတော့ ယမန်နှစ်ကအတိုင်း ဆက်လက်ကောက်ခံဖို့အတည်ပြုခဲ့ပါတယ်။

ယခုအတည်ပြုနှုန်းထားအရ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေ-

၁ ကျပ် မှ ၁ဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၃ %

၁ဝဝ,ဝဝဝ,ဝဝ၁ မှ ၃ဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၅%

၃ဝဝ,ဝဝဝ,ဝဝ၁ မှ ၁,ဝဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၁ဝ%

၁,ဝဝဝ,ဝဝဝ,ဝဝ၁ မှ ၃,ဝဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၁၅%

၃,ဝဝဝ,ဝဝဝ,ဝဝ၁ နှင့် အထက် ဝင်ငွေခွန် ၃၀% ဖြစ်ပါတယ်။

အခုပြဌန်းခဲ့တာက ဝင်ငွေခွန်မဟုတ်ပဲ ဝင်ငွေခွန်စည်းကြပ်မှုကနေ လွတ်နေတဲ့ငွေအတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် နားလည်လွယ်အောင်ပြောရရင်တော့ ဘာရင်းနှီးမြှုပ်နှံမှုမလုပ်ဘူးဆိုရင် အခွန် (၃၀) ရာခိုင်နှုန်းဆောင်ရမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတစ်ခုခု လုပ်မယ် (အခန်းဝယ်၊ ဆောက်လုပ်ရေးတိုးချဲ့၊ လုပ်ငန်းထောင်ဆိုရင်) အဲ့အတွက် ဝင်ငွေခွန်ဆောင်ပြီးသားပမာဏက ထပ်ဆောင်စရာမလိုပါဘူး။ဒါပေမယ့် မဆောင်ရသေးတဲ့အပိုင်းအတွက် သိန်း (၁,၀၀၀) အထိကို (၃) ရာခိုင်နှုန်းဆောင်ရပါမယ်။

Construction Services (ဆောက်လုပ်ရေးလုပ်ငန်း ၂၁၅၇ ခုကိုရှာရန် နှိပ်ပါ)

ရတဲ့သိန်း (၁,၀၀၀) ကို ဘယ်ကရတယ်ဆိုတာ မဖော်ပြနိုင်ရင်တော့ သက်သာခွင့်အတွက်မေ့လိုက်ပြီး အခွန် (၃၀) ရာခိုင်နှုန်းသာ ဆောင်တော့ပေါ့။ ဒါပေမယ့် ဖွင့်ပေးထားတာတစ်ခုက မဖော်ပြေနိုင်ပေမယ့် သိန်း (၁,၀၀၀) ကို အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် အခွန်က (၃) ရာခိုင်နှုန်းဖြစ်သွားပါမယ်။

ဒီတော့ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ တွန်းအားပေးလိုက်သလိုဖြစ်လာတယ်လို့ ထင်စရာရှိပါတယ်။ ဒါကြောင့် constructor နဲ့ developer တွေအတွက်တော့ လုပ်ငန်းလည်ပတ်ဖို့တော်တော်လေးအဆင်ပြေသွားစေမှာဖြစ်ပါတယ်။

ဒီအခွန်ဥပဒေကြမ်းဟာ လူလတ်တန်းစားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်အငယ်တွေကိုပဲ သက်သာစေတာပါ။ သိန်းသောင်းချီအလုပ်လုပ်မယ့် သူတွေအတွက် ပုံမှန်နီးပါးပဲ အခွန်ဆောင်ရမှာပါ။ လူလတ်တန်းစားတစ်ယောက် (၃%) အခွန်ဆောင်ပြီး ကားစီးတာ၊ တိုက်ခန်းဝယ်တာဟာ ပြည်ထောင်စုအတွက် အရင်ကမရတဲ့အခွန်တွေပိုရစေမှာပါ။

အခွန်သက်သာခွင့်ကြောင့် ငွေမည်းတွေ ဖြူသွားတော့မှာလားလို့ စဉ်းစားမိတာများလား။ အခွန်သက်သာခွင့် ခဏခဏပေးရင်တော့ တစ်မျိုးပေါ့။ အခုလိုနှစ် ၂၀ မှ တစ်ခါလောက်ပေးတာက သူများနိုင်ငံတွေလဲလုပ်ပါတယ်။ တိုင်းပြည်ရဲ့ လေးလံတဲ့ စီးပွားရေးပြန်သွက်လက်လာအောင်လုပ်တာပါ။

Car/Truck Manufacturers/Dealers (ကား၊ ထရပ်ရောင်းချး/ ထုတ်လုပ်ရေးသူများကိုရှာရန် နှိပ်ပါ)

ကားလောကအတွက် ဘာတွေဖြစ်လာနိုင်မလဲ?

ကားလောကအတွက် လက်ရှိမှာကောက်ခံနေတာက (၁၅) ရာခိုင်နှုန်းပါ။ (၃) ရာခိုင်နှုန်းဖြစ်သွားလို့ အသစ်ဘယ်မောင်း (brand new) တွေ ဈေးကျသွားမယ်။ ဒီတော့ brand new ဝယ်လိုအားတက်လာနိုင်ပါတယ်။ ဒါရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ တစ်ပတ်ရစ်ညာမောင်း (used) တွေ ဝယ်လိုအားမကျရင်တောင်မှ ဈေးအတော်အသင့်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ဝင်ငွေခွန်လျှော့ချသတ်မှတ်မှုက တစ်ပတ်ရစ်ကားဈေးကွက်အတွက် ရိုက်ခေတ်မှုတွေရှိလာနိုင်တယ်ဆိုပြီး ကားလောကမှာသုံးသပ်ပြောဆိုနေကြတာတွေရှိပါတယ်။

 

Credit: Original Writer
Myanmar Industry Directory

Read times
Rate this item
(1 Vote)