မန္တလေးရှိ နိုင်ငံတကာအဆင့်မီ ကွန်ကရစ်စက်ရုံကြီး စမ်းသပ်လည်ပတ်နေ

မန္တလေးရှိ နိုင်ငံတကာအဆင့်မီ ကွန်ကရစ်စက်ရုံကြီး စမ်းသပ်လည်ပတ်နေ google

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင်ဖြစ်တဲ့ ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ ကွန်ကရစ်စက်ရုံ စမ်းသပ်လည်ပတ်မှုကို စက်တင်ဘာ (၆) ရက်က ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

၎င်းနေရာသို့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်များ အပါအဝင် အဆောက်အအုံနှင့် ကုန်ရုံများဌာန ဌာနမှူးတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။

အဆိုပါစက်ရုံမှာ ယခုအခါ တစ်မီတာအရှည် ကွန်ကရစ်ပေါင်အခု (၂၀၀) ကျော်ကို နေ့စဉ်ထုတ်လုပ်နေပြီး နောက်ပိုင်းမှာ အခု (၃၀၀) ကျော် ထုတ်လုပ်သွားနိုင်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။

Concrete Products & Services (ကွန်ကရစ်ပစ္စည်းများနှင့်ဝန်ဆောင်မှုလုပ်ငန်း (၄၆၀) ခုကိုရှာရန် နှိပ်ပါ)

အခုအခါမှာတော့ ပုံစံခွက်အရေအတွက် (၁၄၄) ခုသာရှိသေးပြီး ယခုဘတ်ဂျတ်နှစ်မှာ တစ်ပေ၊ တစ်ပေခွဲ၊ နှစ်ပေနဲ့ နှစ်ပေခွဲ ကွန်ကရစ် (၆၅,၇၀၀) လျာထားကြောင်း၊ လက်ကျန် ပေ (၂၆,၀၀၀) ကို ယခုလအတွင်း အပြီးတည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

စက်ရုံအနေနဲ့ ရေမြောင်းငယ်တွေအတွက် စတင်ထုတ်လုပ်ပြီး နောက်ပိုင်းမှာတော့ (၁၀) ပေအကျယ်ရှိတဲ့ ရေမြောင်းကြီးတွေအတွက်ပါ ထုတ်လုပ်မှုများလာရင် Gantry ကရိန်းတွေကို ထပ်မံတိုးချဲ့တပ်ဆင်သွားမှာဖြစ်ပါတယ်။ ကွန်ကရစ်ဖျော်စက်ဟာဆိုရင် တစ်နာရီကို ကုဗမီတာ (၁၂၀) အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး အရည်အသွေးကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ထားပါတယ်။

 

Read More >>> မြန်မာနိုင်ငံတွင် ဈေးကွက်ရှာဖွေတော့မည့် တောင်ကိုရီးယားဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သူများ

Concrete batching plant ကလည်း အလိုအလျောက် အဆင့်မြင့် ကွန်ပျူတာစနစ်ဖြစ်ခြင်းကြောင့် လိုချင်တဲ့ ဒီဇိုင်းပုံစံ (၆) မျိုးအနက် အသင့်တော်ဆုံးကို ရွေးချယ်သုံးလို့ရကြောင်း၊တစ်နာရီကို ကုဗမီတာ (၁၂၀) ထုတ်လုပ်နိုင်မှာဖြစ်ပြီး Precast plant အပြင် လမ်းခင်းဖို့ ဆောက်လုပ်ဖို့အတွက်ပါ အသုံးပြုလို့ရမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: imyanmarhouse
Myanmar Industry Directory

Read times
Rate this item
(0 votes)