မြန်မာနိုင်ငံတွင် ဈေးကွက်ရှာဖွေတော့မည့် တောင်ကိုရီးယားဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သူများ

မြန်မာနိုင်ငံတွင် ဈေးကွက်ရှာဖွေတော့မည့် တောင်ကိုရီးယားဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သူများ google

တောင်ကိုရီးယားနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သူများက မြန်မာနိုင်ငံမှာ ဈေးကွက်ရှာဖွေပြီး ရင်းနှီးမြှုပ်နှံဖို့ အောက်တိုဘာလမှာ လာရောက်မှာဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ်မှုတိုးမြှင့်ရန်နဲ့ နှစ်နိုင်ငံနည်းပညာများဖလှယ်ဆောင်ရွက်နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။ ဆက်လက်ပြီး ''အောက်တိုဘာခရီးစဉ် သူတို့လာတဲ့အခါ ဒီမှာ စက်ရုံတွေတည်ပြီး ရင်းနှီးမြှုပ်နှံနိုင်မလား၊ သူတို့ထုတ်ကုန်တွေ ဈေးကွက်ရှိနိုင်မလား၊ ဒါတွေကို လေ့လာကြမယ်ထင်ပါတယ်" လို့ ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်း (၂၄၆၃)ခုကို ရှာရန် နှိပ်ပါ

တောင်ကိုရီးယားသမ္မတခရီးစဉ်အပြီး တောင်ကိုရီးယားနဲ့ မြန်မာနှစ်နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တောင်ကိုရီးယား ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သူများအသင်းနဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်တို့ စက်တင်ဘာ (၄) ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့ပြင် ဒလတံတားနဲ့ မြို့သစ်စီမံကိန်း၊ ညောင်နှစ်ပင်စက်မှုဇုန်စီမံကိန်းများအပါအဝင် အခြေခံအဆောက်အအုံပိုင်းမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာများကို တောင်ကိုရီးယားသမ္မတခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်အနေနဲ့လည်း နှစ်နိုင်ငံ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းသတင်း အချက်အလက်များဖြန့်ဝေခြင်း၊ ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး စတာတွေကို တောင်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်နေပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာလည်း တောင်ကိုရီးယားနိုင်ငံထုတ် ဆောက်လုပ်ရေးယန္တရားများ သုံးစွဲနေပြီး အိမ်အမိုးသွပ်ပြားများအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ ဈေးကွက်ရရှိနေကြောင်း သိရပါတယ်။

Source: 7Day Daily

 

<<<Zawgyi>>>

ျမန္မာႏုိင္ငံတြင္ ေစ်းကြက္ရွာေဖြေတာ့မည့္ ေတာင္ကိုရီးယားေဆာက္လုပ္ေရးပစၥည္း ထုတ္လုပ္သူမ်ား

ေတာင္ကုိရီးယားႏုိင္ငံမွ ေဆာက္လုပ္ေရးပစၥည္း ထုတ္လုပ္သူမ်ားက ျမန္မာႏုိင္ငံမွာ ေစ်းကြက္ရွာေဖြၿပီး ရင္းႏွီးျမွဳပ္ႏွံဖုိ႔ ေအာက္တုိဘာလမွာ လာေရာက္မွာျဖစ္ေၾကာင္း ျမန္မာႏုိင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္ အတြင္းေရးမွဴး ဦးမ်ိဳးျမင့္က ေျပာပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းမ်ား ကုန္သြယ္မႈတုိးျမွင့္ရန္နဲ႔ ႏွစ္ႏိုင္ငံနည္းပညာမ်ားဖလွယ္ေဆာင္ရြက္ႏုိင္ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားပါတယ္။ ဆက္လက္ၿပီး ''ေအာက္တုိဘာခရီးစဥ္ သူတုိ႔လာတဲ့အခါ ဒီမွာ စက္႐ံုေတြတည္ၿပီး ရင္းႏွီးျမွဳပ္ႏွံႏုိင္မလား၊ သူတုိ႔ထုတ္ကုန္ေတြ ေစ်းကြက္ရွိႏုိင္မလား၊ ဒါေတြကို ေလ့လာၾကမယ္ထင္ပါတယ္" လုိ႔ ေျပာပါတယ္။

Building Materials( ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းမ်ားထုတ္လုပ္သည့္လုပ္ငန္း (၂၄၆၃)ခုကို ရွာရန္ ႏွိပ္ပါ)

ေတာင္ကုိရီးယားသမၼတခရီးစဥ္အၿပီး ေတာင္ကုိရီးယားနဲ႔ ျမန္မာႏွစ္ႏုိင္ငံ တည္ေဆာက္ေရးလုပ္ငန္းမ်ား ပူးေပါင္းေဆာင္ရြက္ႏုိင္ရန္ ေတာင္ကိုရီးယား ေဆာက္လုပ္ေရးပစၥည္းထုတ္လုပ္သူမ်ားအသင္းနဲ႔ ျမန္မာႏုိင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္တုိ႔ စက္တင္ဘာ (၄) ရက္က နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထုိးခဲ့ၾကပါတယ္။

ဒါ့ျပင္ ဒလတံတားနဲ႔ ၿမိဳ႕သစ္စီမံကိန္း၊ ေညာင္ႏွစ္ပင္စက္မႈဇုန္စီမံကိန္းမ်ားအပါအဝင္ အေျခခံအေဆာက္အအံုပိုင္းမွာ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္ရန္ နားလည္မႈစာခၽြန္လႊာမ်ားကို ေတာင္ကိုရီးယားသမၼတခရီးစဥ္မွာ လက္မွတ္ေရးထုိးခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအဖြဲ႔ခ်ဳပ္အေနနဲ႔လည္း ႏွစ္ႏုိင္ငံ ေဆာက္လုပ္ေရးပစၥည္းေစ်းႏႈန္းသတင္း အခ်က္အလက္မ်ားျဖန္႔ေဝျခင္း၊ ေဆာက္လုပ္ေရးကၽြမ္းက်င္လုပ္သားမ်ား ေမြးထုတ္နုိင္ေရး စတာေတြကို ေတာင္ကိုရီးယားႏုိင္ငံနဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္ရန္ ေမ်ွာ္လင့္ေနပါတယ္။

 

Read More >>> ႏိုင္ငံတကာအဆင့္မီ ၿမိဳ႕ျပႀကီးတစ္ခု သီလဝါအထူးစီးပြားေရးဇုန္တြင္ ထည့္သြင္းတည္ေဆာက္မည္

လက္ရွိ ျပည္တြင္းေစ်းကြက္မွာလည္း ေတာင္ကိုရီးယားႏုိင္ငံထုတ္ ေဆာက္လုပ္ေရးယႏၱရားမ်ား သံုးစြဲေနၿပီး အိမ္အမိုးသြပ္ျပားမ်ားအပါအဝင္ ေဆာက္လုပ္ေရးပစၥည္းမ်ား ေစ်းကြက္ရရွိေနေၾကာင္း သိရပါတယ္။

 

Source: 7Day Daily
Myanmar Industry Directory

Read times Last modified on Friday, 21 February 2020 17:34
Rate this item
(0 votes)