သီလဝါအထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ (၁၀) သန်း ရင်းနှီးမြှုပ်နှံမည့် ထိုင်းနိုင်ငံ

သီလဝါအထူးစီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ (၁၀) သန်း ရင်းနှီးမြှုပ်နှံမည့် ထိုင်းနိုင်ငံ Eleven

ထိုင်းနိုင်ငံ Siam GS Battery ကုမ္ပဏီက မြန်မာနိုင်ငံ သီလဝါအထူးစီးပွားရေးဇုန်မှာ အမေရိကန်ဒေါ်လာ (၁၀) သန်း ရင်းနှီးမြှုပ်နှံကာ ဘက်ထရီစက်ရုံတစ်ရုံ တည်ဆောက်သွားမှာဖြစ်ကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် Siam Motors Group ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Siam GS Battery ကုမ္ပဏီဟာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါအထူးစီးပွားရေးဇုန်မှာ (၉,၀၀၀) စတုရန်းမီတာ (စတုရန်းပေ ၂၉,၅၂၇ ခန့်) အကျယ်အဝန်းရှိတဲ့ စက်ရုံတစ်ရုံ တည်ဆောက်မှာဖြစ်ပြီး တစ်နှစ်ကို ပြုပြင်ထိန်းသိမ်းစရာမလိုတဲ့ ဘက်ထရီအလုံးရေ (၇၆,၀၀၀) ခန့် ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစက်ရုံအတွက် ငါးနှစ်စာကော်ပိုရိတ်ခွန်ကင်းလွတ်ခွင့်၊ စက်ပစ္စည်းများ တင်သွင်းလာခြင်းအတွက် သွင်းကုန်ခွန်ကင်းလွတ်ခွင့်နဲ့ နှစ် (၅၀) မြေငှာရမ်းခွင့်၊ နောက်ထပ် (၂၅) နှစ် မြေငှားရမ်း သက်တမ်းတိုးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမက်လုံးများ ရရှိမှာဖြစ်ပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်မှာ ဆောက်လုပ်မယ့် အဆိုပါစက်ရုံအတွက် ဒေသခံအလုပ်သမား (၃၁) ဦးကိုလည်း ငှားရမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဘက်ထရီများကိုဝယ်ယူနိုင်သည့်လုပ်ငန်း ၅၀ ခုကိုရှာရန် နှိပ်ပါ

“အခုလုပ်မယ့် အစောပိုင်းအဆင့်မှာတော့ လက်ရှိဈေးကွက်ထဲမှာသုံးနေတဲ့ ဘက်ထရီတွေကို ပြန်လည်အစားထိုးဖို့ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက အခုထုတ်လုပ်မယ့် ပြုပြင်ထိန်းသိမ်းစရာမလိုတဲ့ ဘက်ထရီ အမျိုးအစားကို သုံးတဲ့နှုန်းက ၂၀ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ကျန်တဲ့သူတွေက ပိုပြီးဈေးချိုတဲ့၊ ရေဖြည့်ရတဲ့ ဘက်ထရီကို သုံးနေကြဆဲပါ” လို့ Siam GS Battery Myamar ရဲ့ မန်နေဂျင်းဒါရိုက်တာ ကာနစ်နွန်းနန်က ပြောကြားပါတယ်။

အခုထုတ်လုပ်မယ့် ဘက်ထရီများမှာ မော်တော်ယာဉ်များအတွက်သာမက အိမ်သုံးလျှပ်စစ်မီးအတွက်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စူဇူကီး၊ နစ်ဆန်၊ ဖို့ဒ်၊ ဟွန်ဒိုင်းနဲ့ တိုယိုတာကုမ္ပဏီများက မော်တော်ယာဉ်တပ်ဆင်တဲ့ စက်ရုံများ တည်ဆောက်ထားရာ Siam GS Battery ကုမ္ပဏီက အဆိုပါကုမ္ပဏီများအတွက် ဘက်ထရီများ ရောင်းချမှာဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

Siam GS Battery မှ ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းဘတ်ငွေ သန်းတစ်ထောင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ ဆောက်လုပ်မယ့် ဒေါ်လာ (၁၀) သန်းတန် ဘက်ထရီစက်ရုံမှာ ၎င်းအစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သိရပါတယ်။

ကျန်ရင်းနှီးမြှုပ်နှံမှုကို ထိုင်းနိုင်ငံ ဆမတ်ပရာကန်ခရိုင်ရှိ ဘန်ပူးစက်မှုဇုန်ရှိ ခဲအက်ဆစ်ဘက်ထရီစက်ရုံ ထုတ်လုပ်မှုတိုးချဲ့ခြင်းအတွက် သုံးစွဲသွားမှာဖြစ်ကြောင်း အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

Source: The Voice

 

<<<Zawgyi>>>

သီလဝါအထူးစီးပြားေရးဇုန္တြင္ အေမရိကန္ေဒၚလာ (၁၀) သန္း ရင္းႏွီးျမႇဳပ္ႏွံမည့္ ထိုင္းႏိုင္ငံ

ထိုင္းႏိုင္ငံ Siam GS Battery ကုမၸဏီက ျမန္မာႏိုင္ငံ သီလဝါအထူးစီးပြားေရးဇုန္မွာ အေမရိကန္ေဒၚလာ (၁၀) သန္း ရင္းႏွီးျမႇဳပ္ႏွံကာ ဘက္ထရီစက္႐ုံတစ္႐ုံ တည္ေဆာက္သြားမွာျဖစ္ေၾကာင္း Bangkok Post သတင္းမွာ ေဖာ္ျပထားပါတယ္။

ထိုင္းႏိုင္ငံအေျခစိုက္ Siam Motors Group ရဲ႕ ကုမၸဏီခြဲျဖစ္တဲ့ Siam GS Battery ကုမၸဏီဟာ ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္ သီလဝါအထူးစီးပြားေရးဇုန္မွာ (၉,၀၀၀) စတုရန္းမီတာ (စတုရန္းေပ ၂၉,၅၂၇ ခန္႔) အက်ယ္အဝန္းရွိတဲ့ စက္႐ုံတစ္႐ုံ တည္ေဆာက္မွာျဖစ္ၿပီး တစ္ႏွစ္ကို ျပဳျပင္ထိန္းသိမ္းစရာမလိုတဲ့ ဘက္ထရီအလုံးေရ (၇၆,၀၀၀) ခန္႔ ထုတ္လုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါစက္႐ုံအတြက္ ငါးႏွစ္စာေကာ္ပိုရိတ္ခြန္ကင္းလြတ္ခြင့္၊ စက္ပစၥည္းမ်ား တင္သြင္းလာျခင္းအတြက္ သြင္းကုန္ခြန္ကင္းလြတ္ခြင့္နဲ႔ ႏွစ္ (၅၀) ေျမငွာရမ္းခြင့္၊ ေနာက္ထပ္ (၂၅) ႏွစ္ ေျမငွားရမ္း သက္တမ္းတိုးႏိုင္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာမက္လုံးမ်ား ရရွိမွာျဖစ္ပါတယ္။ သီလဝါအထူးစီးပြားေရးဇုန္မွာ ေဆာက္လုပ္မယ့္ အဆိုပါစက္႐ုံအတြက္ ေဒသခံအလုပ္သမား (၃၁) ဦးကိုလည္း ငွားရမ္းသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Batteries (ဘက္ထရီမ်ားကိုဝယ္ယူႏုိင္သည့္လုပ္ငန္း ၅၀ ခုကိုရွာရန္ ႏွိပ္ပါ)

“အခုလုပ္မယ့္ အေစာပိုင္းအဆင့္မွာေတာ့ လက္ရွိေဈးကြက္ထဲမွာသုံးေနတဲ့ ဘက္ထရီေတြကို ျပန္လည္အစားထိုးဖို႔ပါ။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာက အခုထုတ္လုပ္မယ့္ ျပဳျပင္ထိန္းသိမ္းစရာမလိုတဲ့ ဘက္ထရီ အမ်ိဳးအစားကို သုံးတဲ့ႏႈန္းက ၂၀ ရာခိုင္ႏႈန္းပဲ ရွိပါေသးတယ္။ က်န္တဲ့သူေတြက ပိုၿပီးေဈးခ်ိဳတဲ့၊ ေရျဖည့္ရတဲ့ ဘက္ထရီကို သုံးေနၾကဆဲပါ” လို႔ Siam GS Battery Myamar ရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ကာနစ္ႏြန္းနန္က ေျပာၾကားပါတယ္။

အခုထုတ္လုပ္မယ့္ ဘက္ထရီမ်ားမွာ ေမာ္ေတာ္ယာဥ္မ်ားအတြက္သာမက အိမ္သုံးလၽွပ္စစ္မီးအတြက္လည္း အသုံးျပဳႏ္ိုင္မွာျဖစ္ပါတယ္။ ျမန္မာႏ္ိုင္ငံမွာ စူဇူကီး၊ နစ္ဆန္၊ ဖို႔ဒ္၊ ဟြန္ဒိုင္းနဲ႔ တိုယိုတာကုမၸဏီမ်ားက ေမာ္ေတာ္ယာဥ္တပ္ဆင္တဲ့ စက္႐ုံမ်ား တည္ေဆာက္ထားရာ Siam GS Battery ကုမၸဏီက အဆိုပါကုမၸဏီမ်ားအတြက္ ဘက္ထရီမ်ား ေရာင္းခ်မွာျဖစ္ေၾကာင္းလည္း ၎က ဆိုပါတယ္။

 

Read More >>> တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားက ျမန္မာ-တ႐ုတ္ သီးသန္႔စက္မႈဇုန္ထူေထာင္လိုေၾကာင္း ကမ္းလွမ္း

Siam GS Battery မွ ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၂၀ ျပည့္ႏွစ္အတြင္း ထိုင္းဘတ္ေငြ သန္းတစ္ေထာင္ ရင္းႏွီးျမႇဳပ္ႏွံရန္ စီစဥ္ထားၿပီး သီလဝါအထူးစီးပြားေရးဇုန္မွာ ေဆာက္လုပ္မယ့္ ေဒၚလာ (၁၀) သန္းတန္ ဘက္ထရီစက္႐ုံမွာ ၎အစီအစဥ္ရဲ႕ အစိတ္အပိုင္းျဖစ္ေၾကာင္း သိရပါတယ္။

က်န္ရင္းႏွီးျမႇဳပ္ႏွံမႈကို ထိုင္းႏ္ိုင္ငံ ဆမတ္ပရာကန္ခ႐ိုင္ရွိ ဘန္ပူးစက္မႈဇုန္ရွိ ခဲအက္ဆစ္ဘက္ထရီစက္႐ုံ ထုတ္လုပ္မႈတိုးခ်ဲ႕ျခင္းအတြက္ သုံးစြဲသြားမွာျဖစ္ေၾကာင္း အဆိုပါသတင္းမွာ ေဖာ္ျပထားပါတယ္။

 

Source: The Voice
Myanmar Industry Directory

Read times Last modified on Monday, 24 February 2020 16:21
Rate this item
(1 Vote)

Related items