ကယားပြည်နယ်တွင် တည်ဆောက်တော့မည့် မြန်မာ့ပထမဆုံး ရာနှုန်းပြည့်သတ္တုကုန်ချောစက်ရုံ

ကယားပြည်နယ်တွင် တည်ဆောက်တော့မည့် မြန်မာ့ပထမဆုံး ရာနှုန်းပြည့်သတ္တုကုန်ချောစက်ရုံ google

ကယားပြည်နယ်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်ဖြင့် တစ်နှစ်ကို တန်ချိန် (၅၀၀၀) ထုတ်လုပ်နိုင်မယ့် မြန်မာ့ပထမဆုံး ရာနှုန်းပြည့်သတ္တုကုန်ချောစက်ရုံကို တည်ဆောက်တော့မှာဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။

၎င်းစက်ရုံကို ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်အပိုင်း (၂) ကွင်းအမှတ် (၁၂၃)၊ နွားလပို့အနောက်ဦးပိုင် အမှတ် (၃၉/ ၉၃)၊ မြေဧရိယာ (၁၁၃) ဧကပေါ်မှာ Global South Industrial Company Limited က တည်ဆောက်မှာဖြစ်ပြီး ဒေသခံပြည်သူ (၅၀၀) ကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

၎င်းစက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း (၅၀) ရင်းနှီးမြှုပ်နှံထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူနန်ပြည်နယ်အခြေစိုက် HUNAN Global South Industrial Company Limited ဘက်က (၉၀) ရာခိုင်နှုန်း၊ မြန်မာနိုင်ငံကုမ္ပဏီဘက်က (၁၀) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြခြင်းဖြစ်ပါတယ်။

စက်ရုံမှ ခဲမဖြူ၊ အဖြိုက်နက်နဲ့ အခြားသတ္တုအမျိုးအစားများကို ရာနှုန်းပြည့်ကုန်ချောအဖြစ် ထုတ်လုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရာနှုန်းပြည့်ကုန်ချောထုတ်တဲ့စက်ရုံ မရှိသေးတဲ့အတွက် အခုတည်ဆောက်မယ့် စက်ရုံမှာ ပထမဦးဆုံးဖြစ်ကြောင်း၊ တစ်နှစ်ကို တန်ချိန်စုစုပေါင်း (၅၀၀၀) ထုတ်လုပ်မှာဖြစ်ရာ ၎င်းမှာ လုံးဝသန့်စင်ပြီး သတ္တုချောင်းကုန်ချောတန်ချိန် (၂၀၀၀)၊ သတ္တုဝိုင်ယာတန်ချိန် (၂၀၀၀) နဲ့ အခြားပြည်ပနိုင်ငံများက လုပ်ငန်းအလိုက် လိုအပ်တဲ့ပစ္စည်းများကို အပ်နှံတဲ့အခါ တန်ချိန် (၁၀၀၀) ဆိုပြီး ခွဲခြားထုတ်လုပ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

Read More >>> ၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်မည့် လှည်းကူးရှိ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်စီမံကိန်း

အခုတည်ဆောက်မယ့်စက်ရုံမှာ ရေအများကြီးသုံးစရာမလိုတဲ့အတွက် ထွက်လာမယ့်ရေဆိုးတွေကိုလည်း အဆင့်မြင့်နည်းပညာနဲ့ အဆင့်ဆင့်သန့်စင်ပြီး စက်ရုံတွင်းမှာ ပြန်လည်အသုံးပြုသွားမှာဖြစ်လို့ စက်ရုံပြင်ပကို ရေဆိုးလုံးဝ စွန့်ပစ်လွှတ်မှာမဟုတ်ကြောင်း၊ ဒါ့ပြင် ကျောက်မီးသွေးကို လုံးဝအသုံးမပြုတဲ့အတွက်လည်း ခေါင်းတိုင်ကနေ အပြင်ကို ပြာနဲ့အမှုန့်တွေ မထွက်နိုင်ကြောင်း၊ စက်ရုံကနေ ထွက်လာမယ့် အခိုးအငွေ့ကိုလည်း ခေတ်မီနည်းပညာနဲ့ တပ်ဆင်ထားတဲ့ လေစစ်တွေကနေ အဆင့်ဆင့်ဖြတ်သန်းစေပြီးမှ လေထုထဲကို လွှတ်မှာဖြစ်လို့ အနံ့သက်ဆိုးတွေလည်း ဖြစ်ပေါ်လာစရာမရှိကြောင်း Global South Industrial Company Limited ရဲ့ ဒါရိုက်တာ ဦးဝင်းမော်က ပြောပါတယ်။

 

Source: Pyimyanmar
Myanmar Industry Directory

Read times
Rate this item
(0 votes)