ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၂၆၅) သန်းနဲ့ မြန်မာကျပ်ငွေ (၁၈) သန်း တန်ဖိုးရှိ စက်မှုလုပ်ငန်းနှစ်ခု ခွင့်ပြု

ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၂၆၅) သန်းနဲ့ မြန်မာကျပ်ငွေ (၁၈) သန်း တန်ဖိုးရှိ စက်မှုလုပ်ငန်းနှစ်ခု ခွင့်ပြု google

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၁၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် (၁၈) သန်း တန်ဖိုးရှိတဲ့ စက်မှုကဏ္ဍမှ လုပ်ငန်း (၂) ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လုပ်ငန်း (၂) ခုရဲ့ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၂၆၅) သန်းနဲ့ ကျပ် (၁၈) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၆၉) နေရာကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း (၄၉) နိုင်ငံတို့မှ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ (၁၂) ခုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၁,၇၅၂) ခု ရင်းနှီးမြှုပ်နှံလျက်ရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၀,၈၉၂.၀၆၁) နဲ့ ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

နိုင်ငံပေါင်း (၄၉) နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၇.၇၂) ရာခိုင်နှုန်းနဲ့လည်းကောင်း၊ လျှပ်စစ်ကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၆.၁၈) ရာခိုင်နှုန်းနဲ့လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ (၁၃.၈၂) ရာခိုင်နှုန်းနဲ့လည်းကောင်း အများဆုံးရင်းနှီးမြှုပ်နှံထားပါတယ်။

 

Source: DICA
Myanmar Industry Directory

Read times Last modified on Thursday, 15 August 2019 10:05
Rate this item
(0 votes)