Taxation



အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂) တွင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ် စတင်ကျင့်သုံးမည်

အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂) တွင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ် စတင်ကျင့်သုံးမည် Google

ပြည်တွင်းအခွန်များဦးစီးဌာနမှ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂) တွင် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ်သို့ မိတ်ဆက်ကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပထမအဆင့်အနေနဲ့ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးကို Pilot Project အဖြစ် စတင်တည်ထောင်ခဲ့ပြီး အခွန်ထမ်းကြီး (၅၀၀) ခန့်နှင့်အတူ SAS စနစ်ကို စတင်ကူးပြောင်းဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယအဆင့်အနေဖြင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်ထမ်း (၇၀၀) ကျော်နှင့်အတူ ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးတွင် အခွန်ထမ်း (၉၄၆) ဦးနှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) တွင် အခွန်ထမ်း (၁၈၄၇) ဦးထိ SAS စနစ်ကျင့်သုံးသည့် အခွန်ထမ်းအရေအတွက်ကို တိုးချဲ့နိုင်ခဲ့ပါတယ်။

ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း (၁၁) ခုကို ရှာရန်နှိပ်ပါ

တတိယအဆင့်အနေဖြင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၂) မှ စီမံခန့်ခွဲလျက်ရှိသော အခွန်ထမ်းများကိုလည်း ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်၍ အခွန်ရုံးမှ အခွန်စည်းကြပ်သည့်စနစ် (OAS) မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် SAS သို့ မိတ်ဆက်ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။

အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်း၍ အကျိုးကျေးဇူးများနှင့် လိုက်နာသိရှိရန် လိုအပ်ချက်များကို အခွန်ထမ်းများ သိရှိနိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဆက်သွယ်အသိပေးသွားမှာဖြစ်ပါတယ်။

အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ်သို့ ပြုပြင်ပြောင်းလဲသည့် စီမံချက်နှင့်စပ်လျဉ်း၍ မေးမြန်းရန်ရှိပါက ညွှန်ကြားရေးမှူး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

Myanmar Industry Directory

 

<<<Zawgyi>>>

အလယ္အလတ္အခြန္ထမ္းမ်ားဆုိင္ရာ အခြန္႐ံုး (၂) တြင္ အခြန္ထမ္းကိုယ္တုိင္ စည္းၾကပ္သည့္စနစ္ စတင္က်င့္သံုးမည္

ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ အလယ္အလတ္အခြန္ထမ္းမ်ားဆုိင္ရာ အခြန္႐ံုး (၂) တြင္ အခြန္ထမ္းကိုယ္တုိင္ စည္းၾကပ္သည့္စနစ္သုိ႔ မိတ္ဆက္က်င့္သံုးမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားပါတယ္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ပထမအဆင့္အေနနဲ႔ အခြန္ထမ္းႀကီးမ်ားဆိုင္ရာအခြန္႐ံုးကို Pilot Project အျဖစ္ စတင္တည္ေထာင္ခဲ့ၿပီး အခြန္ထမ္းႀကီး (၅၀၀) ခန္႔ႏွင့္အတူ SAS စနစ္ကို စတင္ကူးေျပာင္းေဆာင္ရြက္ခဲ့ပါတယ္။

ဒုတိယအဆင့္အေနျဖင့္ အလယ္အလတ္အခြန္ထမ္းမ်ားဆုိင္ရာအခြန္႐ံုး (၁) ကို ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ အခြန္ထမ္း (၇၀၀) ေက်ာ္ႏွင့္အတူ ဆက္လက္တုိးခ်ဲ႕ေဆာင္ရြက္ႏုိင္ခဲ့ပါတယ္။

ေဆးဝါးထုတ္လုပ္ေရးလုပ္ငန္း (၁၁) ခုကို ရွာရန္ႏွိပ္ပါ

၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္အထိ အခြန္ထမ္းႀကီးမ်ားဆုိင္ရာအခြန္႐ံုးတြင္ အခြန္ထမ္း (၉၄၆) ဦးႏွင့္ အလယ္အလတ္အခြန္ထမ္းမ်ားဆုိင္ရာအခြန္႐ံုး (၁) တြင္ အခြန္ထမ္း (၁၈၄၇) ဦးထိ SAS စနစ္က်င့္သံုးသည့္ အခြန္ထမ္းအေရအတြက္ကို တုိးခ်ဲ႕ႏုိင္ခဲ့ပါတယ္။

တတိယအဆင့္အေနျဖင့္ အလယ္အလတ္အခြန္ထမ္းမ်ားဆုိင္ရာအခြန္႐ံုး (၂) မွ စီမံခန္႔ခြဲလ်က္ရိွေသာ အခြန္ထမ္းမ်ားကိုလည္း ၂၀၂၀ ခုႏွစ္ ေအာက္တုိဘာလ ၁ ရက္မွစတင္၍ အခြန္႐ံုးမွ အခြန္စည္းၾကပ္သည့္စနစ္ (OAS) မွ အခြန္ထမ္းကိုယ္တုိင္ အခြန္စည္းၾကပ္သည့္စနစ္ SAS သို႔ မိတ္ဆက္က်င့္သံုးသြားမည္ျဖစ္ပါေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ အသိေပးေၾကညာထားပါတယ္။

အခြန္ထမ္းကိုယ္တုိင္ အခြန္စည္းၾကပ္သည့္စနစ္ႏွင့္ စပ္လ်ဥ္း၍ အက်ိဳးေက်းဇူးမ်ားႏွင့္ လုိက္နာသိရွိရန္ လိုအပ္ခ်က္မ်ားကို အခြန္ထမ္းမ်ား သိရွိႏုိင္ေရးအတြက္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ ဆက္သြယ္အသိေပးသြားမွာျဖစ္ပါတယ္။

အခြန္ထမ္းကိုယ္တုိင္ စည္းၾကပ္သည့္စနစ္သုိ႔ ျပဳျပင္ေျပာင္းလဲသည့္ စီမံခ်က္ႏွင့္စပ္လ်ဥ္း၍ ေမးျမန္းရန္ရွိပါက ညႊန္ၾကားေရးမွဴး၊ အခြန္ဆုိင္ရာျပဳျပင္ေျပာင္းလဲေရးဌာနခြဲ၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ႐ံုးအမွတ္ ၄၆၊ ေနျပည္ေတာ္၊ ဖုန္းနံပါတ္ ၀၆၇-၃၄၃၀၅၃၃ သို႔ ဆက္သြယ္ေမးျမန္းႏုိင္ေၾကာင္း သိရပါတယ္။

Myanmar Industry Directory

Read times Last modified on Thursday, 27 February 2020 17:04
Rate this item
(0 votes)