Taxation



အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရ အရေးယူခြင်းတို့နှင့် စပ်လျဉ်း၍ အသိပေးထုတ်ပြန်

အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရ အရေးယူခြင်းတို့နှင့် စပ်လျဉ်း၍ အသိပေးထုတ်ပြန် Google

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုများကို မူလဥပဒေများအရ ကျင့်သုံးဆောင်ရွက်ခြင်းအစား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေဖြင့်

စတင်ကျင့်သုံးဆောင်ရွက်သည့် အကူးအပြောင်းကာလတွင် အခွန်စည်းကြပ်ခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်းနှင့် ရာဇဝတ်ကြောင်းအရ အရေးယူခြင်းတို့နှင့် စပ်လျဉ်း၍ အခွန်ဝန်ထမ်းများနှင့် အများပြည်သူတို့ ရှင်းလင်းမှုရှိစေရန် ရည်ရွယ်၍ ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ချက် အမှတ် -၁/၂၀၂၀ ကို ထုတ်ပြန်လိုက်ပါတယ်။

အခွန်စည်းကြပ်ခြင်း
**************
အခွန်စည်းကြပ်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်အား ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတို့တွင် သာမန်အားဖြင့် စည်းကြပ်နှစ်ကုန်ဆုံးပြီး ၃ နှစ်အတွင်းဟုလည်းကောင်း၊ အထူးကုန်စည်ခွန်ဥပဒေ စည်းကြပ်မှုအမိန့်ချမှတ်သည့်နေ့မှ ၃ နှစ်အတွင်းဟုလည်းကောင်း စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှုပြုလုပ်နိုင်ကြောင်း သတ်မှတ်ချက်အား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ စည်းကြပ်မှုအတွက် ကာလစည်းကမ်းသတ်မှာ သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပြီး ၆ နှစ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုကို ပြုလုပ်နိုင်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။

သံဂဟေဆက်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်သည့်လုပ်ငန်း (၂၂၂) ခုကို ရှာရန်နှိပ်ပါ

အခွန်စည်းကြပ်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် မျှတမှုရှိစေရန်နှင့် အကျိုးစီးပွားထိခိုက်မှုမရှိစေရန် ရည်ရွယ်၍ စည်းကြပ်မှု သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုလုပ်မည့် အစီအစဉ်ကို အောက်ပါအတိုင်း သတ်မှတ်ဆောင်ရွက်မှာဖြစ်ပါတယ် -

Opera_Snapshot_2020-02-21_151433_www.ird.gov.mm.png

 

ဒဏ်ကြေးငွေတပ်ရိုက်ခြင်း
*******************
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် အကျိုးသက်ရောက်သည်ဖြစ်ရာ ၎င်းနေ့နောက်ပိုင်း အခွန်ဆိုင်ရာ ပျက်ကွက်မှုများကို စီမံအုပ်ချုပ်မှုဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ပြီး ၎င်းနေ့မတိုင်မီက ပျက်ကွက်မှုများအတွက် သက်ဆိုင်ရာအခွန် ဥပဒေများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှာဖြစ်ပါတယ်။

ရာဇဝတ်ကြောင်းအရ အရေးယူခြင်း
**************************
ရာဇဝတ်ကြောင်းအရ အရေးယူခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မတိုင်မီက ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် သက်ဆိုင်ရာအခွန်ဥပဒေများအရ အရေးယူဆောင်ရွက်မှာဖြစ်ပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ စတင်အကျိုးသက်ရောက်သည့်နေ့နှင့် ၎င်းနေ့နောက်ပိုင်းတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေဖြင့် အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။

အများပြည်သူသိရှိ လိုက်နာရန် သတ်မှတ်ချက်အမှတ် - ၁/၂၀၂၀ ကို အပြည့်အစုံဖတ်ရှု လေ့လာလိုပါက www.ird.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Read More >>> ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၁၂) မျိုး၏ အဓိပ္ပာယ်ရှင်းလင်းထုတ်ပြန်

မရှင်းလင်းသည့်အချက်များကို သက်ဆိုင်ရာရုံးများတွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး အခြားလိုအပ်ချက်များရှိပါက အောက်ဖော်ပြပါ ဝန်ဆောင်မှုရုံးများကိုလည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရပါတယ် -

(က) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂၊

(ခ) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်)အမှတ် ၅၉/၆၁ ၊ ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊

(ဂ) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား ၊ဖုန်းနံပါတ် - ၀၂-၄၀၃၀၁၉၂

Source: IRD

Myanmar Industry Directory

 

<<<Zawgyi>>>

အကူးအေျပာင္းကာလတြင္ အခြန္စည္းၾကပ္ျခင္း၊ ဒဏ္ေၾကးေငြတပ္႐ိုက္ျခင္း၊ ရာဇဝတ္ေၾကာင္းအရ အေရးယူျခင္းတို႔ႏွင့္ စပ္လ်ဥ္း၍ အသိေပးထုတ္ျပန္

အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈမ်ားကို မူလဥပေဒမ်ားအရ က်င့္သုံးေဆာင္႐ြက္ျခင္းအစား အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈ ဥပေဒျဖင့္ စတင္က်င့္သုံးေဆာင္႐ြက္သည့္ အကူးအေျပာင္းကာလတြင္ အခြန္စည္းၾကပ္ျခင္း၊ ဒဏ္ေငြတပ္႐ိုက္ျခင္းႏွင့္ ရာဇဝတ္ေၾကာင္းအရ အေရးယူျခင္းတို႔ႏွင့္ စပ္လ်ဥ္း၍ အခြန္ဝန္ထမ္းမ်ားႏွင့္ အမ်ားျပည္သူတို႔ ရွင္းလင္းမႈရွိေစရန္ ရည္႐ြယ္၍ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက သတ္မွတ္ခ်က္ အမွတ္ -၁/၂၀၂၀ ကို ထုတ္ျပန္လုိက္ပါတယ္။

အခြန္စည္းၾကပ္ျခင္း
**************
အခြန္စည္းၾကပ္ျခင္းဆိုင္ရာ ကာလစည္းကမ္းသတ္အား ဝင္ေငြခြန္ဥပေဒ၊ ကုန္သြယ္လုပ္ငန္းခြန္ဥပေဒတို႔တြင္ သာမန္အားျဖင့္ စည္းၾကပ္ႏွစ္ကုန္ဆုံးၿပီး ၃ ႏွစ္အတြင္းဟုလည္းေကာင္း၊ အထူးကုန္စည္ခြန္ဥပေဒ စည္းၾကပ္မႈအမိန္႔ခ်မွတ္သည့္ေန႔မွ ၃ ႏွစ္အတြင္းဟုလည္းေကာင္း စည္းၾကပ္မႈ သို႔မဟုတ္ ျပန္လည္စည္းၾကပ္မႈျပဳလုပ္ႏိုင္ေၾကာင္း သတ္မွတ္ခ်က္အား အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈဥပေဒအရ စည္းၾကပ္မႈအတြက္ ကာလစည္းကမ္းသတ္မွာ သက္ဆိုင္ရာအခြန္ကာလကုန္ဆုံးၿပီး ၆ ႏွစ္အတြင္း စည္းၾကပ္မႈအသစ္ သို႔မဟုတ္ ျပင္ဆင္စည္းၾကပ္မႈကို ျပဳလုပ္ႏိုင္ေၾကာင္း ျပ႒ာန္းသတ္မွတ္ထားပါတယ္။

သံဂေဟဆက္ပစၥည္းအမ်ိဳးမ်ိဳး ေရာင္းဝယ္သည့္လုပ္ငန္း (၂၂၂) ခုကို ရွာရန္ႏွိပ္ပါ

အခြန္စည္းၾကပ္ျခင္းဆိုင္ရာ ကာလစည္းကမ္းသတ္မွတ္ျခင္းႏွင့္ စပ္လ်ဥ္း၍ အခြန္ထမ္းျပည္သူမ်ား ဝန္ထုတ္ဝန္ပိုးမျဖစ္ေစရန္ မွ်တမႈရွိေစရန္ႏွင့္ အက်ိဳးစီးပြားထိခိုက္မႈမရွိေစရန္ ရည္႐ြယ္၍ စည္းၾကပ္မႈ သို႔မဟုတ္ ျပင္ဆင္စည္းၾကပ္မႈျပဳလုပ္မည့္ အစီအစဥ္ကို ေအာက္ပါအတိုင္း သတ္မွတ္ေဆာင္႐ြက္မွာျဖစ္ပါတယ္ -

Opera_Snapshot_2020-02-21_151433_www.ird.gov.mm.png

 

ဒဏ္ေၾကးေငြတပ္႐ိုက္ျခင္း
*******************
အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈဥပေဒသည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ စတင္ အက်ိဳးသက္ေရာက္သည္ျဖစ္ရာ ၎ေန႔ေနာက္ပိုင္း အခြန္ဆိုင္ရာ ပ်က္ကြက္မႈမ်ားကို စီမံအုပ္ခ်ဳပ္မႈဥပေဒႏွင့္အညီ က်င့္သုံးေဆာင္႐ြက္မည္ျဖစ္ၿပီး ၎ေန႔မတိုင္မီက ပ်က္ကြက္မႈမ်ားအတြက္ သက္ဆိုင္ရာအခြန္ ဥပေဒမ်ားႏွင့္အညီ က်င့္သုံးေဆာင္႐ြက္မွာျဖစ္ပါတယ္။

ရာဇဝတ္ေၾကာင္းအရ အေရးယူျခင္း
**************************
ရာဇဝတ္ေၾကာင္းအရ အေရးယူျခင္းႏွင့္စပ္လ်ဥ္း၍ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔ မတိုင္မီက က်ဴးလြန္ခဲ့သည့္ ျပစ္မႈမ်ားအတြက္ သက္ဆိုင္ရာအခြန္ဥပေဒမ်ားအရ အေရးယူေဆာင္႐ြက္မွာျဖစ္ၿပီး အခြန္ဆိုင္ရာစီမံအုပ္ခ်ဳပ္မႈဥပေဒ စတင္အက်ိဳးသက္ေရာက္သည့္ေန႔ႏွင့္ ၎ေန႔ေနာက္ပိုင္းတြင္ က်ဴးလြန္ခဲ့သည့္ ျပစ္မႈမ်ားအတြက္ အခြန္ဆိုင္ရာစီမံ အုပ္ခ်ဳပ္မႈဥပေဒျဖင့္ အေရးယူေဆာင္႐ြက္မွာျဖစ္ပါတယ္။

အမ်ားျပည္သူသိရွိ လိုက္နာရန္ သတ္မွတ္ခ်က္အမွတ္ - ၁/၂၀၂၀ ကို အျပည့္အစုံဖတ္ရႈ ေလ့လာလိုပါက www.ird.gov.mm တြင္ ဝင္ေရာက္ေလ့လာႏိုင္ပါတယ္။

မရွင္းလင္းသည့္အခ်က္မ်ားကို သက္ဆိုင္ရာ႐ုံးမ်ားတြင္ ဆက္သြယ္ေမးျမန္းစုံစမ္းႏိုင္ၿပီး အျခားလိုအပ္ခ်က္မ်ားရွိပါက ေအာက္ေဖာ္ျပပါ ဝန္ေဆာင္မႈ႐ုံးမ်ားကိုလည္း ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေၾကာင္း သိရပါတယ္ -

(က) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး (ေနျပည္ေတာ္) ႐ုံးအမွတ္၊ ၄၆ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ဖုန္းနံပါတ္- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂၊

(ခ) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး (ရန္ကုန္)အမွတ္ ၅၉/၆၁ ၊ ပန္းဆိုးတန္းလမ္း၊ေက်ာက္တံတားၿမိဳ႕နယ္၊ ဖုန္းနံပါတ္- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊

(ဂ) အခြန္ဆိုင္ရာဝန္ေဆာင္မႈ႐ုံး (မႏၲေလး) ၆၅ လမ္း ၊ ၂၂ x ၂၃ လမ္းၾကား ၊ဖုန္းနံပါတ္ - ၀၂-၄၀၃၀၁၉၂

Source: IRD

Myanmar Industry Directory

Read times Last modified on Friday, 21 February 2020 15:13
Rate this item
(0 votes)