Taxation



ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၁၂) မျိုး၏ အဓိပ္ပာယ်ရှင်းလင်းထုတ်ပြန်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၉ အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများအနက် ဝန်ဆောင်မှု (၁၂) မျိုးနှင့်စပ်လျဉ်း၍ ရှင်းလင်းစွာသိရှိနိုင်ရန် အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုလိုက်ပါတယ်။

ယခုထုတ်ပြန်ချက်မှာ ဝန်ဆောင်မှုဆောင်ရွက်ပေးသူ အခွန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသူများအပေါ် အကျိုးသက်ရောက်မှာဖြစ်ပါတယ်။

အဆိုပါဝန်ဆောင်မှု (၁၂) မျိုးမှာ ယဉ်ကျေးမှုအနုပညာဝန်ဆောင်မှုလုပ်ငန်း၊ ယာဉ်များရပ်နားရန် နေရာငှားရမ်းခြင်း ဝန်ဆောင်မှုုလုပ်ငန်း၊ လမ်းအသုံးပြုခ ကောက်ခံသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်တွင်း ပြည်ပလေကြောင်းခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း၊ အများပြည်သူခရီးသည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်သည့် စာတိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ခန္ဓာကိုယ်အလှပြုပြင်ခြင်းမှအပဖြစ်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ အသေးစားငွေချေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ အရင်းအနှီးဈေးကွက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ ဘဏ်နှင့် ဗဟိုဘဏ်မှ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြောင်း သိရပါတယ်။

အလှကုန်ပစ္စည်းထုတ်လုပ်ငန်း (၁၆၈) ခုကို ရှာရန်နှိပ်ပါ

၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၃၀) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေ၏ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ပါ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားများမှအပ ကျန်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မှာဖြစ်ပါတယ်။

အဆိုပါ အခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများနှင့်သက်ဆိုင်သည့် အဓိပ္ပာယ်ကို ရှင်းလင်းစွာသိရှိမှသာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် မှန်ကန်ထိရောက်စွာ ကောက်ခံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

 

86192872_2595189420607663_6798910444766494720_n.jpg

 

 

87058369_2595189503940988_80518829934903296_n.jpg86490600_2595189573940981_8931279905283375104_n.jpg

86472391_2595189623940976_8955557800629501952_n.jpg86179947_2595189693940969_2481598516984545280_n.jpg86738669_2595189760607629_3035233309111091200_n.jpg

86243779_2595189803940958_7805765553359945728_n.jpg

 

 


Myanmar Industry Directory

 

<<<Zawgyi>>>

ကုန္သြယ္လုပ္ငန္းခြန္မက်သင့္သည့္ ဝန္ေဆာင္မႈအမ်ိဳးအစား (၁၂) မ်ိဳး၏ အဓိပၸာယ္ရွင္းလင္းထုတ္ျပန္

စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနမွ ၂၀၁၉ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒ ပုဒ္မ ၉ အရ ကုန္သြယ္လုပ္ငန္းခြန္မက်သင့္သည့္ ဝန္ေဆာင္မႈအမ်ိဳးအစားမ်ားအနက္ ဝန္ေဆာင္မႈ (၁၂) မ်ိဳးႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းစြာသိရွိႏုိင္ရန္ အဓိပၸာယ္ရွင္းလင္းဖြင့္ဆိုလိုက္ပါတယ္။

ယခုထုတ္ျပန္ခ်က္မွာ ဝန္ေဆာင္မႈေဆာင္ရြက္ေပးသူ အခြန္ထမ္းမ်ားႏွင့္ ဝန္ေဆာင္မႈရယူသူမ်ားအေပၚ အက်ိဳးသက္ေရာက္မွာျဖစ္ပါတယ္။

အဆိုပါဝန္ေဆာင္မႈ (၁၂) မ်ိဳးမွာ ယဥ္ေက်းမႈအႏုပညာဝန္ေဆာင္မႈလုပ္ငန္း၊ ယာဥ္မ်ားရပ္နားရန္ ေနရာငွားရမ္းျခင္း ဝန္ေဆာင္မႈုလုပ္ငန္း၊ လမ္းအသံုးျပဳခ ေကာက္ခံသည့္ ဝန္ေဆာင္မႈလုပ္ငန္း၊ ျပည္တြင္း ျပည္ပေလေၾကာင္းခရီးသည္ ပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္း၊ အမ်ားျပည္သူခရီးသည္ သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈလုပ္ငန္း၊ ျပည္ေထာင္စုအစိုးရအဖြဲ႔က ေဆာင္ရြက္သည့္ စာတိုက္ဝန္ေဆာင္မႈလုပ္ငန္း၊ ပညာေရးဝန္ေဆာင္မႈလုပ္ငန္း၊ ခႏၶာကိုယ္အလွျပဳျပင္ျခင္းမွအပျဖစ္သည့္ က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္း၊ အေသးစားေငြေခ်းျခင္းဆုိင္ရာ ဝန္ေဆာင္မႈလုပ္ငန္း၊ အရင္းအႏွီးေစ်းကြက္ဆုိင္ရာ ဝန္ေဆာင္မႈလုပ္ငန္း၊ ဘဏ္ႏွင့္ ဗဟုိဘဏ္မွ ခြင့္ျပဳခ်က္ျဖင့္ ေဆာင္ရြက္ေနေသာ ေငြေရးေၾကးေရးဆုိင္ရာ ဝန္ေဆာင္မႈလုုပ္ငန္း၊ စက္မႈလယ္ယာ ဝန္ေဆာင္မႈလုပ္ငန္းမ်ားျဖစ္ေၾကာင္း သိရပါတယ္။

အလွကုန္ပစၥည္းထုတ္လုပ္ငန္း (၁၆၈) ခုကို ရွာရန္ႏွိပ္ပါ

၂၀၁၉ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒကုိ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၂၄) ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒ အမွတ္ (၃၀) ျဖင့္ ထုတ္ျပန္ျပ႒ာန္းခဲ့ၿပီး ၎ဥပေဒ၏ ပုဒ္မ ၁၄၊ ပုဒ္မခြဲ (ဃ) ပါ ဝန္ေဆာင္မႈလုပ္ငန္းအမ်ိဳးအစားမ်ားမွအပ က်န္ဝန္ေဆာင္မႈလုပ္ငန္းမ်ားအေပၚ ကုန္သြယ္လုပ္ငန္းခြန္ က်သင့္မွာျဖစ္ပါတယ္။

အဆုိပါ အခြန္မက်သင့္သည့္ ဝန္ေဆာင္မႈအမ်ိဳးအစားမ်ားႏွင့္သက္ဆုိင္သည့္ အဓိပၸာယ္ကို ရွင္းလင္းစြာသိရွိမွသာ ကုန္သြယ္လုပ္ငန္းခြန္က်သင့္မည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားအေပၚ မွန္ကန္ထိေရာက္စြာ ေကာက္ခံေဆာင္ရြက္ႏုိင္မွာျဖစ္ပါတယ္။

Myanmar Industry Directory

Read times Last modified on Monday, 17 February 2020 11:31
Rate this item
(0 votes)