Taxation



ဟန်းဆက်ဘူးခွံများအပေါ်တွင် သတ်မှတ်အခွန်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိပါက အရေးယူဆောင်ရွက်မည်

ဟန်းဆက်ဘူးခွံများအပေါ်တွင် သတ်မှတ်အခွန်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိပါက အရေးယူဆောင်ရွက်မည် google

လက်ကိုင်ဖုန်းဟန်းဆက် (Handset) ရောင်းချသူများအနေဖြင့် ဟန်းဆက်ဘူးခွံများအပေါ်တွင် သတ်မှတ်အခွန်တံဆိပ်များ ကပ်နှိပ်ထားခြင်းမရှိပါက အရေးယူခံရမှာဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၁-၇-၂၀၁၉ ရက်နေ့မှစပြီး လက်ကိုင်ဖုန်းဟန်းဆက် (Handset) ဘူးခွံများအပေါ်တွင် အခွန်အမှတ် တံဆိပ်များ ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းအစီအစဉ်အား ဆောင်ရွက်လျက်ရှိပါတယ်။

လုပ်ငန်းအစီအစဉ်အရ လက်ကိုင်ဖုန်းဟန်းဆက် (Handset) များအား ပြည်ပမှ တင်သွင်းရောင်းချသူများအနေဖြင့် အကောက်ခွန်ဆိုင်ရာ ရှင်းလင်းဆောင်ရွက်ပြီးသည်နှင့် တစ်ပြိုင်နက် ဟန်းဆက် (Handset) ၏ လက်လီရောင်းဈေးအပေါ် ကျသင့်မည့် ကုန်သွယ်လုပ်ငန်းခွန်ပမာဏနှင့် ညီမျှသော အခွန်အမှတ်တံဆိပ်များအား ဟန်းဆက်(Handset) ဘူးခွံအပေါ်တွင် အပြည့်အဝ ကပ်နှိပ်ရမှာဖြစ်ပါတယ်။

ဟန်းဆက် (Handset) ဘူးခွံများအပေါ်တွင် သတ်မှတ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိဘဲ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါက လက်ဝယ်ထားရှိသူက ၎င်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ဟန်းဆက် (Handset) တင်သွင်းရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ဖြန့်ချိခြင်းမပြုမီ မိမိတို့ တင်သွင်းရောင်းချသည့် ဟန်းဆက် (Handset) ဘူးခွံများအပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်များကို အပြည့်အဝ (မပျက်မကွက်) ကပ်နှိပ်ပေးရန် အသိပေးထားပါတယ်။

ဟန်းဆက်ဖြန့်ချိရောင်းချသူများနှင့် လက်လီရောင်းချသူများအနေဖြင့်လည်း ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်များ အပြည့်အဝ ကပ်နှိပ်ထားခြင်းမရှိသော ဟန်းဆက်များအား ဖြန့်ချိ/ရောင်းချခြင်း မပြုကြရန် အသိပေးနှိုးဆော်ထားပါတယ်။

ဒါ့ပြင် ဟန်းဆက် ဝယ်ယူအသုံးပြုမည့် ပြည်သူများအနေဖြင့်လည်း မိမိဝယ်ယူမည့် ဟန်းဆက်များအပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ်များ အပြည့်အဝ ကပ်နှိပ်ထားခြင်းမရှိသော လက်ကိုင်ဖုန်းဟန်းဆက် (Handset) များအား ဝယ်ယူခြင်းမပြုကြပါရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

 

Opera_Snapshot_2020-01-31_110255_www.ird.gov.mm.png

 

Myanmar Industry Directory

>>>Zawgyi<<<

ဟန္းဆက္ (Handset) ဘူးခြံမ်ားအေပၚတြင္ သတ္မွတ္အခြန္တံဆိပ္ ကပ္နွိပ္ထားျခင္းမရွိပါက အေရးယူေဆာင္ရြက္မည္

လက္ကိုင္ဖုန္းဟန္းဆက္ (Handset) ေရာင္းခ်သူမ်ားအေနျဖင့္ ဟန္းဆက္ဘူးခြံမ်ားအေပၚတြင္ သတ္မွတ္အခြန္တံဆိပ္မ်ား ကပ္ႏွိပ္ထားျခင္းမရွိပါက အေရးယူခံရမွာျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ထုတ္ျပန္ေၾကညာထားပါတယ္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ ၁-၇-၂၀၁၉ ရက္ေန႔မွစၿပီး လက္ကိုင္ဖုန္းဟန္းဆက္ (Handset) ဘူးခြံမ်ားအေပၚတြင္ အခြန္အမွတ္ တံဆိပ္မ်ား ကပ္ႏွိပ္ေရာင္းခ်ေစျခင္း လုပ္ငန္းအစီအစဥ္အား ေဆာင္႐ြက္လ်က္ရွိပါတယ္။

လုပ္ငန္းအစီအစဥ္အရ လက္ကိုင္ဖုန္းဟန္းဆက္ (Handset) မ်ားအား ျပည္ပမွ တင္သြင္းေရာင္းခ်သူမ်ားအေနျဖင့္ အေကာက္ခြန္ဆိုင္ရာ ရွင္းလင္းေဆာင္႐ြက္ၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ဟန္းဆက္ (Handset) ၏ လက္လီေရာင္းေဈးအေပၚ က်သင့္မည့္ ကုန္သြယ္လုပ္ငန္းခြန္ပမာဏႏွင့္ ညီမွ်ေသာ အခြန္အမွတ္တံဆိပ္မ်ားအား ဟန္းဆက္(Handset) ဘူးခြံအေပၚတြင္ အျပည့္အဝ ကပ္ႏွိပ္ရမွာျဖစ္ပါတယ္။

ဟန္းဆက္ (Handset) ဘူးခြံမ်ားအေပၚတြင္ သတ္မွတ္အခြန္အမွတ္တံဆိပ္ ကပ္ႏွိပ္ထားျခင္းမရွိဘဲ ေရာင္းခ်ေၾကာင္း စစ္ေဆးေတြ႕ရွိရပါက လက္ဝယ္ထားရွိသူက ၎ကုန္စည္တန္ဖိုး၏ ၁၀၀ ရာခိုင္ႏႈန္းကို ဒဏ္ေၾကးေငြအျဖစ္ ေပးေဆာင္ရမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဒါ့ေၾကာင့္ ဟန္းဆက္ (Handset) တင္သြင္းေရာင္းခ်သူ လုပ္ငန္းရွင္မ်ားအေနျဖင့္ ျဖန္႔ခ်ိျခင္းမျပဳမီ မိမိတို႔ တင္သြင္းေရာင္းခ်သည့္ ဟန္းဆက္ (Handset) ဘူးခြံမ်ားအေပၚတြင္ က်သင့္သည့္ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ညီမွ်ေသာ အခြန္အမွတ္တံဆိပ္မ်ားကို အျပည့္အဝ (မပ်က္မကြက္) ကပ္ႏွိပ္ေပးရန္ အသိေပးထားပါတယ္။

ဟန္းဆက္ျဖန္႔ခ်ိေရာင္းခ်သူမ်ားႏွင့္ လက္လီေရာင္းခ်သူမ်ားအေနျဖင့္လည္း က်သင့္သည့္ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ညီမွ်ေသာ အခြန္အမွတ္တံဆိပ္မ်ား အျပည့္အဝ ကပ္ႏွိပ္ထားျခင္းမရွိေသာ ဟန္းဆက္မ်ားအား ျဖန္႔ခ်ိ/ေရာင္းခ်ျခင္း မျပဳၾကရန္ အသိေပးႏႈိးေဆာ္ထားပါတယ္။

ဒါ့ျပင္ ဟန္းဆက္ ဝယ္ယူအသုံးျပဳမည့္ ျပည္သူမ်ားအေနျဖင့္လည္း မိမိဝယ္ယူမည့္ ဟန္းဆက္မ်ားအေပၚတြင္ က်သင့္သည့္ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ ညီမွ်ေသာ အခြန္အမွတ္တံဆိပ္မ်ား အျပည့္အဝ ကပ္ႏွိပ္ထားျခင္းမရွိေသာ လက္ကိုင္ဖုန္းဟန္းဆက္ (Handset) မ်ားအား ဝယ္ယူျခင္းမျပဳၾကပါရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးႏႈိးေဆာ္ထားပါတယ္။

Read times Last modified on Friday, 31 January 2020 11:08
Rate this item
(0 votes)