Taxation



ပြည်တွင်းအခွန်များဦးစီးဌာနက ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် ကျသင့်မည့် အခွန်နှုန်းထားများအား ထုတ်ပြန်

ပြည်တွင်းအခွန်များဦးစီးဌာနက ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် ကျသင့်မည့် အခွန်နှုန်းထားများအား ထုတ်ပြန် google

ပြည်တွင်းရှိ ကျောက်မျက်ရတနာရောင်းချသူများအနေဖြင့် အောက်ဖော်ပြပါ အခွန်အကောက်များကို ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ ပေးဆောင်ရန် တာဝန်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

(က) ရတနာခွန်ကို အောက်ပါအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်-

(၁) ကျောက်စိမ်းအရိုင်းထည်များဖြစ်ပါက (၁၁) ရာခိုင်နှုန်း၊
(၂) စိန်နှင့် မြ မှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာအရိုင်းထည်များဖြစ်ပါက (၉) ရာခိုင်နှုန်း၊
(၃) စိန်နှင့် မြ မှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့် မြ မှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာများ စွဲကပ်ထားသည့် လက်ဝတ်ရတနာ အချောထည်များနှင့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်ထားသော ပစ္စည်းများဖြစ်ပါက (၅) ရာခိုင်နှုန်း၊

ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်း

(ခ) ကုန်သွယ်လုပ်ငန်းခွန် - ရောင်းရငွေ၏ (၅) ရာခိုင်နှုန်း ပေးဆောင်ရပါမည်။

(ဂ) ဝင်ငွေခွန် - တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ဇယားပါနှုန်းထားအတိုင်း ပေးဆောင်ရမှာဖြစ်ပြီး ကုမ္ပဏီဖြစ်ပါက အသားတင်အမြတ်၏ (၂၅) ရာခိုင်နှုန်း ပေးဆောင်ရပါမည်။

 

 

ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာ အရိုင်းထည်၊ အချောထည်များ ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားပါတယ်။

ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရသာ ကင်းလွတ်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။ နိုင်ငံသား၊ နိုင်ငံခြားသားခွဲခြား၍ အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းမရှိပါ။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြီးမှူးကျင်းပခြင်းမဟုတ်သော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသည့် ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်းမရှိပါ။

ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲမှအပဖြစ်သည့် ပြပွဲအမျိုးမျိုးတွင် ကျောက်မျက်ရတနာများ ရောင်းချမှုအပေါ် အထက်ဖော်ပြပါ အခွန်အကောက် (၃) မျိုးလုံးကို ပေးဆောင်ရန် တာဝန်ရှိပါကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

Read More >>> အထူူးကုန်စည်ခွန်ဥပဒေအရ အခွန်ကျသင့်သော အထူးကုန်စည်အမျိုးအစားမျာ 

Myanmar Industry Directory

 

>>>Zawgyi<<<

ျပည္တြငး္အခြန္မ်ားဦးစီးဌာနက ေက်ာက္မ်က္ရတနာမ်ား ေရာင္းခ်မႈအေပၚ က်သင့္မည့္ အခြန္ႏႈန္းထားမ်ားအား ထုတ္ျပန္

ျပည္တြင္းရွိ ေက်ာက္မ်က္ရတနာေရာင္းခ်သူမ်ားအေနျဖင့္ ေအာက္ေဖာ္ျပပါ အခြန္အေကာက္မ်ားကို ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒႏွင့္အညီ ေပးေဆာင္ရန္ တာဝန္ရွိေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ဇန္နဝါရီလ ၉ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

(က) ရတနာခြန္ကို ေအာက္ပါအတိုင္း ေပးေဆာင္ရမွာျဖစ္ပါတယ္-

(၁) ေက်ာက္စိမ္းအ႐ိုင္းထည္မ်ားျဖစ္ပါက (၁၁) ရာခိုင္ႏႈန္း၊
(၂) စိန္ႏွင့္ ျမ မွအပ ပတၱျမား၊ နီလာႏွင့္ အျခားအဖိုးတန္ ေက်ာက္မ်က္ရတနာအ႐ိုင္းထည္မ်ားျဖစ္ပါက (၉) ရာခုိင္ႏႈန္း၊
(၃) စိန္ႏွင့္ ျမ မွအပ ေက်ာက္စိမ္း၊ ပတၱျမား၊ နီလာႏွင့္ အျခားအဖိုးတန္ေက်ာက္မ်က္ရတနာ အေခ်ာထည္မ်ား၊ စိန္ႏွင့္ ျမ မွအပ ေက်ာက္စိမ္း၊ ပတၱျမား၊ နီလာႏွင့္ အျခားအဖိုးတန္ေက်ာက္မ်က္ရတနာမ်ား စြဲကပ္ထားသည့္ လက္ဝတ္ရတနာ အေခ်ာထည္မ်ားႏွင့္ ေက်ာက္မ်က္ရတနာျဖင့္ ျပဳလုပ္ထားေသာ ပစၥည္းမ်ားျဖစ္ပါက (၅) ရာခုိင္ႏႈန္း၊

(ခ) ကုန္သြယ္လုပ္ငန္းခြန္ - ေရာင္းရေငြ၏ (၅) ရာခုိင္ႏႈန္း ေပးေဆာင္ရပါမည္။

(ဂ) ဝင္ေငြခြန္ - တစ္ဦးခ်င္းပုဂၢိဳလ္ျဖစ္ပါက ဇယားပါႏႈန္းထားအတိုင္း ေပးေဆာင္ရမွာျဖစ္ၿပီး ကုမၸဏီျဖစ္ပါက အသားတင္အျမတ္၏ (၂၅) ရာခုိင္ႏႈန္း ေပးေဆာင္ရပါမည္။

tt

 

ျပည္ေထာင္စုအစုိးရအဖြဲ႔က ႀကီးမွဴးက်င္းပေသာ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပည္တြင္းျပပြဲမ်ားတြင္ ေရာင္းခ်ေသာ ေက်ာက္စိမ္း၊ ပတၱျမား၊ နီလာ၊ ေက်ာက္မ်က္ရတနာ အ႐ိုင္းထည္၊ အေခ်ာထည္မ်ား ေရာင္းရေငြအေပၚတြင္ ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ ျပဳထားပါတယ္။

ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ႏွင့္ စပ္လ်ဥ္းၿပီး ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒအရသာ ကင္းလြတ္ခြင့္ျပဳထားျခင္းျဖစ္ပါတယ္။ ႏုိင္ငံသား၊ ႏုိင္ငံျခားသားခြဲျခား၍ အခြန္ကင္းလြတ္ခြင့္ျပဳထားျခင္းမရွိပါ။

ထုိ႔ျပင္ ျပည္ေထာင္စုအစိုးရအဖြဲ႔၏ ႀကီးမွဴးက်င္းပျခင္းမဟုတ္ေသာ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပည္တြင္းျပပြဲမ်ားတြင္ ေရာင္းခ်သည့္ ေက်ာက္မ်က္ရတနာမ်ား ေရာင္းခ်မႈအေပၚ ကုန္သြယ္လုပ္ငန္းခြန္ ကင္းလြတ္ခြင့္ျပဳထားျခင္းမရွိပါ။

ထုိ႔ေၾကာင့္ ျပည္ေထာင္စုအစိုးရအဖြဲ႔က ႀကီးမွဴးက်င္းပေသာ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပည္တြင္းျပပြဲမွအပျဖစ္သည့္ ျပပြဲအမ်ိဳးမ်ိဳးတြင္ ေက်ာက္မ်က္ရတနာမ်ား ေရာင္းခ်မႈအေပၚ အထက္ေဖာ္ျပပါ အခြန္အေကာက္ (၃) မ်ိဳးလံုးကို ေပးေဆာင္ရန္ တာဝန္ရွိပါေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထုတ္ျပန္ထားပါတယ္။

Read times
Rate this item
(0 votes)