Taxation



အထူူးကုန်စည်ခွန်ဥပဒေအရ အခွန်ကျသင့်သော အထူးကုန်စည်အမျိုးအစားများ

အထူူးကုန်စည်ခွန်ဥပဒေအရ အခွန်ကျသင့်သော အထူးကုန်စည်အမျိုးအစားများ google

အထူးကုန်စည်ခွန်ဥပဒေအရ အောက်ဖော်ပြပါ ကုန်စည်အမျိုးအစားများကို အထူးကုန်စည်များအဖြစ် သတ်မှတ်ထားပါသည်။

၁။ စီးကရက်အမျိုးမျိုး

၂။ ဆေးရွက်ကြီး

၃။ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး

၄။ ဆေးပေါ့လိပ်

၅။ ဆေးပြင်းလိပ်

၆။ ဆေးတံသောက်ဆေးများ

၇။ ကွမ်းစားဆေးအမျိုးမျိုး

၈။ အရက်အမျိုးမျိုး

၉။ ဘီယာအမျိုးမျိုး

၁၀။ ဝိုင်အမျိုးမျိုး

၁၁။ ကျွန်းနှင့် သစ်မာသစ်လုံးများ၊ တစ်ဆယ်လက်မပတ်လည်နှင့်အထက် ကျွန်းနှင့် သစ်မာသစ်ခွဲသားများ

၁၂။ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာအရိုင်းထည်များ

၁၃။ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာအချောထည်များနှင့် လက်ဝတ်ရတနာများ

၁၄။ Double Cab 4 Door Pick Up မှအပ 1800 CC အထက်ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး(Coupe) ကားများ

၁၅။ ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ

၁၆။ သဘာဝဓါတ်ငွေ့

မှတ်ချက်။ ။ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အခွန်ကျသင့်သော အထူးကုန်စည်များ အပြောင်းအလဲ ရှိနိုင်ပါသည်။

အခွန်ကျသင့်ခြင်း
************
အဆိုပါကုန်စည်အမျိုးအစားများနှင့် စပ်လျဉ်း၍ ကျသင့်အထူးကုန်စည်ခွန်ကို တင်သွင်းသူ၊ တင်ပို့သူ၊ ထုတ်လုပ် ရောင်းချသူက ထမ်းဆောင်ရပါမည်။

ပြည်ပမှတင်သွင်းခြင်း ဖြစ်ပါက-

Opera Snapshot 2019 12 24 170503 www.mopf.gov.mm

 

ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသော ရောင်းဈေးတန်ဖိုးနှင့် ဈေးကွက်ပေါက်ဈေးအပေါ် အခြေပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနစီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းသတ်မှတ်သည့် ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက်များရာ တန်ဖိုးငွေအပေါ်တွင် အထူးကုန်စည်ခွန် ကျသင့်ပါမည်။

ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက-

Opera Snapshot 2019 12 24 170518 www.mopf.gov.mm

 

အခွန်ပေးဆောင်ခြင်း >>> ကျသင့်အထူးကုန်စည်ခွန်ကို သတ်မှတ်နေ့ရက်များအတွင်း ပေးဆောင်ရပါ မည်။

ပြည်ပမှတင်သွင်းခြင်းဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်းမပြုမီ ကျသင့်အကောက်ခွန်နှင့်အတူ ပေးဆောင်ရပါမည်။ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းချသည့်လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရပါမည်။

ကျသင့်အခွန်ပေးဆောင်ထားခြင်းမရှိသည့် အထူးကုန်စည်များကို ဝယ်ယူရောင်းချခြင်း၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသည့် စီးကရက်အမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ အစရှိသည့် အထူးကုန်စည်များကို အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်း မရှိပါက ဝယ်ယူခြင်း၊ ရောင်းချခြင်းမပြုကြရန် အထူးသတိပြုရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားပါသည်။

Source: IRD

>>>Zawgyi<<<

အထူူးကုန္စည္ခြန္ဥပေဒအရ အခြန္က်သင့္ေသာ အထူးကုန္စည္အမ်ိဳးအစားမ်ား

အထူးကုန္စည္ခြန္ဥပေဒအရ ေအာက္ေဖာ္ျပပါ ကုန္စည္အမ်ိဳးအစားမ်ားကို အထူးကုန္စည္မ်ားအျဖစ္ သတ္မွတ္ထားပါသည္။

၁။ စီးကရက္အမ်ိဳးမ်ိဳး

၂။ ေဆး႐ြက္ႀကီး

၃။ ဗာဂ်ီးနီးယားေပါင္းတင္ၿပီး​ေဆး

၄။ ေဆးေပါ့လိပ္

၅။ ေဆးျပင္းလိပ္

၆။ ေဆးတံေသာက္ေဆးမ်ား

၇။ ကြမ္းစားေဆးအမ်ိဳးမ်ိဳး

၈။ အရက္အမ်ိဳးမ်ိဳး

၉။ ဘီယာအမ်ိဳးမ်ိဳး

၁၀။ ဝိုင္အမ်ိဳးမ်ိဳး

၁၁။ ကြၽန္းႏွင့္ သစ္မာသစ္လုံးမ်ား၊ တစ္ဆယ္လက္မပတ္လည္ႏွင့္အထက္ ကြၽန္းႏွင့္ သစ္မာသစ္ခြဲသားမ်ား

၁၂။ ေက်ာက္စိမ္း၊ ပတၱျမား၊ နီလာ၊ ျမ၊ စိန္ႏွင့္ အျခားအဖိုးတန္ေက်ာက္မ်က္ရတနာအ႐ိုင္းထည္မ်ား

၁၃။ ေက်ာက္စိမ္း၊ ပတၱျမား၊ နီလာ၊ ျမ၊ စိန္ႏွင့္ အျခားအဖိုးတန္ေက်ာက္မ်က္ရတနာအေခ်ာထည္မ်ားႏွင့္ လက္ဝတ္ရတနာမ်ား

၁၄။ Double Cab 4 Door Pick Up မွအပ 1800 CC အထက္ဗင္ကားမ်ား၊ ဆလြန္း၊ ဆီဒင္ႏွင့္ ဝက္ဂြန္ (Estate Wagon) ကားမ်ား၊ ကူေပး(Coupe) ကားမ်ား

၁၅။ ေရနံဆီ၊ ဓါတ္ဆီ၊ ဒီဇယ္ဆီ၊ ဂ်က္ေလယာဥ္ဆီ

၁၆။ သဘာဝဓါတ္ေငြ႕

မွတ္ခ်က္။ ။ ႏွစ္စဥ္ထုတ္ျပန္သည့္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒတြင္ အခြန္က်သင့္ေသာ အထူးကုန္စည္မ်ား အေျပာင္းအလဲ ရွိႏိုင္ပါသည္။

အခြန္က်သင့္ျခင္း
************
အဆိုပါကုန္စည္အမ်ိဳးအစားမ်ားႏွင့္ စပ္လ်ဥ္း၍ က်သင့္အထူးကုန္စည္ခြန္ကို တင္သြင္းသူ၊ တင္ပို႔သူ၊ ထုတ္လုပ္ ေရာင္းခ်သူက ထမ္းေဆာင္ရပါမည္။

ျပည္ပမွတင္သြင္းျခင္း ျဖစ္ပါက-

Opera Snapshot 2019 12 24 170503 www.mopf.gov.mm

 

ျပည္တြင္း၌ ထုတ္လုပ္ေရာင္းခ်ျခင္းျဖစ္ပါက စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနက ေဖာ္ျပေသာ ေရာင္းေဈးတန္ဖိုးႏွင့္ ေဈးကြက္ေပါက္ေဈးအေပၚ အေျချပဳ၍ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနစီမံခန႔္ခြဲမႈေကာ္မတီက ခန႔္မွန္းသတ္မွတ္သည့္ ေရာင္းေဈးတန္ဖိုး၊ ယင္းတန္ဖိုးႏွစ္ရပ္အနက္မ်ားရာ တန္ဖိုးေငြအေပၚတြင္ အထူးကုန္စည္ခြန္ က်သင့္ပါမည္။

ျပည္ပသို႔တင္ပို႔ျခင္း ျဖစ္ပါက-

Opera Snapshot 2019 12 24 170518 www.mopf.gov.mm

 

အခြန္ေပးေဆာင္ျခင္း >>> က်သင့္အထူးကုန္စည္ခြန္ကို သတ္မွတ္ေန႔ရက္မ်ားအတြင္း ေပးေဆာင္ရပါ မည္။

ျပည္ပမွတင္သြင္းျခင္းျဖစ္ပါက ကုန္စည္ကို ေ႐ြးယူျခင္းမျပဳမီ က်သင့္အေကာက္ခြန္ႏွင့္အတူ ေပးေဆာင္ရပါမည္။ ျပည္တြင္း၌ ထုတ္လုပ္ေရာင္းခ်ျခင္းျဖစ္ပါက ​ေရာင္းခ်သည့္လကုန္ဆုံးၿပီး ၁၀ ရက္အတြင္း ေပးေဆာင္ရပါမည္။

က်သင့္အခြန္ေပးေဆာင္ထားျခင္းမရွိသည့္ အထူးကုန္စည္မ်ားကို ဝယ္ယူ​​ေရာင္းခ်ျခင္း၊ အခြန္အမွတ္တံဆိပ္ကပ္ႏွိပ္ေရာင္းခ်ရန္ သတ္မွတ္ထားသည့္ စီးကရက္အမ်ိဳးမ်ိဳး၊ အရက္အမ်ိဳးမ်ိဳး၊ ဝိုင္အမ်ိဳးမ်ိဳး၊ အစရွိသည့္ အထူးကုန္စည္မ်ားကို အမွတ္တံဆိပ္ကပ္ႏွိပ္ထားျခင္း မရွိပါက ဝယ္ယူျခင္း၊ ေရာင္းခ်ျခင္းမျပဳၾကရန္ အထူးသတိျပဳရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးထားပါသည္။

Source: IRD

Read times
Rate this item
(0 votes)