Taxation



ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် ဝင်ငွေခွန်အမျိုးအစားများ

ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် ဝင်ငွေခွန်အမျိုးအစားများ google

ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်များကို ကောက်ခံလျက်ရှိပါတယ်။

၎င်းအခွန်များထဲမှ ဝင်ငွေခွန်အမျိုးအစားမျာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လစာငွေ
(၂) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှဝင်ငွေ
(၃) စီးပွားရေးလုပ်ငန်းမှဝင်ငွေ
(၄) ပစ္စည်းငှားရမ်းခဝင်ငွေ
(၅) အခြေပစ္စည်းမှမြတ်စွန်းငွေ
(၆) စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေ
(၇) အခြားရလမ်းများမှဝင်ငွေ

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ
*******************************
အခြေခံသက်သာခွင့် (စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)
အတူနေမိဘအတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ် တစ်ဆယ်သိန်းစီ)
အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် သက်သာခွင့် (ကျပ်တစ်ဆယ်သိန်း)
သားသမီးအတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ်ငါးသိန်းစီ)
အသက်အာမခံအတွက်ပေးရသည့် ပရီမီယံ (အခွန်ထမ်းနှင့် အိမ်ထောင်ဖက်အတွက်)
လူမှုဖူလုံရေးရန်ပုံငွေသို့ ထည့်ဝင်ငွေ (အခွန်ထမ်းအတွက်သာ)

ဝင်ငွေခွန်နှုန်းထားအလိုက် ပေးဆောင်ရမည့် အခွန်နှုန်းဇယား

Opera Snapshot 2019 12 24 142650 www.mopf.gov.mm

 

(၁) လစာဝင်ငွေ
မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဖြစ်သည်။

လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် (၄၈) သိန်းအထိ ရရှိသူဖြစ်လျှင် လစာဝင်ငွေခွန် ပေးဆောင်ရန်မလိုပါ။ တစ်နှစ်စုစုပေါင်း လစာဝင်ငွေ ကျပ် (၄၈) သိန်းထက်ကျော်လွန်ပါက စုစုပေါင်းဝင်ငွေမှ သက်သာခွင့်များကို နှုတ်ပယ်ပြီး ကျန်ရှိသော အခွန်စည်းကြပ်ရန်ဝင်ငွေအား ဝင်ငွေအလွှာလိုက် ဝင်ငွေခွန်စည်းကြပ်ရန်နှုန်းထားများအတိုင်း တွက်ချက်ပေးဆောင်ရမည် ဖြစ်ပါသည်။ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားဖြစ်လျှင် အထက်ဖော်ပြပါ သက်သာခွင့်များ နှုတ်ပယ်ခွင့်ပြုပေးမှာ ဖြစ်ပါသည်။ ပြည်ပနေနိုင်ငံသားများ၏ ပြည်ပတွင် ရရှိသည့် လစာအပေါ်တွင် လစာဝင်ငွေခွန်ကို မြန်မာနိုင်ငံမှ (၁-၁-၂၀၁၂) နေ့မှစ၍ ကင်းလွတ်ခွင့်ပြုထားပါသည်။

(၂) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေ

အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဆိုသည်မှာ မိမိကျွမ်းကျင်သည့်လုပ်ငန်းကို ဝန်ဆောင်ခရယူ၍ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုတစ်ရပ်ဖြစ်ပါသည်။ ဥပမာ- ဆရာဝန်၊ သူနာပြုဆရာမ၊ ရှေ့နေ၊ အင်ဂျီနီယာ၊ ဗိသုကာပညာရှင်၊ အနုပညာသည်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ စာရင်းကိုင်၊ စာရင်းစစ် စသည့်ပညာရှင်တို့က အခကြေးငွေယူပြီးဆောင်ရွက်သည့် ဝန်ဆောင်မှုလုပ်ငန်းကို ဆိုလိုပါသည်။

မိမိတတ်ကျွမ်းသည့် ပညာကိုအခြေခံပြီး လုပ်ကိုင်ခြင်းမှာ မှန်သော်လည်း နေ့စဉ် (သို့မဟုတ်) လစဉ် ပုံသေလုပ်ခ (သို့မဟုတ်) လစာရယူ၍ လုပ်ကိုင်ခြင်းဖြစ်လျှင် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေမဟုတ်ဘဲ “လစာ” မှ ဝင်ငွေသာဖြစ်သည်။

အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကို ကိုယ်တိုင်မလုပ်ကိုင်ဘဲ အခြားသူအား ငှားရမ်းလုပ်ကိုင်လျှင် ထိုလုပ်ငန်းဝင်ငွေမှာ ”စီးပွားရေးလုပ်ငန်း” မှ ဝင်ငွေသာဖြစ်ပါသည်။

(၃) စီးပွားရေးလုပ်ငန်းမှဝင်ငွေ

ဝင်ငွေများရရှိရန် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများမှ ဝင်ငွေဖြစ်သည့် ကုန်ထုတ်လုပ်ရောင်းချခြင်း၊ ကုန်ပစ္စည်းများ တင်သွင်းရောင်းချခြင်း/ ဝယ်ယူရောင်းချခြင်း ဝန်ဆောင်မှု ဆောင်ရွက်ခြင်း လုပ်ကိုင်များလုပ်ကိုင်ခြင်းမှ ဝင်ငွေတို့အပြင်၊ ငွေချေးသက်သေခံ လက်မှတ်များကို စီးပွားရေးလုပ်ငန်းသဖွယ်လုပ်ကိုင်ခြင်းနှင့် အတိုးရရန် ရင်းနှီးမြှုပ်နှံခြင်းတို့မှ ဝင်ငွေအပေါ် စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေ ခေါင်းစဉ်ဖြင့် အခွန်ပေးဆောင်ရမည်။

(၄) ပစ္စည်းငှားရမ်းခဝင်ငွေ

မည်သူမဆို မိမိပိုင် သို့မဟုတ် ကိုယ်ပိုင်မဟုတ်ဘဲ ထပ်ဆင့်ငှားရမ်းထားသည့်မြေ (သို့မဟုတ်) မြေနှင့် အဆောက်အအုံ (သို့မဟုတ်) အခန်းငှားရမ်းခြင်းတို့မှရရှိသော စုစုပေါင်းငှားရမ်းခရငွေအပေါ် ပစ္စည်းငှားရမ်းခဝင်ငွေခေါင်းစဉ်ဖြင့် အခွန်ပေးဆောင်ရမည်။

ငှားရမ်းခရငွေမှာ အမှန်ရရှိသည့် ငှားရမ်းခ (သို့မဟုတ်) ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း၏ ရာဖြတ်နှုန်း ထိုနှစ်ရပ်အနက် များရာကို သတ်မှတ်မည်ဖြစ်သည်။

(၅) အခြေပစ္စည်းမှမြတ်စွန်းငွေ

မည်သူမဆို နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းဖြစ်သည့် ရွေ့ပြောင်းနိုင်သည့် ယာဉ်၊ အစုရှယ်ယာ၊ မ- တည် ပစ္စည်းအစရှိသည်တို့နှင့် မရွေ့ပြောင်းနိုင်သည့် အိမ်၊ မြေ၊ အဆောက်အဦ၊ ယင်းတို့၏ အခန်းများ၊ မ- တည် ပစ္စည်း အစရှိသည်တို့ကို တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်လျှင် ပြည်ထောင်စုအခွန်အကောက်ဥပဒေဖြင့် နှစ်စဉ်ပြဌာန်းထားသည့် ရောင်းရငွေနှင့် မြတ်စွန်းငွေပမာဏထက် ကျော်လွန်ပါက အခြေပစ္စည်းမှ မြတ်စွန်းငွေအဖြစ် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပြီး ထိုသို့ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း အခြေပစ္စည်းမှ မြတ်စွန်းငွေအပေါ် ကျသင့်အခွန်ကို ခန့်မှန်းတွက်ချက်ပေးသွင်းရမည်။

မြန်မာနိုင်ငံရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်သော ကုမ္ပဏီမှအပဖြစ်သည့် ပုဂ္ဂိုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။

ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ကျသင့်အခွန်ကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။ မြန်မာနိုင်ငံရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်သော ကုမ္ပဏီဖြစ်ပါက အောက်တွင်မြတ်စွန်းငွေနှင့် ယှဉ်တွဲဖော်ပြထားသော အခွန်နှုန်းများအတိုင်း ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်-

Opera Snapshot 2019 12 24 144950 www.mopf.gov.mm

 

(၆) စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ

မည်သူမဆို မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျမဖြေရှင်းနိုင်သည့် မရွေ့မပြောင်းနိုင်သည့် ပစ္စည်း သို့မဟုတ် ငွေအပါအဝင်ဖြစ်သော ရွေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်းတန်ဖိုး သို့မဟုတ် အသုံးပြုသည့်ငွေအပေါ် အခွန်ထမ်းဆောင်ရမည်ဖြစ်သည်။

ယင်းစည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က အရ သက်သာခွင့်များမနုတ်မီ ၃၀ ရာခိုင်နှုန်း အခွန်ကျသင့်ပါသည်။

ယင်းစည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေနှင့် စပ်လျဉ်း၍ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ဝင်ငွေရလမ်း အတိအကျမတင်ပြနိုင်လျှင် ဝင်ငွေခွန်ကျသင့်မည်ဖြစ်ပါသည်။

(၇) အခြားရလမ်းများမှဝင်ငွေ

အထက်ဖော်ပြပါ ဝင်ငွေခေါင်းစဉ်များနှင့် အကျုံးမဝင်သောဝင်ငွေကို အခြားရလမ်းများမှ ဝင်ငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်။

ယင်းခေါင်းစဉ်မှ ဝင်ငွေကို တွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျသည့်စရိတ်များ နှုတ်ပယ်ပြီး၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များကို နုတ်ပြီး၊ ကျန်ဝင်ငွေအပေါ် ဝင်ငွေလွှာလိုက် ဝင်ငွေခွန်စည်းကြပ်ရန်နှုန်းထားများအတိုင်း တွက်ချက်ပေးဆောင်ရမည်။

Source: IRD

 

>>>Zawgyi<<<

ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ေကာက္ခံလ်က္ရွိသည့္ ဝင္ေငြခြန္အမ်ိဳးအစားမ်ား

ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္၊ အထူးကုန္စည္ခြန္၊ တံဆိပ္ေခါင္းခြန္၊ ေအာင္ဘာေလသိန္းဆုခြန္မ်ားကို ေကာက္ခံလ်က္ရွိပါတယ္။

၎အခြန္မ်ားထဲမွ ဝင္ေငြခြန္အမ်ိဳးအစားမ်ာကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁) လစာေငြ
(၂) အသက္ေမြးဝမ္းေက်ာင္းပညာလုပ္ငန္းမွဝင္ေငြ
(၃) စီးပြားေရးလုပ္ငန္းမွဝင္ေငြ
(၄) ပစၥည္းငွားရမ္းခဝင္ေငြ
(၅) အေျခပစၥည္းမွျမတ္စြန္းေငြ
(၆) စည္းၾကပ္မႈမွ လြတ္ကင္းေနေသာဝင္ေငြ
(၇) အျခားရလမ္းမ်ားမွဝင္ေငြ

ဝင္ေငြခြန္ဥပေဒပုဒ္မ ၆ အရ သက္သာခြင့္မ်ား
*******************************
အေျခခံသက္သာခြင့္ (စုစုေပါင္းဝင္ေငြ၏ ၂၀ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၁၀၀ ထက္မပိုေစရ)
အတူေနမိဘအတြက္ သက္သာခြင့္ (တစ္ဦးလွ်င္ က်ပ္ တစ္ဆယ္သိန္းစီ)
အိမ္ေထာင္ဖက္တစ္ဦးအတြက္သာလွ်င္ သက္သာခြင့္ (က်ပ္တစ္ဆယ္သိန္း)
သားသမီးအတြက္ သက္သာခြင့္ (တစ္ဦးလွ်င္ က်ပ္ငါးသိန္းစီ)
အသက္အာမခံအတြက္ေပးရသည့္ ပရီမီယံ (အခြန္ထမ္းႏွင့္ အိမ္ေထာင္ဖက္အတြက္)
လူမႈဖူလုံေရးရန္ပုံေငြသို႔ ထည့္ဝင္ေငြ (အခြန္ထမ္းအတြက္သာ)

ဝင္ေငြခြန္ႏႈန္းထားအလိုက္ ေပးေဆာင္ရမည့္ အခြန္ႏႈန္းဇယား

Opera Snapshot 2019 12 24 142650 www.mopf.gov.mm

 

(၁) လစာဝင္ေငြ
မည္သူမဆို အလုပ္ရွင္ထံမွ မိမိရရွိသည့္ သို႔မဟုတ္ ရရန္ရွိသည့္ လစာ၊ လုပ္ခ၊ ႏွစ္စဥ္ေၾကး၊ ဆုေၾကး၊ ခ်ီးျမွင့္ေငြ၊ လစာႏွင့္ လုပ္ခအစား သို႔မဟုတ္ ယင္းတို႔အျပင္ ထပ္ေဆာင္းရရွိသည့္ အခေၾကးေငြ၊ ေကာ္မရွင္တို႔အတြက္ လစာေခါင္းစဥ္ျဖင့္ အခြန္ထမ္းေဆာင္ရမည္ျဖစ္သည္။

လစာမွ ႏွစ္တစ္ႏွစ္အတြင္း ဝင္ေငြ က်ပ္ (၄၈) သိန္းအထိ ရရွိသူျဖစ္လွ်င္ လစာဝင္ေငြခြန္ ေပးေဆာင္ရန္မလုိပါ။ တစ္ႏွစ္စုစုေပါင္း လစာဝင္ေငြ က်ပ္ (၄၈) သိန္းထက္ေက်ာ္လြန္ပါက စုစုေပါင္းဝင္ေငြမွ သက္သာခြင့္မ်ားကို ႏႈတ္ပယ္ၿပီး က်န္ရွိေသာ အခြန္စည္းၾကပ္ရန္ဝင္ေငြအား ဝင္ေငြအလႊာလိုက္ ဝင္ေငြခြန္စည္းၾကပ္ရန္ႏႈန္းထားမ်ားအတိုင္း တြက္ခ်က္ေပးေဆာင္ရမည္ ျဖစ္ပါသည္။ ျပည္တြင္းေနႏုိင္ငံသားႏွင့္ ျပည္တြင္းေနႏိုင္ငံျခားသားျဖစ္လွ်င္ အထက္ေဖာ္ျပပါ သက္သာခြင့္မ်ား ႏႈတ္ပယ္ခြင့္ျပဳေပးမွာ ျဖစ္ပါသည္။ ျပည္ပေနႏုိင္ငံသားမ်ား၏ ျပည္ပတြင္ ရရွိသည့္ လစာအေပၚတြင္ လစာဝင္ေငြခြန္ကို ျမန္မာႏုိင္ငံမွ (၁-၁-၂၀၁၂) ေန႔မွစ၍ ကင္းလြတ္ခြင့္ျပဳထားပါသည္။

(၂) အသက္ေမြးဝမ္းေက်ာင္းပညာလုပ္ငန္းမွ ဝင္ေငြ

အသက္ေမြးဝမ္းေက်ာင္းပညာလုပ္ငန္းဆုိသည္မွာ မိမိကၽြမ္းက်င္သည့္လုပ္ငန္းကို ဝန္ေဆာင္ခရယူ၍ ေဆာင္ရြက္ေပးသည့္ ဝန္ေဆာင္မႈတစ္ရပ္ျဖစ္ပါသည္။ ဥပမာ- ဆရာဝန္၊ သူနာျပဳဆရာမ၊ ေရွ႕ေန၊ အင္ဂ်ီနီယာ၊ ဗိသုကာပညာရွင္၊ အႏုပညာသည္၊ စာေရးဆရာ၊ ပန္းခ်ီဆရာ၊ စာရင္းကိုင္၊ စာရင္းစစ္ စသည့္ပညာရွင္တို႔က အခေၾကးေငြယူၿပီးေဆာင္ရြက္သည့္ ဝန္ေဆာင္မႈလုပ္ငန္းကို ဆုိလုိပါသည္။

မိမိတတ္ကြၽမ္းသည့္ ပညာကိုအေျခခံၿပီး လုပ္ကိုင္ျခင္းမွာ မွန္ေသာ္လည္း ေန႔စဥ္ (သို႔မဟုတ္) လစဥ္ ပုံေသလုပ္ခ (သို႔မဟုတ္) လစာရယူ၍ လုပ္ကိုင္ျခင္းျဖစ္လွ်င္ အသက္ေမြးဝမ္းေက်ာင္းပညာလုပ္ငန္းမွ ဝင္ေငြမဟုတ္ဘဲ “လစာ” မွ ဝင္ေငြသာျဖစ္သည္။

အသက္ေမြးဝမ္းေက်ာင္းပညာလုပ္ငန္းကို ကိုယ္တိုင္မလုပ္ကိုင္ဘဲ အျခားသူအား ငွားရမ္းလုပ္ကိုင္လွ်င္ ထိုလုပ္ငန္းဝင္ေငြမွာ ”စီးပြားေရးလုပ္ငန္း” မွ ဝင္ေငြသာျဖစ္ပါသည္။

(၃) စီးပြားေရးလုပ္ငန္းမွဝင္ေငြ

ဝင္ေငြမ်ားရရွိရန္ စီးပြားျဖစ္လုပ္ကိုင္ေဆာင္႐ြက္သည့္ လုပ္ငန္းမ်ားမွ ဝင္ေငြျဖစ္သည့္ ကုန္ထုတ္လုပ္ေရာင္းခ်ျခင္း၊ ကုန္ပစၥည္းမ်ား တင္သြင္းေရာင္းခ်ျခင္း/ ဝယ္ယူေရာင္းခ်ျခင္း ဝန္ေဆာင္မႈ ေဆာင္႐ြက္ျခင္း လုပ္ကိုင္မ်ားလုပ္ကိုင္ျခင္းမွ ဝင္ေငြတို႔အျပင္၊ ေငြေခ်းသက္ေသခံ လက္မွတ္မ်ားကို စီးပြားေရးလုပ္ငန္းသဖြယ္လုပ္ကိုင္ျခင္းႏွင့္ အတိုးရရန္ ရင္းႏွီးျမႇဳပ္ႏွံျခင္းတို႔မွ ဝင္ေငြအေပၚ စီးပြားေရးလုပ္ငန္းမ်ားမွ ဝင္ေငြ ေခါင္းစဥ္ျဖင့္ အခြန္ေပးေဆာင္ရမည္။

(၄) ပစၥည္းငွားရမ္းခဝင္ေငြ

မည္သူမဆို မိမိပိုင္ သို႔မဟုတ္ ကိုယ္ပိုင္မဟုတ္ဘဲ ထပ္ဆင့္ငွားရမ္းထားသည့္ေျမ (သို႔မဟုတ္) ေျမႏွင့္ အေဆာက္အအုံ (သို႔မဟုတ္) အခန္းငွားရမ္းျခင္းတို႔မွရရွိေသာ စုစုေပါင္းငွားရမ္းခရေငြအေပၚ ပစၥည္းငွားရမ္းခဝင္ေငြေခါင္းစဥ္ျဖင့္ အခြန္ေပးေဆာင္ရမည္။

ငွားရမ္းခရေငြမွာ အမွန္ရရွိသည့္ ငွားရမ္းခ (သို႔မဟုတ္) ေဒသဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္း၏ ရာျဖတ္ႏႈန္း ထိုႏွစ္ရပ္အနက္ မ်ားရာကို သတ္မွတ္မည္ျဖစ္သည္။

(၅) အေျခပစၥည္းမွျမတ္စြန္းေငြ

မည္သူမဆို ႏွစ္တစ္ႏွစ္အတြင္း အေျခပစၥည္းျဖစ္သည့္ ေ႐ြ႕ေျပာင္းႏိုင္သည့္ ယာဥ္၊ အစုရွယ္ယာ၊ မ- တည္ ပစၥည္းအစရွိသည္တို႔ႏွင့္ မေ႐ြ႕ေျပာင္းႏိုင္သည့္ အိမ္၊ ေျမ၊ အေဆာက္အဦ၊ ယင္းတို႔၏ အခန္းမ်ား၊ မ- တည္ ပစၥည္း အစရွိသည္တို႔ကို တစ္ခု သို႔မဟုတ္ တစ္ခုထက္ပို၍ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း သို႔မဟုတ္ အျခားတစ္နည္းနည္းျဖင့္ လႊဲေျပာင္းျခင္းျပဳလုပ္လွ်င္ ျပည္ေထာင္စုအခြန္အေကာက္ဥပေဒျဖင့္ ႏွစ္စဥ္ျပဌာန္းထားသည့္ ေရာင္းရေငြႏွင့္ ျမတ္စြန္းေငြပမာဏထက္ ေက်ာ္လြန္ပါက အေျခပစၥည္းမွ ျမတ္စြန္းေငြအျဖစ္ ဝင္ေငြခြန္ေပးေဆာင္ရမည္ျဖစ္ၿပီး ထိုသို႔ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း သို႔မဟုတ္ အျခားတစ္နည္းနည္းျဖင့္ လႊဲေျပာင္းျခင္းျပဳသည့္ေန႔ရက္မွ ရက္ေပါင္း ၃၀ အတြင္း အေျခပစၥည္းမွ ျမတ္စြန္းေငြအေပၚ က်သင့္အခြန္ကို ခန႔္မွန္းတြက္ခ်က္ေပးသြင္းရမည္။

ျမန္မာႏိုင္ငံေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ ပါဝင္လုပ္ကိုင္​ေသာ ကုမၸဏီမွအပျဖစ္သည့္ ပုဂၢဳိလ္စုမ်ား သို႔မဟုတ္ တစ္ဦးခ်င္းပုဂၢိဳလ္ျဖစ္ပါက ျမတ္စြန္းသည့္ က်ပ္ေငြ သို႔မဟုတ္ ႏိုင္ငံျခားေငြအေပၚ ၁၀ ရာခိုင္ႏႈန္းျဖင့္ ဝင္ေငြခြန္စည္းၾကပ္ရမည္။

ျပည္ပေနႏိုင္ငံျခားသားျဖစ္ပါက က်သင့္အခြန္ကို ရရွိသည့္ ေငြေၾကးအမ်ိဳးအစားျဖင့္ ေပးေဆာင္ရမည္။ ျမန္မာႏိုင္ငံေရနံႏွင့္ သဘာဝဓါတ္ေငြ႕က႑တြင္ ပါဝင္လုပ္ကိုင္ေသာ ကုမၸဏီျဖစ္ပါက ေအာက္တြင္ျမတ္စြန္းေငြႏွင့္ ယွဥ္တြဲေဖာ္ျပထားေသာ အခြန္ႏႈန္းမ်ားအတိုင္း ရရွိသည့္ ေငြေၾကးအမ်ိဳးအစားျဖင့္ ဝင္ေငြခြန္စည္းၾကပ္ရမည္-

Opera Snapshot 2019 12 24 144950 www.mopf.gov.mm

 

(၆) စည္းၾကပ္မႈမွလြတ္ကင္းေနေသာဝင္ေငြ

မည္သူမဆို မိမိမည္ကဲ့သို႔ ရရွိခဲ့သည္ကို အတိအက်မေျဖရွင္းႏိုင္သည့္ မေ႐ြ႕မေျပာင္းႏိုင္သည့္ ပစၥည္း သို႔မဟုတ္ ေငြအပါအဝင္ျဖစ္ေသာ ေ႐ြ႕ေျပာင္းႏိုင္သည့္ ပစၥည္းတစ္ရပ္ရပ္အတြက္ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြေခါင္းစဥ္ျဖင့္ ယင္းပစၥည္းတန္ဖိုး သို႔မဟုတ္ အသုံးျပဳသည့္ေငြအေပၚ အခြန္ထမ္းေဆာင္ရမည္ျဖစ္သည္။

ယင္းစည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ဝင္ေငြအေပၚ ဝင္ေငြခြန္ဥပေဒပုဒ္မ ၆ ႏွင့္ ၆-က အရ သက္သာခြင့္မ်ားမႏုတ္မီ ၃၀ ရာခိုင္ႏႈန္း အခြန္က်သင့္ပါသည္။

ယင္းစည္းၾကပ္မႈမွ လြတ္ကင္းေနေသာဝင္ေငြႏွင့္ စပ္လ်ဥ္း၍ အသုံးျပဳသည့္ ဝင္ေငြအားလုံးအေပၚ ဝင္ေငြရလမ္း အတိအက်တင္ျပႏိုင္ပါက ဝင္ေငြခြန္ထမ္းေဆာင္ရန္မလိုပါ။ ဝင္ေငြရလမ္း အတိအက်မတင္ျပႏိုင္လွ်င္ ဝင္ေငြခြန္က်သင့္မည္ျဖစ္ပါသည္။

(၇) အျခားရလမ္းမ်ားမွဝင္ေငြ

အထက္ေဖာ္ျပပါ ဝင္ေငြေခါင္းစဥ္မ်ားႏွင့္ အက်ဳံးမဝင္ေသာဝင္ေငြကို အျခားရလမ္းမ်ားမွ ဝင္ေငြေခါင္းစဥ္ျဖင့္ အခြန္ထမ္းေဆာင္ရမည္။

ယင္းေခါင္းစဥ္မွ ဝင္ေငြကို တြက္ခ်က္ရာတြင္ ဝင္ေငြရရွိရန္ ကုန္က်သည့္စရိတ္မ်ား ႏႈတ္ပယ္ၿပီး၊ ဝင္ေငြခြန္ဥပေဒပုဒ္မ ၆ အရ သက္သာခြင့္မ်ားကို ႏုတ္ၿပီး၊ က်န္ဝင္ေငြအေပၚ ဝင္ေငြလႊာလိုက္ ဝင္ေငြခြန္စည္းၾကပ္ရန္ႏႈန္းထားမ်ားအတိုင္း တြက္ခ်က္ေပးေဆာင္ရမည္။

Source: IRD

Read times
Rate this item
(0 votes)