Taxation



၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ google

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် (၁၀၂၉.၄၉၃) ဘီလီယံဖြစ်တဲ့အတွက် လျာထားချက်၏ (၁၅.၄၆) % ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း သိရပါတယ်။

အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် (၁၀၇.၃၁၆) ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် (ဝ.၂၇၂) ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် (၉၂၁.၉၀၅) ဘီလီယံ ပါဝင်ကြောင်း သိရှိရပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုဝင်ဘာလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေမှာ ဝင်ငွေခွန် ကျပ် (၄၁၂.၁၁၀) ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် (၂၉၄.၈၁၄) ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် (၂၈၂.၆၄၁) ဘီလီယံ၊ ရတနာခွန် ကျပ် (၁.၈၅၄) ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် (၁၂.၅၉၁) ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် (၂၅.၄၈၃) ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါတယ်။

Opera Snapshot 2019 12 21 140432 www.ird.gov.mm

Zawgyi





Read times Last modified on Saturday, 21 December 2019 14:24
Rate this item
(0 votes)