Taxation



၂၀၁၈-၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းရှင်များ ထုတ်ပြန်

၂၀၁၈-၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းရှင်များ ထုတ်ပြန် google

၂၀၁၈-၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းများစာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် ပြည်တွင်းကုမ္ပဏီများတွင် Europe & Asia Commerical Co.,Ltd နှင့် Myanma EconomicHoldings အများပိုင်ကုမ္ပဏီ (မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီ) တို့က ကျပ် (၂၀) ဘီလီယံအထက်ဖြင့် အများဆုံး အခွန်ထမ်းဆောင်ထားခဲ့ပါတယ်။

နိုင်ငံခြားကုမ္ပဏီများတွင် Moattama Gas Transpotation Co., Ltd က ကျပ်သန်း (၁၀၀၀၀၀) အထက်နဲ့ Telenor Myanmar Ltd က ကျပ်သန်း (၈၀၀၀၀) အထက်ဖြင့် အများဆုံး အခွန်ထမ်းဆောင်ထားခဲ့ပါတယ်။

၂၀၁၈-၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်ကြတဲ့ ပြည်တွင်းလုပ်ငန်းရှင် (၁၀) ဦးကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။

78417709 2842521002446471 1504436325489573888 n

ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် နိုင်ငံခြားလုပ်ငန်းရှင် (၁၀) ဦးမှာ Moattama Gas Transpotation Co., Ltd၊ Telenor Myanmar Ltd၊ Taninthayi Pipeline Company LLC၊ Myanmar Yang Tse Copper Ltd၊ Myanmar Brewery Ltd၊ Unocal Myanmar Offshore Co.,Ltd၊ Nippon Oil Exploration (Myanmar) Ltd၊ ( Petronas Carigali Myanmar Inc၊ Virginia Tobacco Co., Ltd တို့ဖြစ်ပါတယ်။

ဝင်ငွေခွန်ထမ်းဆောင်သည့် စာရင်းများတွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇-၁၈ စည်းကြပ်နှစ်က ဝင်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့တဲ့ Kanbawza Bank Ltd ဟာ ၂၀၁၈-၁၉ စည်းကြပ်နှစ်မှာတော့ အဆင့်(၇) နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ မနှစ်က အဆင့်(၇၂) နေရာမှာရှိတဲ့ Europe & Asia Commercial Co.,Ltd ဟာ အခုနှစ်မှာတော့ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

၂၀၁၇-၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့် ပြည်တွင်းလုပ်ငန်းရှင် (၁၀) ဦး

Screenshot from 2019 12 06 14 14 59

၂၀၁၈-၁၉ စည်းကြပ်နှစ်အတွက် အခွန်အများဆုံးပေးကြတဲ့လုပ်ငန်းတွေထဲမှာ Trading ၊ Telecommunication ၊ Manufacturing နဲ့ Services လုပ်ငန်းတွေက အခွန်ပိုမိုပေးဆောင်ကြတာ တွေ့ရပါတယ်။

Source: Internal Revenue Department

 

>>>Zawgyi<<<


၂၀၁၈-၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များစာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။





 





 



Read times Last modified on Friday, 31 January 2020 17:02
Rate this item
(0 votes)